images
UN
UN
မြန်မာ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ပထမခြောက်လပတ်ထက် ကျဆင်းနေဟုဆို
ကိုကိုလွင် Friday, 24 May 2019

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုအခြေအနေမှာ ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာနှစ်၏ ပထမခြောက် လပတ်ထက် ကျဆင်းနေသည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မှ သိရသည်။
ယမန်နေ့ကပြုလုပ်သည့် ပြည် ထောင်စုလွှတ်တော်အစည်းအဝေး ၌ ပြည်ထောင်စုအစိုးရမှ ပေးပို့ သည့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ပထမခြောက်လပတ် အမျိုးသား စီမံကိန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက လွှတ်တော်သို့ ရှင်းလင်း ခဲ့မှုအရ သိရသည်။
ထို့ပြင် အမေရိကန်ဒေါ်လာ တန်ဖိုး မြင့်မားလာသဖြင့် ကမ္ဘာ့ နိုင်ငံများ၏ငွေကြေးတန်ဖိုးကျဆင်း ခဲ့သည့်အတွက် မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်မှုနှင့်ပတ်သက် ၍ အမေရိကန်ဒေါ်လာနှင့် မြန်မာ ကျပ်ငွေလဲလှယ်သည့်နှုန်းထားမှာ ၂ဝ၁၈ အောက်တိုဘာ၌ ကျပ် ၁၅၈ဝ ရှိခဲ့ရာမှ ၂ဝ၁၉ မတ်လ၌ ၁၅၁၄ ကျပ်သို့ ကျဆင်းခဲ့သည်ဟု ၄င်းက ဆက်လက်ရှင်းလင်းသည်။
ထို့အတူ ငွေကြေးဖောင်းပွမှု နှုန်းထားအရ ပျမ်းမျှ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မတ်လ၌ ၆ ဒသမ ၈၁ ရာခိုင်နှုန်း ၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မတ်လ၌ ၄ ဒသမ ဝ၃ ရာခိုင်နှုန်း ၊ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် မတ်လ၌ ၇ ဒသမ ၂၈ ရာခိုင်နှုန်း ဖြစ်ပေါ်ခဲ့ပြီး ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်ကာလအတွင်း ပြည် တွင်းစားသုံးမှု လိုအပ်ချက် ဖြည့် ဆည်းနိုင်ရန်နှင့် ပို့ကုန်တိုးမြှင့်နိုင် ရန် အသားငါးကဏ္ဍ တိုးတက်ရေး အတွက် ဆောင်ရွက်ခဲ့ပြီး အသေး စားနှင့်အလတ်စားလုပ်ငန်း ထုတ် လုပ်မှုတိုးတက်လာခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ခွင့်ပြုခဲ့ခြင်း နှင့်ကမ္ဘာလှည့်ခရီးသည်ဝင်ရောက် မှု တိုးတက်ခဲ့သဖြင့် ခရီးသွားဝန် ဆောင်မှုလုပ်ငန်းမှ ဝင်ငွေတို့အပြင် ပို့ဆောင်ရေးနှင့် ခရီးသွားဝန် ဆောင်မှုလုပ်ငန်းများနှင့် ဆက် သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတို့မှ ဝင်ငွေတို့ကြောင့်ငွေကြေးဝန်ဆောင် မှုများ ကောင်းမွန်လာခြင်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းတို့မှ ဝန် ဆောင်မှုများ ကောင်းမွန်လာသည် ကို တွေ့ရှိခဲ့ရသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဒုတိယဝန်ကြီးက လွှတ် တော်၌ ရှင်းလင်းသည်။