images
UN
UN
စိုက်တဲ့စိုက်စရိတ်နဲ့ ရောင်းရတဲ့စပါးနဲ့ မကိုက်ညီလို့ရှိရင် တောင်သူတွေဘယ်လိုမှ နာလန်ထူနိုင်မှာမဟုတ်ဘူး
ဆုမင်းကို Friday, 24 May 2019
ရန်ကုန်တိုင်းဒေသကြီး တောင်သူလယ်သမားများ တွေ့ဆုံပွဲအခမ်းအနားကို မေ ၂ဝ ရက် နံနက် ၉ နာရီက သန်လျင်မြို့နယ် သူဌေးကွင်းစံပြကျေးရွာတွင်ပြုလုပ်ခဲ့ပြီး ယင်းတွေ့ဆုံပွဲသို့ ကျေးရွာအသီးသီးမှ တက်ရောက်လာကြ သော တောင်သူလယ်သမားများအား တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
မေး။ တောင်သူလယ်သမားတွေ့ဆုံပွဲ လုပ်တာကို ဘယ်လိုမြင်မိလဲ။
ဖြေ။ တောင်သူလယ်သမား တွေ့ဆုံပွဲ မှာ ကျွန်တော်တို့ တောင်သူတွေရဲ့
လိုအပ်ချက်တွေကို ကျွန်တော်တို့ အစိုးရ သိအောင် ဒီလိုတွေ့ဆုံပွဲလေးလုပ်ခြင်း ဖြစ်ပါတယ်။ တောင်သူလယ်သမားတွေ ရဲ့ အဓိကလိုအပ်ချက်က စိုက်ပျိုးစရိတ် ချေးငွေနဲ့ပတ်သက်ပြီးတော့လည်း လိုအပ် တယ်။ နောက် ဓာတ်မြေသြဇာတွေ လယ်ယာစိုက်ပျိုးရေးမှာ ကျွန်တော်တို့ ဓာတ်မြေသြဇာတို့ဘာတို့ အဓိကလိုအပ် ပါတယ်။ အထူးသဖြင့် စိုက်ပျိုးစရိတ် ချေးငွေနဲ့ ပတ်သက်လို့လိုအပ်လို့ရှိရင် ကျွန်တော်တို့ ဒီအထဲမှာ သန်လျင်မြို့နယ် ထဲက ရိုးသပြေကန်ကျေးရွာအုပ်စုဆိုရင် သူတို့ဆီမှာ M ပြေစာတွေရှိတယ်။ M ပြေစာဆိုတာ မမြဲပြေစာပေါ့။ ဒါနဲ့ပတ် သက်ပြီးတော့ ကျွန်တော်တို့ လွှတ်တော် မှာ ကျွန်တော်တင်ထားတယ်။ ကျွန်တော် ကိုယ်တိုင် လွှတ်တော်ကိုယ်စားလှယ်ပါ။ လွှတ်တော်မှာ ကျွန်တော်တို့အားလုံး ၁၃၇ ဦးလား မသိဘူး။ ပုံစံ (၇)ရရှိရေး ပေါ့။ အဲ့ဒါ ကျွန်တော်တို့က ၂ဝ၁၆ လောက်ကတည်းက တင်ထားတာ။ အခု အချိန်ထိမရသေးဘူးဗျာ။ သူတို့မှာ တော် တော် အခက်အခဲရှိတယ်။ ယခင်တုန်းက တော့ ဒီလူတွေက လွန်ခဲ့တဲ့ ၃၆ နှစ် ကတည်းက ဘိုးစဉ်ဘောင်ဆက် အလုပ် လုပ်လာခဲ့တာ။ အရင်တုန်းက M ပြေစာနဲ့ သူတို့ လယ်ခွန်တွေလည်းသွင်းတယ်။ စိုက်ပျိုးစရိတ်ချေးငွေတွေ M ပြေစာနဲ့ပဲ ရတယ်။ ပုံစံ(၇)ပြောင်းလာပြီးနောက်ပိုင်း မှာ အခုဒီဘက်အစိုးရလက်ထက်ကျတော့ ပုံစံ(၇)နဲ့မှ စိုက်ပျိုးစရိတ်ချေးငွေချေး လို့ရတယ်။ ချေးလို့ရတဲ့အခါကျတော့ ပုံစံ (၇) မရှိတဲ့ြ ပြေစာလယ်သမားတွေက မရတော့ဘူး။ အဲဒီတော့ စိုက်ပျိုးစရိတ်ရရှိ ရေးအတွက် ကူညီဆောင်ရွက်ပေးပါလို့ ပြောတဲ့အတွက် ကျွန်တော်ကိုယ်တိုင် လွှတ်တော်ထဲမှာ သေချာတင်ပြပေးတော့ ပြီးမှ M ပြေစာသမားတွေကို ပုံစံ(၇)ရရှိ ရေးအတွက် ဆောင်ရွက်ပေးဖို့တင်ပြခဲ့ တယ်။ အဲဒီတော့ လိုအပ်တဲ့အချက် အလက်တွေ လိုအပ်တဲ့တိုင်းတာမှုတွေ အကုန်လုံးလုပ်ပြီးပြီ။ ဒါပေမဲ့ အခုအချိန် ထိမရသေးဘူး။ အခက်အခဲဖြစ်နေ တယ်။
မေး။ လက်ရှိအချိန်မှာ စပါးဈေးနှုန်းကျ နေလို့ တောင်သူတွေ အခက်အခဲ
ဖြစ်နေတဲ့အပေါ် ဘယ်လိုမြင်မိလဲ။
ဖြေ။ မှန်တာပေါ့ဗျာ။ အဲ့ဒါကလည်း လိုအပ်ပါတယ်။ ကိုယ်စိုက်တဲ့စိုက်
စရိတ်နဲ့ ရောင်းရတဲ့စပါးနဲ့ မကိုက်ညီလို့ ရှိရင် တောင်သူတွေဘယ်လိုမှ နာလန်ထူ နိုင်မှာ မဟုတ်ဘူးပေါ့ဗျာ။ အကြွေးပါ် အကြွေးပိနေမှာ။ စိုက်စရိတ်ကလည်း ဒီ ခေတ်ဒီအခါမှာ အင်မတန် ဈေးကြီးပါ တယ်။ လုပ်သားလည်းအင်မတန်ရှားပါး လာတဲ့ခေတ်ဖြစ်တယ်။ ဘာလို့လဲဆို တော့ ဒီတောင်သူ လယ်သမားလုပ်သား တွေဟာ တော်တော်များများ စက်မှုလုပ် ငန်းတွေကို သွားနေကြတဲ့အခါကျတော့ တောင်သူဘက်မှာကတော့ လုပ်သား အခက်အခဲလည်းရှိပါတယ်။ စိုက်ပျိုးတဲ့ သူ ကျွန်တော်တို့ ရိတ်သိမ်းတဲ့အပိုင်းမှာ အလုပ်သမားအခက်အခဲအများကြီးရှိပါ တယ်။ နောက်တစ်ခုက တကယ်ကို တောင်သူတွေက ကျွန်တော်တို့ရိတ်သိမ်း တဲ့အခါကျရင် ဒီထွက်လာတဲ့ သီးနှံတွေ က ကျွန်တော်တို့ စိုက်စရိတ်နဲ့တန်တဲ့
ကျွန်တော်တို့ ဟိုပြန်ပြီးတော့ရောင်းတဲ့ ဈေးနှုန်းနုတ်ဖို့လိုပါတယ်။ တချို့ဆိုရင် အနှိမ်ခံလိုက်ရတာမျိုးရှိပါတယ်။ နောက် တစ်ခုက ကျွန်တော်တို့ နိုင်ငံမှာ စပါးမျိုး အဲ့ဒါလည်း အရေးကြီးတယ်။ မြေလည်း အရေးကြီးတယ်။ မြေလည်း သေချာ စနစ်တကျစီမံပြီးတော့ ဒါတွေကို သိပ္ပံ နည်းကျကျ ဆောင်ရွက်တဲ့နည်းတွေစနစ် တွေ အများကြီးလိုတယ်။ အလားတူပဲ။ မျိုးကျရင်လည်း ကျွန်တော်တို့ တောင်သူ တွေကို မျိုးကောင်းမျိုးသန့်တွေ ဖြန့်ပေး ဖို့လိုတယ်။ ထွက်နှုန်းတိုးတွေ ဖြန့်ပေးဖို့ လိုတယ်။ ဒါမှ ကျွန်တော်တို့ တောင်သူ တွေက လုပ်ရမှာ အကျိုးအမြတ်ရရှိမှာ ဖြစ်ပါတယ်။ အဲဒီတော့ မျိုးပိုင်းကလည်း အစိုးရဘက် ပံ့ပိုးပေးဖို့လိုတယ်။ နည်း ပညာ နည်းစနစ်ပိုင်းကိုလည်း တောင်သူ တွေသိရှိအောင် တော်တော်များများ ပံ့ပိုး ပေးရင်အဆင်ပြေမှာဖြစ်ပါတယ်။ နောက် တစ်ခုက ဈေးနှုန်း ဈေးကွက် တောင်သူ တွေထွက်ရှိလာတဲ့ စပါးကျရင် ဈေးကွက် ကို ဈေးနှုန်းပါ ပေါက်ဈေးနဲ့တော့ မှန်ပါ တယ်။ ဘာပဲဖြစ်ဖြစ်ဈေးကွက်စီးပွားရေး စနစ်မှာ ပေါက်ဈေးနဲ့ရောင်းကြ။ ကြိုက် ရောင်းကြိုက်ဝယ်ဆိုတာ မှန်ပါတယ်။ သို့သော်လည်း အချို့နေရာတွေမှာ အစိုးရ ကနေပြီးတော့ ပံ့ပိုးဆောင်ရွက်ရမယ့် အပိုင်းတွေရှိတယ်။ အစိုးရကနေ နိုင်ငံ တကာဈေးကွက်တွေကို ဖန်တီးပေးရ မယ်။ ရှာဖွေပေးရမယ်။ ပြည်တွင်းမှာ လည်း ဈေးအနှိမ်မခံရအောင် ဟုတ်လား ယခင်အစိုးရ လက်ထက်ကဆိုရင် ကျွန်တော်တို့ စပါးဈေးနှုန်း သုံးရာ လောက် ဟိုဒင်းပေါ့ သုံးသိန်းပေါ့။ တင်း တစ်ရာ သုံးသိန်းနဲ့ လုပ်ကြည့်တဲ့အခါ မှာ။ ကျွန်တော်တို့ စိုက်စရိတ်နဲ့ မကိုက် ညီဘူး။ ဒီအခြေခံမှာ ကျွန်တော်တို့ဆီက အစိုးရပိုင်းကနေပြီးတော့ အရင်တုန်းက ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဦးဝင်းမြင့် ဆိုရင် ပေါက်ဈေး သုံးသိန်းအောက်ဆိုရင် သုံးသိန်းခွဲဝယ်နိုင်မလား။ ဝယ်နိုင်မလား ဆိုပြီးတော့ သမ္မတကြီးက သူတို့ ညှိနှိုင်း ကြပါတယ်။ ဟာ ဝယ်လို့ရပါတယ်ဆိုပြီး တော့ အဲ့ဒါဆိုရင် မင်းသုံးသိန်းခွဲနဲ့ ဝယ် ပေး။ အဲဒီလို အစိုးရကနေ သုံးသိန်းခွဲနဲ့ ဝယ်ပေးလိုက်တဲ့အခါမှာစီးပွားရေးသမား ကုန်သည်တွေက သုံးသိန်းခွဲနဲ့ လိုက်ဝယ် တယ်။ ပြီးရင် သူက သုံးသိန်းခွဲနဲ့ ပိုပြီး တော့ လေးသိန်းဖြစ်လာတယ်။ ဈေးကို ပြိုင်ပြီးတက်လာအောင်လုပ်ပေးနိုင်တဲ့ အနေအထား ရှိပါတယ်။ ဒီခေတ်မှာ လည်း တောင်သူလယ်သမားတွေကို အစိုးရအနေနဲ့ ပြန်ကြည့်ပေးသင့်တယ်။ ဈေးနှုန်းတွေ တကယ်လို့ စပါးပေါ်ချိန် ကျရင် စပါးဈေးနှုန်း နိမ့်ကျမသွားအောင် စပါးဈေးကို နှိမ်ဝယ်လို့မရအောင် ကျွန်တော်တို့က ဖန်တီးပေးလို့ရပါတယ်။ အဲ့ဒီလိုပဲဆော်သြပေးလို့ရပါတယ်။
မေး။ အခုတောင်သူလယ်သမား တွေ့ဆုံ ပွဲကနေတောင်သူလယ်သမားတွေ
တင်ပြလာတဲ့အချက်တွေကို လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဘယ် လိုဆောင်ရွက်ပေးသွားမလဲ။
ဖြေ။ ကျွန်တော်တို့ ဒီက တင်ပြချက်တွေ ကိုတော့ကျွန်တော်တို့စုစည်းမယ်။
တောင်သူလယ်သမားတွေရဲ့အမှန်တကယ် လိုအပ်ချက်တွေကိုတော့ ကျွန်တော်တို့ ဒီကနေပြီးတော့ လွှတ်တော်ကိုလည်း တင်ပြမယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုလည်း တင်ပြဖို့အစီအစဉ်ရှိပါတယ်။ ဒီကနေတစ်ဆင့် ပြည်ထောင်စုလွှတ်တော် မှာလည်း မေးခွန်းတွေလည်း မေးသင့်ရင် မေးရမယ်။ အဆိုတင်သင့်ရင်လည်း တင် ရမယ်။ ဒါတွေကို ကျွန်တော်တို့ ကြည့်ပြီး တော့မှ ချိန်ဆပြီးတော့ ဆောင်ရွက်သွား မှာပါ။
မေး။ ဘာများဖြည့်စွက်ပြောချင်လဲ။
ဖြေ။ ကျွန်တော်တို့ နိုင်ငံဟာ အခုအချိန် ထိစိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံပဲ
ဖြစ်နေပါသေးတယ်။ ဒါကြောင့်မို့လို့ ဒီ အချိန်မှာ စိုက်ပျိုးရေးကို ကျွန်တော်တို့ တောင်သူတွေ လုပ်သာကိုင်သာရှိအောင် ထွက်လာတဲ့ ဈေးနှုန်းတွေ သင့်တင့်တဲ့ ဈေးနှုန်းတွေဖြစ်အောင် အစိုးရအနေနဲ့ လိုအပ်တဲ့ပံ့ပိုးမှုတွေ ပြုလုပ်ပေးသင့်တယ် လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။ ပံ့ပိုးပေးနိုင်အောင်လည်း ဆောင်ရွက်ပေး ဖို့ ကျွန်တော်မေတ္တာရပ်ခံပါတယ်။