images
UN
UN
တစ်နိုင်ငံလုံးတွင် လစာလျော့နည်းရရှိနေသည့် ဆရာ ဆရာမ အရေအတွက် ပြည်ခိုင်ဖြိုးပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မေးခွန်းကြောင့် ပေါ်ထွက်လာ
တင်တင်အေး Friday, 24 May 2019

တစ်နိုင်ငံလုံးမှ ရာထူးအတိုင်း ခံစား ရမည့် လစာထက် လစာလျော့နည်းရရှိ သည့် ဆရာ ဆရာမအရေအတွက်စာရင်း ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းကြောင့် ပေါ်ထွက်လာခဲ့သည်။
နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ၌ ယနေ့နံနက်ပိုင်းက ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့ အစီအစဉ်တွင် မိတ္ထီလာမဲဆန္ဒနယ်မှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက ရာထူးပြောင်းလဲမှုကြောင့် လစာလျော့နည်းသွားသည့် ဆရာ ဆရာမ များ မနစ်နာရေးအတွက် ဆောင်ရွက်ပေး ရန်နှင့်စပ်လျဉ်းသည့် မေးခွန်းအား ပညာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်း မော်ထွန်းက ပြန်လည်ဖြေကြားရာတွင် ယခုကဲ့သို့ စာရင်းအတိအကျ ထွက်ပေါ် ခဲ့ခြင်းဖြစ်သည်။
အဆိုပါ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်း မော်ထွန်းက ''ကိုယ်စားလှယ်တော်ကြီး တင်ပြသလို ပညာရေးဝန်ကြီးဌာန၊အခြေခံ ပညာဦးစီးဌာနအနေဖြင့် လက်ရှိအခြေ အနေတွင် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)များမှ အခြေခံပညာအလယ် တန်းကျောင်းအဆင့်သို့ တိုးမြှင့်သွားသဖြင့် အခြေခံပညာကျောင်းများရှိ မူလတန်း ကျောင်းအုပ် ချီးမြှင့်လစာ စားနေရာမှ အလယ်တန်းပြ၊ ဒု-လက်ထောက်ကြီးကြပ် ရေးမှူးအဖြစ် ရာထူးပြောင်းလဲတာဝန် ထမ်းဆောင်သွားတဲ့ ဆရာ ဆရာမတွေမှာ ကိုယ်စားလှယ်တော်ကြီး တင်ပြသွားသကဲ့ သို့ ထမ်းဆောင်နေသည့်တာဝန်အရ လစာ ခြားနားမှုများ ရှိသွားပါတယ်။ သို့သော် ပြန်လည်စိစစ်ရာမှာ ကိုယ်စားလှယ်တော် ကြီး တင်ပြတဲ့ ဆရာမနှစ်ဦး အပါအဝင် တစ်ပြည်လုံးမှာ အလားတူ လစာနှုန်း ကွာခြားသွားတဲ့ ဆရာ ဆရာမပေါင်း ၃ဝ၇ ဦး ရှိပါတယ်''ဟု အတိအလင်း ထုတ်ဖော်ပြောကြားခဲ့သည်။
မေးခွန်းရှင် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာမောင်သင်းကလည်း မေးခွန်းမေးမြန်းရာတွင် ''ထိုသို့ လစာ နည်းမှုဟာ ကျွန်တော်သိထားသလောက် ပြစ်မှုတစ်ခုခုရှိမှသာလျှင် နိုင်ငံ့ဝန်ထမ်း ဥပဒေအရ လျှော့ချခွင့်ရှိပါတယ်။ အခုကိစ္စ တွင် ဆရာမနှစ်ဦးဟာ ပြစ်မှုကျူးလွန်ခြင်း ကြောင့် ပြစ်ဒဏ်ချခံရခြင်း မဟုတ်ဘဲ ဆရာမနှစ်ဦး တာဝန်ထမ်းဆောင်ရာ အခြေခံပညာမူလတန်းကျောင်းကို အခြေခံ ပညာအလယ်တန်းကျောင်းအဖြစ် အဆင့် တိုးမြှင့်သွားသဖြင့် ထိုကျောင်းတွင်ဆရာမ နှစ်ဦး၏ရာထူး ပျောက်သွားခြင်းသာဖြစ် ပါတယ်။ အနီးကပ်တာဝန်ရှိသူများဖြစ် သော ပညာရေးမှူးတွေအနေဖြင့် လစာ နစ်နာမှုမရှိဘဲ စီမံခန့်ခွဲရန် လိုအပ်မယ်လို့ မြင်ပါတယ်။ သို့ပါ၍ ရာထူးပြောင်းလဲမှု ကြောင့် အပြစ်မရှိဘဲ လစာလျော့နည်း သွားနေမှုအား (က)အဆိုပါ ဆရာမနှစ်ဦး နှင့် (ခ) တစ်ပြည်လုံးရှိ ထိုကဲ့သို့အဖြစ်မျိုး ကြုံတွေ့နေရသည့် ဆရာမများ နစ်နာမှု မရှိရလေအောင် ဆောင်ရွက်ပေးနိုင်ပါရန် ဥက္ကဋ္ဌကြီးမှတစ်ဆင့် တင်ပြအပ်ပါတယ်'' ဟု ထည့်သွင်းမေးမြန်းခဲ့သည်။
ထိုသို့ မေးမြန်းခဲ့မှုအပေါ် အဆိုပါ လစာလျော့နည်းရရှိသည့် ဆရာ ဆရာမ များကို ပညာရေးဝန်ကြီးဌာနမှ လုပ်ဆောင် ပေးမှုများနှင့်ပတ်သက်ပြီး ''သူတို့အားလုံး ကို မူလအတိုင်း လစာပြန်ခံစားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးပြီးဖြစ်တဲ့အပြင် လာ မယ့် ၂ဝ၁၉ ခုနှစ် ဇွန်လ လစာမှစပြီး ယခင်အတိုင်း ခံစားခွင့်ရရှိအောင် စီစဉ် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း တင်ပြအပ် ပါတယ်''ဟုလည်း ပညာရေးဒုဝန်ကြီးက ထပ်လောင်း ပြောကြားခဲ့သည်။