images
UN
UN
မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရွှေပေါက်ကံမြို့သစ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ
အေးမင်းဇော်(မြောက်ဥက္ကလာ) Sunday, 26 May 2019
ရန်ကုန်တိုင်းဒေသကြီး မြောက် ဥက္ကလာပမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးသန်းထိုက်နှင့်မြို့နယ်ပါတီ ကော်မတီဝင်များသည်ယနေ့နံနက် ၉ နာရီတွင် ရွှေပေါက်ကံမြို့သစ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်း ဆွေနှင့်ရပ်ကွက်ပါတီကော်မတီဝင် များအားတွေ့ဆုံ၍ ယနေ့နိုင်ငံရေး အခြေအနေများအား ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
အစီအစဉ်အရ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးသန်းထိုက်က အဖွင့်အမှာ စကားပြောကြားပြီး စည်းရုံးရေးရာ တာဝန်ခံဦးသန်းဦးကစည်းရုံးရေးရာ ဆိုင်ရာ အချက်အလက်များဆွေး နွေးမှုပြုပြီးမြို့နယ်သတင်းတာဝန်ခံ ဦးအေးမင်းဇော်က သတင်းမီဒီ ယာနှင့်ပြည်သူ့ဆက်ဆံရေးအချက် အလက်များဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်အတွင်း ရေးမှူး ဦးဝင်းကြိုင်က ယနေ့ဖြစ် ပေါ်နေသော နိုင်ငံရေးအခြေအနေ၊ ပုဒ်မ၅၉(စ)ကာကွယ်စောင့်ရှောက် ရေး ပုဒ်မ-၂၆၁ဥပဒေပြင်ဆင်နိုင် ရေးနှင့် အနောက်တံခါးကိစ္စရပ် များ အကျယ်တဝင့်ရှင်းလင်းပြီး တက်ရောက်လာသူများက မရှင်း လင်းသည်များ မေးမြန်းကြသည်။
ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသန်းထိုက်က မေးမြန်းမှုများအား ပြန်လည်ဖြေကြားပြီး ယနေ့ နံနက် ၁၁ နာရီခွဲတွင် အစည်းအဝေးရုပ် သိမ်းခဲ့ကြကြောင်း သိရသည်။