images
UN
UN
မိုးရာသီတွင် ကလေးများ၌ ဖြစ်ပွားမှုများသည့်ဝမ်းလျှောဝမ်းပျက်နှင့် သွေးလွန်တုပ်ကွေးအကြောင်း အသိပညာပေးဟောပြော
အဖြူရောင် Saturday, 25 May 2019
မိုးရာသီတွင် ကလေးများ၌ ဖြစ်ပွားမှုများသည့် ဝမ်းလျှောဝမ်း ပျက်နှင့်သွေးလွန်တုပ်ကွေးရောဂါ များနှင့်ပတ်သက်သည့်အသိပညာ ပေးဟောပြောပွဲကိုယနေ့တွင်ရန်ကုန် မြို့ပါရမီဆေးရုံ၌ကျင်းပခဲ့သည်။
'မိုးရာသီနှင့် ရင်သွေးငယ် ကျန်းမာရေး' ဟောပြောပွဲတွင် ကလေးအထူးကုဆရာဝန်ဒေါက် တာအောင်ကြည်ဝင်းက ဟောပြော ဆွေးနွေးခဲ့ရာ ကလေးများအနေ ဖြင့် မိုးရာသီတွင် တခြားသော ရောဂါများလည်း ဖြစ်ပေါ်လေ့ရှိ သော်လည်း အထူးသဖြင့်ဝမ်း လျှောဝမ်းပျက်နှင့် သွေးလွန်တုပ် ကွေးရောဂါနှစ်မျိုးမှာ အထူးဖြစ် ပွားလေ့ရှိ၍ ရောဂါနှစ်မျိုးကို အထူးပြုပြောကြားခဲ့သည်။
''သွေးလွန်တုပ်ကွေးက ထူး ခြားတာက များသောအားဖြင့်လေး နှစ်တစ်ကြိမ်လောက် ထူးထူးခြား ခြားလူနာတွေ အများကြီးဖြစ်တက် တယ်။ ဟိုးတုန်းကတော့ မိုးတွင်း မှာပဲဖြစ်တာ။ အခုကျတော့မြန်မာ ပြည်မှာတစ်နှစ်လုံးဖြစ်နေတယ်။ ဒါပေမဲ့ မိုးတွင်းကျရင် ခြင်က ပို ပေါတော့ ဖြစ်တဲ့သူနည်းနည်းများ လာတာပေါ့။ အခုကျတော့ ကျန်း မာရေး အသိပညာပေးတာ များ လာတော့ လူတော်တော်များများ ကလည်း သိလာတော့ အရင်ထက် စာရင်ဖြစ်တာနည်းသွားတာပေါ့။ လုံးဝတော့မပျောက်ဘူး။ ကုသ ရေးပိုင်းမှာလည်း တိုးတက်လာ တယ်။ သွေးလှူရှင်အသင်းတွေ လည်း အများကြီးပေါ်လာတော့ သွေးအတွက်ကိုလည်း စိတ်မပူရ တော့ဘူးပေါ့။ အရင်ထက်စာရင် ဖြစ်လို့ရှိရင်တောင် အသက်ဆုံးရှုံးမှု နည်းတာပေါ့''ဟုကလေးအထူးကု ဆရာဝန်ဒေါက်တာအောင်ကြည် ဝင်းက ပြောသည်။
ဝမ်းလျှောဝမ်းပျက်မှာလည်း ပုံမှန်အားဖြင့် ဆောင်းရာသီနှင့် နွေ ရာသီတွင်ဖြစ်ပေါ်လေ့ရှိရာ ဆောင်း ရာသီတွင်ဗိုင်းရပ်ကြောင့် ဖြစ်ပေါ် ခြင်းဖြစ်ပြီး နွေရာသီတွင်ဘက်တီး ရီးယားပိုးကြောင့်ဖြစ်ပေါ်ခြင်း ဖြစ် ကြောင်း၊ ဝမ်းလျှောဝမ်းပျက်ဖြစ် ပေါ်မှုမရှိရန် တစ်ကိုယ်ရေသန့်ရှင်း မှုမှာ အထူးအရေးပါပြီး ယခင်က ဝမ်းလျှောဝမ်းပျက်ကြောင့်သေဆုံး မှုများသော်လည်း ဓာတ်ဆားရည် ပေါ်ပြီးနောက်ပိုင်း ကျဆင်းလာခဲ့ ကြောင်း ၄င်းက ပြောသည်။