images
UN
UN
မြန်မာနိုင်ငံအတွင်း နိုင်ငံခြားဘဏ်များမှ ဘဏ်လုပ်ငန်းဝန်ဆောင်ခြင်းကို ခွင့်ပြုပေးသွားမည်
Friday, 24 May 2019

နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးမှု ကို အထောက်အကူပြုစေမည့် ဘဏ်လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက် စေရန်အတွက် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားဘဏ်များမှဘဏ်လုပ်ငန်း ဝန်ဆောင်ခြင်းကိုခွင့်ပြုပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားဘဏ်ရွေးချယ်ရေးအဖွဲ့၏ ယနေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံခြားဘဏ်ရွေးချယ်ရေး အဖွဲ့ကနိုင်ငံခြားဘဏ်များကို စိစစ် ရွေးချယ်ရာ၌ မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ထားသည့် နိုင်ငံတကာ အကြံပေးကုမ္ပဏီတစ်ခုကို ငှားရမ်း ၍ အကြံပေးသည့်ဝန်ဆောင်မှုကိုရ ယူမည်ဖြစ်ကြောင်း၊ ၂ဝ၁၉ခုနှစ် မေ ၁၆ ရက်တွင် ကျင်းပသော နိုင်ငံခြားဘဏ်ရွေးချယ်ရေးအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၄)မှ အဆိုပါကိစ္စနှင့်ပတ်သက်၍ အကြံ ပေးကုမ္ပဏီများသို့ ပေးပို့မည့်အဆို ပြုချက်တောင်းခံလွှာကို အတည်ပြု ခဲ့ပြီး ယင်းအဆိုပြုတောင်းခံလွှာကို မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ထား သည့်အကြံပေးကုမ္ပဏီရှစ်ခုကိုပေး ပို့ရန်စီစဉ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အတည်ပြုထားသည့် အဆိုပြုချက်တောင်းခံလွှာများက Deloitte Touche Myanmar Vigour Advisory Limited ၊ Pricewaterhouse Coopers (PWC) Myanmar Co.,Ltd၊ EYUTW Advisory Limited ၊ KPMG Advisory (Myanmar) Ltd ၊Roland Berger Co.,Ltd ၊ Allen & Gledhill Co.,Ltd ၊Rajah & Tann NK Legal Co.,Ltd ၊ Baker & Mckenzie Co., Ltd စသည့်ကုမ္ပဏီ ရှစ်ခုသို့ ယမန်နေ့က ပေးပို့ခဲ့ကြောင်း သိရ သည်။