images
UN
UN
အရက်ကြောင်ကြောင်ပြီး ရန်ငြိုးရန်စမရှိဘဲ ငှက်ကြီးတောင်ဓားရှည်ဖြင့်ထိုးရာမှ အမျိုးသားနှစ်ဦးသေဆုံး
မျိုးမြတ်(မင်းဘူး) Sunday, 26 May 2019
မကွေးတိုင်းဒေသကြီးမင်းဘူး (စကု)မြို့နယ် ဖြူကုန်းကျေးရွာတွင် ယမန်နေ့ နံနက်၁ဝနာရီခွဲက အမျိုး သားတစ်ဦး အရက်သေစာသောက် စားပြီး အရက်ကြောင်ကြောင်ကာ ရန်ငြိုးရန်စမရှိဘဲ ငှက်ကြီးတောင် ဓားရှည်ဖြင့် ထိုးခဲ့ခြင်းကြောင့် တစ် ရွာတည်းနေ အမျိုးသားနှစ်ဦး သေ ဆုံးခဲ့ကြောင်း စကုနယ်မြေ ရဲစခန်း မှ သိရသည်။
ဖြစ်စဉ်မှာ ဖြူကုန်းကျေးရွာနေ တောင်သူ ဦးကြည်ဌေး(၅၈နှစ်) မောင်းနှင်ပြီးနောက်မှတစ်ရွာတည်း နေ ဦးထွန်းဌေးလိုက်ပါလာသော ဆိုင်ကယ်သည် ဖြူကုန်းကျေးရွာ ရွာလယ်လမ်းထိပ်တွင် သန်းနိုင် (၃၈နှစ်)အား ရှောင်တိမ်းမောင်း နှင်စဉ် သန်းနိုင်က အသင့်ပါလာ သော အရိုး ၁၂ လက်မ၊ အသွား ၂၂ လက်မခန့်ရှိ ငှက်ကြီးတောင် ဓားရှည်ဖြင့်ထိုးရာမှ ဦးထွန်းဌေး (၄၇နှစ်)တွင် ဝဲနောက်ကျောထိုး သွင်း ဒဏ်ရာတစ်ချက်ဖြင့် အခင်း ဖြစ်ပွားရာနေရာတွင် လဲကျသေဆုံး ခဲ့ကြောင်း၊ယင်းနောက် သန်းနိုင်မှာ ဖြူကုန်းကျေးရွာထဲသို့ ထွက်ပြေး သွားခဲ့ပြီး ဒေါ်သိန်းဝင်း နေအိမ် အတွင်းရောက်ရှိကာအဆိုပါနေအိမ် အောက်တွင် မုန့်ထိုင်စားနေသော ကိုဇာနည်မင်း(၃၃နှစ်)အား ဆက် လက်ထိုးခဲ့ရာ ဝဲဘက် ရင်အုံထိုး သွင်းဒဏ်ရာတစ်ချက်၊ ယာဘက် နောက်ကျောထိုးသွင်းဒဏ်ရာ တစ် ချက်၊ ဝဲယာလက်ဖဝါးပြတ်ရှ ဒဏ်ရာတစ်ချက်တို့ဖြင့် ဒဏ်ရာ များ ရရှိခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ကြောင်း သိရ သည်။
သို့ဖြစ်ပါ၍ တရားခံ သန်း နိုင်အား(ပ) ၇၁/၂ဝ၁၉၊(အမှုကြီး အမှတ်စဉ်၃/၁၉)၊ ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂ဖြင့် စကုနယ်မြေရဲစခန်း တွင် အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။