images
UN
UN
မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဟောပြောပွဲများကို တစ်ချိန်တည်း သုံးနေရာခွဲ၍ကျင်းပ
သုတ(မန္တလေး) Sunday, 26 May 2019
မန္တလေးမြို့ ၇၃လမ်း၊ ၂၇လမ်းနှင့် ၂၈လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရှေ့ ကွင်းပြင်တွင် ယနေ့နံနက် ၈ နာရီမှ ၁ဝနာရီအထိ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲကျင်းပခဲ့သည်။ ဟောပြောပွဲကို နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်းသံပြိုင်သီဆိုဖွင့်လှစ်ပြီးနောက် ပြည်ခိုင်ဖြိုး ပါတီဗဟိုကော်မတီဝင် မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမျိုးမြင့်က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။ဆက်လက်၍(၂ဝဝ၈)ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တိုင်းလူငယ် ပါတီ ကော်မတီ ဦးကျော်မျိုးရွှေနှင့် ပထမ အကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ အမရ ပူရမြို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသိန်းထွန်း ဦးတို့က ဟောပြောခဲ့ကြသည်။
ထို့နောက် ဟောပြောပွဲသို့တက်ရောက် လာသူများက ''ပုဒ်မ ၅၉(စ) တည်တံ့ ရေး(ဒို့အရေး)၊ လူမျိုးခြားသမ္မတမဖြစ်ရေး (ဒို့အရေး)၊ ဥပဒေနှင့်အညီအခြေခံဥပဒေ ပြင်ဆင်ရေး(ဒို့အရေး)၊ ပုဒ်မ-၂၆၁ ကို ဥပဒေနှင့်အညီပြင်ဆင်ပေးရေး(ဒို့အရေး)၊ ပုဒ်မ-၃၆၁အားကာကွယ်စောင့်ရှောက်ရေး (ဒို့အရေး)၊ အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံ တော်တည်ဆောက်ရေး(အောင်ရမည်)'' ဟုကြွေးကြော်သံများကိုသံပြိုင်ဟစ်ကြွေး၍ ဟောပြောပွဲအောင်မြင်စွာပြီးဆုံးခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ပါတီရုံးတွင် ပြုလုပ်သော ဟောပြောပွဲသို့ ချမ်းအေး သာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့မှ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အလားတူ အမရပူရမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး ဝင်းအတွင်း၌ ယနေ့နံနက် ၈ နာရီမှ ၉ နာရီ ၁၅ မိနစ်အထိ (၂ဝဝ၈)ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲကျင်းပ ခဲ့သည်။

ဟောပြောပွဲအား နိုင်ငံတော်အလံ အလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင် သီဆိုဖွင့်လှစ်ပြီးနောက် (၂ဝဝ၈)ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာကိစ္စများနှင့်ပတ် သက်၍ ပထမအကြိမ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီပြောရေး ဆိုခွင့်ရှိသူ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦးနှင့်ပြည်ကြီး တံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုး အေး တို့က ဟောပြောခဲ့ကြသည်။
ထို့နောက် ဟောပြောပွဲသို့တက်ရောက် လာသူများက 'ပုဒ်မ ၅၉(စ) တည်တံ့ရေး (ဒို့အရေး)၊ လူမျိုးခြားသမ္မတမဖြစ်ရေး (ဒို့အရေး)၊ ဥပဒေနှင့်အညီ အခြေခံဥပဒေ ပြင်ဆင်ရေး(ဒို့အရေး)၊ ပုဒ်မ ၂၆၁ ကို ဥပဒေနှင့်အညီပြင်ဆင်ပေးရေး(ဒို့အရေး)၊ ပုဒ်မ ၃၆၁အား ကာကွယ်စောင့်ရှောက်ရေး (ဒို့အရေး)၊အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံ တော်တည်ဆောက်ရေး(အောင်ရမည်)'ြေ<ွကးကြော်သံများကို သံပြိုင်ဟစ်ြေ<ွကး၍ ဟောပြောပွဲကို ရုပ်သိမ်းခဲ့သည်။
အမရပူရမြို့နယ်ပါတီရုံး၌ ကျင်းပ သော ဟောပြောပွဲသို့ အမရပူရမြို့နယ်နှင့် ပြည်ကြီးတံခွန် မြို့နယ်တို့မှ ပြည်သူ များတက်ရောက်ခဲ့ကြောင်း သိရသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီရုံးဝင်းအတွင်း ယနေ့ နံနက်က (၂ဝဝ၈)ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိ ရသည်။
အခမ်းအနားသို့ ပုသိမ်ကြီးမြို့နယ်နှင့် အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ကော်မတီဝင်များနှင့်ပါတီဝင်များ၊ နိုင်ငံရေးပါတီများမှ ဧည့်သည်တော်များ၊ မျိုးချစ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြု၍ ဖွင့်လှစ်ခဲ့ပြီး မန္တလေးတိုင်း ဒေသကြီး ပါတီကော်မတီဝင် ဦးမြတ်သူ၊ ပုသိမ်ကြီးမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဆွေသန်း၊ ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်တို့က ဟောပြော ခဲ့ပြီး အခမ်းအနားကို ကြွေးကြော်သံများ ဖြင့် အောင်မြင်စွာပြီးဆုံးခဲ့သည်။
ထိုသို့ မန္တလေးတိုင်းဒေသကြီးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဟောပြော ပွဲများ သုံးနေရာခွဲ၍ကျင်းပရခြင်းသည် မနော်ရမ္မံကွင်းတွင် အချိန်မီခွင့်ပြုချက်မရ သဖြင့် တိုင်းဒေသကြီးပါတီရုံး၊ အမရပူရ မြို့နယ်ပါတီရုံး၊ ပုသိမ်ကြီးမြို့နယ် ပါတီရုံး တို့တွင် တစ်ချိန်တည်း သုံးနေရာခွဲ၍ ကျင်းပခဲ့ရကြောင်း သိရသည်။
အဆိုပါဟောပြောပွဲများနှင့်ပတ်သက် ၍ သက်ဆိုင်ရာပုဂ္ဂိုလ်တို့နှင့်တွေ့ဆုံမေး မြန်းမှုများကို ဆက်လက်ဖော်ပြပေးမည် ဖြစ်ပါသည်။