images
UN
UN
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဘကကျောင်းများသို့ ဗလာစာအုပ်များလှူဒါန်း
ဦးမျိုး(ပျော်ဘွယ်) Sunday, 26 May 2019
မန္တလေးတိုင်းဒေသကြီး ပျော် ဘွယ်မြို့နယ်အတွင်းရှိ ဘုန်းတော် ကြီးသင်ကျောင်း ၁၆ကျောင်းသို့ ကျောင်းသုံးဗလာစာအုပ်များ လှူ ဒါန်းပွဲကိုယခုလ၂၄ ရက် နံနက်၈ နာရီတွင်ပျော်ဘွယ်မြို့ရှမ်းပွဲရပ်ကွက် မှန်နန်းကျောင်းတိုက်၌ ကျင်းပခဲ့ရာ ပျော်ဘွယ်မြို့နယ် ရွှေညောင်ဖူး ကျေးရွာ ဇေယျသိန်ကျောင်း ဆရာ တော် ဘဒ္ဒန္တရာဇိန္ဒအမှူးပြုသော ဘုန်းတော်ကြီးသင်ကျောင်းဆရာ တော်ကြီးများ၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးသောင်းအေး နှင့်ဇနီးဒေါက်တာသင်းမျိုးမျိုး အောင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုး၊ဦးမြင့်စိုး၊ ရမည်းသင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ် ပါတီဥက္ကဋ္ဌဦးကြည်မြင့်နှင့် မြို့နယ် ကော်မတီဝင်များ၊ မြို့နယ်သာသနာ့ နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဦးဘညွန့်နှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဘက ကျောင်းဆရာဆရာမများတက်ရောက် ခဲ့ကြသည်။ ရှေးဦးစွာ ဇေယျသိန် ကျောင်းဆရာတော်ထံမှငါးပါးသီလ ခံယူဆောက်တည်ကြပြီး ကျောက် ချပ်ကျေးရွာ ကန်သာဦးကျောင်း ဆရာတော်ဘဒ္ဒန္တဇဋိလက သြဝါဒ ချီးမြှင့်သည်။ ယင်းနောက် ကျီရွာ ဘကကျောင်းမှဆရာဦးမောင်မောင် က ကျေးဇူးတင် စကားပြောကြား ပြီး ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်က လှူဒါန်းနိုင်ခြင်းအတွက် ပီတိစကားကို လျှောက်ထားတင်ပြ သည်။ ဆက်လက်၍ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်နှင့်ဇနီး၊ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် များနှင့် တာဝန်ရှိသူများက ဗလာ စာအုပ်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ကျီရွာ ကျောင်းဆရာတော် ဘဒ္ဒန္တဉာဏိက ထံမှ အနုမောဒနာတရား နာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေခဲ့ကြသည်။လှူ ဒါန်းပွဲတွင် အောင်တေဇမျိုးကုမ္ပဏီ နှင့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်မိသားစုတို့က စာအုပ် ဒါဇင် ၅ဝဝ နှင့် သင်္ကန်းဒွိစုံ ၁၆စုံ၊ မြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှ စာအုပ် ဒါဇင်၅ဝတို့ကို ပါဝင်လှူဒါန်းခဲ့ ကြောင်း သိရသည်။