images
UN
UN
ပါတီဗဟိုအတိုင်ပင်ခံ လေဘေးသင့်ပြည်သူများအား ပစ္စည်းများထောက်ပံ့လှူဒါန်း
စိုးသစ္စာ Sunday, 26 May 2019
ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်း များ၊ အလှူငွေထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်ပွဲအခမ်း အနားကို ယနေ့နံနက် ၈ နာရီက ဇီးကုန်းမြို့နယ် မြို့လယ်သံဓမ္မာရုံ ကျောင်းတိုက်၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ဗဟိုအတိုင် ပင်ခံသီရိပျံချီ ဦးဥာဏ်ဝင်း၊ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဦးထူးခိုင်၊ တိုင်းဒေသကြီး ပါတီဝင်ဦးသန်းဇော်ထွန်း၊ ခရိုင် ကော်မတီဝင် ဦးကျော်မင်းထွန်း၊ တိုင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး ဝန် ကြီးဌာနဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးအရာရှိ ဒေါ်ဝင်း ဝင်းမာ၊ စီမံကိန်းဦးစီးမှူး ဒေါ်ခင် ချိုချိုလွင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်နှင်းအိအိဝင်း၊ မြို့နယ်ပါတီ အတွင်းရေးမှူးဦးဇော်လင်းထွန်းနှင့် ပါတီဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မိုးနှင့်ဝန်ထမ်းများ၊ မြို့မ စခန်းမှူးဒုရဲမှူးကျော်ကျော်နှင့် တပ်ဖွဲ့ဝင်များတက်ရောက်ကြသည်။ အခမ်းအနားတွင် ဗဟိုအတိုင်ပင်ခံ သီရိပျံချီဦးဥာဏ်ဝင်းက အဖွင့် အမှာစကားပြောကြားကာ ဇီးကုန်း မြို့နယ်အတွင်း အုပ်စု ၁၆ စု၊ ကျေးရွာ ၂၃ ရွာအနက် အမိုးလန် ၄၅၃အိမ်၊ ပြိုလဲ ၂၄အိမ်အတွက် အလှူငွေကျပ် ၁ဝ၇၁၉၉ဝ နှင့် ထောက်ပံ့ပစ္စည်းများကို ပေး အပ်လှူဒါန်းပေးခဲ့သည်။
ထို့နောက် ဗဟိုအတိုင်ပင်ခံ သီရိပျံချီဦးဥာဏ်ဝင်းနှင့် ခရိုင် ပါတီဝင်မြို့နယ် ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးဦးဇော်လင်းထွန်း ပါဝင်သောအဖွဲ့သည်အလှမ်းဝေးသည့် စပါယ်မြောင်၊ တယ်ပင်ကန်၊ လေး မျက်နှာ၊ကဇင်း၊ တောင်ပိုသာယာ အုပ်စုများသို့ကိုယ်တိုင်သွားရောက် ကာအားပေး စကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေ တို့ကိုပေးအပ်ခဲ့သည်။ ထို့အတူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဦးထူးခိုင်၊ တိုင်းဒေသကြီး ပါတီဝင်ဦးသန်းဇော်ထွန်းနှင့်မြို့နယ် ပါတီဝင်များကလည်းမယင်းအုပ်စု၊ ချောင်းကမ်းအုပ်စုများသို့ သွား ရောက်ကာအားပေးကူညီထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။