images
UN
UN
ပါတီဗဟိုအလုပ်အမှုဆောင် မွမ်းမံသင်တန်းဖွင့်ပွဲသို့တက်ရောက်ပြီး နယ်လှည့်ကျန်းမာရေးအဖွဲ့အခမဲ့ဆေးကုသမှု သွားရောက်ကြည့်ရှုအားပေး
Sunday, 26 May 2019
ကရင်ပြည်နယ် ကြာအင်းဆိပ် ကြီးမြို့နယ် ဘုရားသုံးဆူမြို့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးခွဲတွင် ယမန်နေ့နံနက် ၉ နာရီက ပြုလုပ်သော ရပ်/ကျေး စည်းရုံးရေးမှူးများ မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟို အလုပ်အမှုဆောင်(ကရင်ပြည်နယ် တာဝန်ခံ) ဦးသူရိန်ဇော်က တက် ရောက်အမှာ စကားပြောကြားခဲ့ သည်။အဆိုပါသင်တန်းသို့ ကရင်ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစန်းကို၊ ပြည်နယ်ပါတီကော်မတီဝင်များဖြစ်သော ဦးစောထူး ကပေါ်၊ ဦးဝင်းတင်၊ ဦးစောမြဝင်း၊ ဒေါ်စန္ဒာဦးနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ တက်ရောက် ခဲ့သည်။ အဆိုပါသင်တန်းကို သုံးရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား ၅၂ ဦး တက်ရောက်ခဲ့ကြသည်။
ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်သည် ဘုရားသုံးဆူမြို့ ချောင်းဆုံကျေးရွာ တွင်ပြုလုပ်သော နယ်လှည့်ကျန်းမာရေး အခမဲ့ဆေးကုသရေးဆောင်ရွက်နေခြင်းအား သွားရောက်ကြီးကြပ်ပေးပြီး ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။ အဆိုပါ အခမဲ့ဆေးကုသခြင်းကို ကျေးရွာနေပြည်သူ ၁ဝဝ ကျော် လာရောက်ဆေးကုသခဲ့ ကြောင်း သိရှိရသည်။