images
UN
UN
ဆောင်ရွက်မှုတွေနှေးကွေးမှုက ကျွန်တော်တို့ရဲ့ အချုပ်အခြာတွေကို တဖြည်းဖြည်းနဲ့ ထိပါးခံလာရတဲ့ အနေအထားတွေရှိတယ်
ထက်မြတ်(မန္တလေး) Monday, 27 May 2019
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မန္တလေးတိုင်းဒေသကြီး၌ တစ်ချိန်တည်း သုံးနေရာခွဲ၍ကျင်းပခဲ့သော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဟောပြောပွဲများ ပြီးဆုံးခဲ့ပြီးနောက် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲကျင်းပခဲ့ရာတွင် ပထမအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ အမရပူရမြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦးက မီဒီယာများ၏မေးမြန်းမှုများကို ယခုကဲ့သို့ ဖြေကြားခဲ့ပါသည်။
မေး။ ဟောပြောပွဲကို မနော်ရမ္မံကွင်းလုပ်
ဆောင်ခွင့်မပြုတာနဲ့ ပတ်သက်ပြီး အမြင်လေးပြောပြပါဦး။
ဖြေ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပေး
ထားတဲ့ နိုင်ငံသားအခွင့်အရေးက ဥပဒေနဲ့အညီ လွတ်လပ်စွာဟောပြောခွင့် ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အဲဒီ လိုရှိနေတဲ့အချိန် ကျွန်တော်တို့လက်ထက် မှာ ငြိမ်းစုစီဥပဒေကို ပြဋ္ဌာန်းခဲ့တယ်။ကျွန်တော်တို့လက်ထက်မှာပဲ ကန့်သတ် ချုပ်ချယ်မှုတွေလည်း ကိုယ်ရေးရာဇဝင် ဘာတွေ တောင်းတယ်လို့ ပြောလာတဲ့ အတွက် ကျွန်တော်တို့ ပြုပြင်ပေးခဲ့ပါ တယ်။ ပြင်ဆင်ပေးခဲ့ပါတယ်။ အဲဒီလို ပြင်ဆင်တဲ့အခါမှာ ဥပဒေထဲမှာ ဘယ် လောက်ထိပါလဲဆိုတော့ ငြိမ်းစုစီဆောင် ရွက်ကြမယ်ဆိုရင် အကြောင်းကြားရုံ အဆင့်လောက်အထိ ဆောင်ရွက်ပေးခဲ့ပါ တယ်။ ဒါပေမဲ့လို့ ဒီဘက်ခေတ်ရောက် လာတဲ့အခါကျတော့ ကျွန်တော်တို့ ဒေသန္တရအမိန့်ဆိုပြီး ထွက်လာတာကို တွေ့ရပါတယ်။ ဒေသန္တရအမိန့်ကလည်း အချက်က နည်းနည်းလေးမဟုတ်ဘူးဗျ၊ အချက်တွေက အများကြီး။ အချက် ငါးဆယ်လောက်ဆိုတော့ အရမ်းကိုစည်း နှောင်ထားတယ်ပေါ့နော်။ တစ်နည်းအား ဖြင့် ကြိုးတုပ်ခံထားရတယ်လို့ မြင်ပါ တယ်၊ အဲဒီတော့ထားပါ။ ဒေသန္တရအမိန့် လိုအပ်ချက်ကြောင့် ထုတ်ကြပြီ၊ အဲလို ထုတ်ကြတဲ့နေရာမှာ ဥပဒေပဲဖြစ်ဖြစ်၊ အမိန့်ညွှန်ကြားချက်ပဲဖြစ်ဖြစ် ဒါသည် နိုင်ငံသားတိုင်းပေါ်မှာ တစ်ပြေးညီသွားရ မယ်လို့ ဒီလိုပဲမြင်ပါတယ်။ အဲဒီလို တစ်ပြေးညီသွားရမယ်ဆိုတဲ့ အနေအထား မှာ ကျွန်တော်တို့အပါအဝင် အမျိုးသား အဖွဲ့ဝင်တွေဆောင်ရွက်ချက်တွေကျတော့ ကန့်သတ်ချုပ်ချယ်မှုတွေ၊ တိတိကျကျ တွေ ဆောင်ရွက်သော်လည်းပဲ အခြားခြား သောအဖွဲ့အစည်းတွေကျတော့ လွယ် လွယ်ကူကူပဲဆောင်ရွက်တာကို သွားတွေ့ ရပါတယ်။ ဒီလို ဆောင်ရွက်ခြင်းဟာ ဒီမိုကရေစီအတွက် အလွန်အင်မတန်မှ အင်မတန်ရုပ်ဆိုးအကျည်းတန်စေတယ် လို့ ပြောရမှာပဲဖြစ်ပါတယ်။
မေး။ ဘယ်အဖွဲ့တွေက အလွယ်တကူ
ဆောင်ရွက်လို့ရလဲဆိုတာကို ဆရာ့
အနေနဲ့ ဥပမာအနေနဲ့ ပြောပြပေးပါဦး။
ဖြေ။ ဥပမာ ပြောရလို့ရှိရင် ပြည်သူ့
ဟစ်တိုင်မှာ ဆောင်ရွက်သွားတဲ့ အဖွဲ့တွေက အုံနဲ့ကျင်းနဲ့ ဆောင်ရွက်သွား တယ်။ စတိတ်ခုံတွေ၊ အသံချဲ့စက်တွေ သုံးတယ်။ အဲဒီလိုတွေ ဆောင်ရွက်သွား တာ အားလုံးသိကြမှာပါ။ ကျွန်တော် ပြောနေရင် ကျွန်တော့်စကား ဖြစ်ပါလိမ့် မယ်။ အဲဒီတော့ ဒါအားလုံးကို မြင်တဲ့ ကိစ္စဖြစ်တဲ့အတွက် တည့်တည့်ကြီး ပြော ရမှာ မသင့်လျော်ဘူးလို့ ပြောပါရစေ။ အဲတော့ ဒီလို ဆောင်ရွက်မှုတွေကို တကယ်သတ္တိရှိသော၊ ဒီမိုကရေစီအစိုးရ လို့ အမည်ခံနေသော ပုဂ္ဂိလ်များအနေနဲ့ သတ္တိရှိရှိ ဘယ်အဖွဲ့ကလုပ်လုပ် ခွင့်ပြု ပေးလိုက်ပါလို့ ကျွန်တော်တို့ အနေနဲ့ ဒီနေရာကနေပြီးတော့ တိုက်တွန်းလိုပါ တယ်ခင်ဗျာ။
မေး။ ဒီနေ့ပွဲကို ခေါင်းစဉ်ပြောင်းလဲ
ကျင်းပခဲ့တာနဲ့ ပတ်သက်ပြီးတော့ လည်း ပြောပြပေးပါဦး။
ဖြေ။ ခေါင်းစဉ်ပြောင်းတယ် ဆိုတာမှာ
အမှန်အတိုင်းပြောရရင် မနေ့ (မေ ၂၅ ရက်)တုန်းက မနော်ရမ္မံကွင်းမှာလုပ် ဆောင်ဖို့ရာမှာ ကန့်သတ်ချက်တွေက ဘာတွေပါလဲဆိုတော့ စပြီးတော့ မြို့နယ် စည်ပင်က ခွင့်ပြုလိုက်တာက လက်ကိုင် စပီကာနဲ့ ပြောရမယ်၊ စတိတ်မထိုးရ ဘူး။ အဲလိုတွေဖြစ်တယ်။ ကွင်းကိုကိုင် ထားတာကျတော့ စည်ပင်ကလိုလို တိုင်းဒေသကြီးက အမြင့်ဆုံးအာဏာရှိ တဲ့သူကလိုလိုဖြစ်နေတော့ ကျွန်တော်တို့ ကြိုးစားကြတဲ့အခါမှာ စည်ပင်ကနေ နောက်ဆုံးပြောလိုက်တယ်။ ထိုပုဂ္ဂိုလ်ရဲ့ ခွင့်ပြုချက်ရမှလို့ ပြောလိုက်တယ်။ ကျွန်တော်တို့က မွန်းတည့်၁၂ နာရီ လောက်မှာ ဘယ်လိုမှ မရနိုင်တော့ဘူး ဆိုတာ သိလာတယ်။ ကျွန်တော်တို့မှာ ရှိထားတဲ့ အင်အားတွေကို သက်ဆိုင်ရာ ဒေသသုံးခုမှာ ခွဲလုပ်မယ်၊ (၁)တိုင်း ပြည်ခိုင်ဖြိုးပါတီရုံး၊ (၂)အမရပူရမြို့ နယ်ပြည်ခိုင်ဖြိုးပါတီရုံးအတွင်း၊ (၃) ပုသိမ်ကြီး ပြည်ခိုင်ဖြိုးပါတီရုံးအတွင်း အဲလိုခွဲလုပ်တဲ့အခါမှာ နောက်ခံစာ ကြောင်းတွေက ဘယ်လိုအကြောင်း ကြောင်းမှ မဟုတ်ဘူးဗျ။ ကျွန်တော်တို့ ပြောကြတဲ့ ဟောကြတဲ့အခါမှာ အခြေခံ ဥပဒေမှာပါဝင်တဲ့ ၅၉(စ) ကာကွယ်ရေး နဲ့ ၂၆၁ ပြင်ဆင်ရေးတွေပဲပါနေတယ်။ ပြောရတဲ့အရာ ကျယ်ပြန့်သွားအောင်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဟောပြော ပွဲလို့ပြောင်းရင်ကောင်းမယ်လို့ ကျွန်တော် တို့ အဆိုပြုလိုက်တာပါ။ အဲတော့ ကျွန်တော် ပြည်ရယ်၊ ပေါက်ခေါင်းက ပြန်လာတယ်။ အဲဒီမှာ ဘယ်လိုပွဲတွေ လုပ်လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာဟောပြောပွဲလို့ ခေါင်းစဉ်တွေ့ခဲ့ရတယ်၊။
အဲလိုမျိုး တွေ့ခဲ့ ရတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ဟောပြောပွဲဆို ပိုသင့်တယ်လို့ ပြောလိုက်တဲ့အတွက် ဒီလိုဖြစ်လာတယ် လို့ ပြောရပါမယ်။
မေး။ တစ်နိုင်ငံလုံးမှာ ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားရေးအဖွဲ့၊ စစ်တပ်တို့
ပူးပေါင်းပြီး ဒီလိုမျိုးပွဲတွေလုပ်တယ် ပေါ့။ ဆရာတို့ ရည်မှန်းချက်က ၂ဝ၂ဝ အတွက်များပါမလားဗျ။
ဖြေ။ ကျွန်တော်တို့က အမျိုးသားရေးကို
ဦးတည်တယ်ဗျ။ ၂ဝ၂ဝ အတွက် တွေ၊ ဘာတွေအတွက်တွေ ဆိုတာထက် ကျွန်တော်တို့သွားနေတဲ့ လမ်းကြောင်းက ပွဲမှာလည်းပြောသွားသလို၊အမျိုးသားရေး သုံးရပ်ပေါ့။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲ ရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး ဒီသုံးချက်ကို ကာကွယ်ချင်တဲ့ အတွက်နဲ့ အမျိုးသားရေးအဖွဲ့တွေက လည်း ဒီသုံးချက်မှာ ရပ်တည်တဲ့အတွက် အခုလို ဆောင်ရွက်တာဖြစ်ပါတယ်။
မေး။ လက်ရှိအစိုးရရဲ့ ဆောင်ရွက်ချက်
တွေက ဒီသုံးချက်ကို ထိခိုက်တာ
မျိုး တွေ့နေတာမျိုးရှိလို့လား။
ဖြေ။ တွေ့တယ်လို့ပြောရမှာထက်စာရင်
အဲဒီလိုတွေမဖြစ်အောင် ကျွန်တော် တို့နိုင်ငံသားများအနေနဲ့ အင်အားကြီး သောပါတီအနေနဲ့ ဆောင်ရွက်လို့ရှိရင် ဒီသုံးချက်ကို ထိပါးမယ်လို့ စိတ်ကူး သော် လည်းကောင်း၊ မသိလို့ဘဲဖြစ်ဖြစ်၊ သိလို့ပဲဖြစ်ဖြစ် ဖြစ်လာမှာကို စိုးတဲ့ အတွက် အခုလို ကျွန်တော်တို့ ဆောင်ရွက် ရခြင်းဖြစ်ပါတယ်။
မေး။ တစညနဲ့ ပြည်ခိုင်ဖြိုးက မိတ်ဖက်
ပါတီပဲလား ဆရာ။
ဖြေ။ ကျွန်တော်တို့က ဘယ်ပါတီနဲ့မဆို
တူတာဆိုရင် လက်တွဲလုပ်မယ်။ နိုင်ငံတော်နဲ့ နိုင်ငံသား ကောင်းကျိုး အတွက် လက်တွဲလုပ်မယ်လို့ ပြောထား ပြီးသားဖြစ်ပါတယ်။ အမှန်တကယ်တော့ ကျွန်တော်တို့ ဒီနေရာကို ရွေးတဲ့အခါမှာ ပြည်ခိုင်ဖြိုးပါတီရုံးကို ရွေးလိုက်တယ်။ ဟိုမှာ ပြည်သူ့ဟစ်တိုင်ကွင်းမှာလည်း ခွင့်ပြုချက်တောင်းထားတာ ဒီပုဂ္ဂိုလ် (ယနေ့ဟောပြောပွဲတွင်ဟောပြောခဲ့သော တစညပါတီမှကိုကျော်မျိုးရွှေ)နဲ့ ကျွန် တော်တို့နှစ်ဦးဖြစ်တဲ့အတွက် ဒီမှာဟော မလား၊ ဟောချင်တဲ့ဆန္ဒရှိရင် လာခဲ့ပါလို့ ဖိတ်ခေါ်လိုက်ခြင်းသာဖြစ်ပါတယ်။
မေး။ အစိုးရ ဆောင်ရွက်ချက်တွေမှာ
စိုးရိမ်ဖွယ်ရာအချက်တွေ ရှိလား။
ဖြေ။ ဥပမာ ဆိုကြပါစို့၊ အချုပ် အခြာ
အာဏာဆိုတာ ဘာလဲဆိုတာ အရင်ဆုံးသိကြဖို့လိုတယ်။ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အရေးကြီးတဲ့ အကြံတွေ၊ ဥာဏ်တွေမှာ ဘယ်လိုမျိုး လူမျိုးတွေ ဝင်ရောက်လာပြီလဲ။ဒါတွေ ဟာကျွန်တော်တို့ စိုးရိမ်မယ်ဆို စိုးရိမ် ရမယ့်အချက်တွေ ဖြစ်ပါတယ်။ နောက် ကျွန်တော်တို့ အနောက်တံခါးကိစ္စတွေ၊ ရခိုင်ကိစ္စတွေ ဒီလိုကိစ္စတွေမှာ ပြည် ခိုင်ဖြိုးပါတီကနေပြီး ဟောဒီကိစ္စဟာ ဘယ်လိုပြောပြီး ကာကွယ်ပေးပါ။ဆောင် ရွက်ပေးပါ။ အကြမ်းဖက်ဆိုရင်လည်း ပြောင်ပြောင်တင်းတင်းပြောပါလို့ အစော ကြီးကတည်းက ကျွန်တော်တို့ပြောခဲ့ပါ လျက်နဲ့ ဒီလို ဆောင်ရွက်မှုတွေနှေးကွေး မှုက ကျွန်တော်တို့ရဲ့ အချုပ်အခြာတွေကို တဖြည်းဖြည်းနဲ့ ထိပါးခံလာရတဲ့ အနေ အထားတွေရှိတယ်။ ဒီလိုတွေဖြစ်ပေါ်မှု မရှိရအောင်လို့ ဒီလိုပွဲတွေမှာ ထည့်သွင်း ပြောကြားခြင်းဖြစ်ပါတယ်။
မေး။ မန္တလေးမှာ ခွင့်ပြုချက်မရသလို
မျိုး အခြားသော ပြည်နယ်နဲ့တိုင်း
မှာ အဲလိုမျိုးအခြေအနေမျိုးတွေရှိလား။
ဖြေ။ မရတဲ့ဟာက ကျောက်ဆည်ဆို လို့ရှိရင် တစ်ခုပြီးတစ်ခုလုပ်နေ
တယ်။ နောက်ဆုံးပိတ် ကျွန်တော်ပြော မယ်။ ဥပဒေပဲဖြစ်ဖြစ် အမိန့်ညွှန်ကြား ချက်ပဲဖြစ်ဖြစ် စတင်ပြီးမဆောင်ရွက်ခင် ကိစ္စကလွှမ်းမိုးတယ်ဗျ။ ဒီကိစ္စလုပ်တော့ မှ ဒီအမိန့်နဲ့ ကန့်သတ်တယ်ဆိုတာမျိုး က ဥပဒေကိုတော်တော်ကျော်လွန်သွား တယ်။
ကျောက်ဆည်ဆိုလို့ရှိရင်လျှောက် ထားသူကို ဘယ်လောက်ပြောလဲဆိုတော့ ''အေးငါတို့ခုမှ ထုတ်တယ်၊ ဘာဖြစ်ချင် လဲ'' ဆိုတဲ့ အသုံးအနှုန်းလေးတွေ သုံး နှုန်းတယ်ဆိုတာမျိုး ကျွန်တော်တစ်ဆင့် စကားတစ်ဆင့်ကနေ ကြားရပါတယ်။ ဒီလိုတွေမဖြစ်သင့်ဘူး။ အခြားသော ဒေသတွေမှာ ဖြစ်သလားဆိုတော့ အရမ်း ကိုအခက်အခဲဖြစ်တယ်။ နောက်ဆုံးပိတ် ဝမ်းတွင်းမြို့နယ်ဆိုလို့ရှိရင် မနက်ဖြန် မနက်လုပ်ရမှာကို ညနေလောက်မှကပ်ပြီး ပေးတာမျိုးရှိခဲ့တယ်။ ဆိုလိုချင်တာက အခက်အခဲပေါင်းများစွာကို ကျော်လွှား ပြီးတော့မှ ဒီလိုပွဲတွေလုပ်နေရတယ်လို့ ပြောရမှာဖြစ်ပါတယ်။
မေး။ ၂ဝဝ၈ အခြေခံဥပဒေမှာ လွတ် လပ်စွာဟောပြောခွင့်ရှိတယ်လို့ပါ
တယ်။ ဒီ Mother Law ကြီးကို ဒေသ ဆိုင်ရာအာဏာက လွှမ်းမိုးတယ်ဆိုတဲ့ ကိစ္စကို ဆရာတို့အနေနဲ့ ဘာမှ ပြောပိုင်ခွင့် မရှိဘူးလား။
ဖြေ။ Mother Law ကို အခြေခံပြီးတော့ ငြိမ်းစုစီကိုထုတ်လိုက်တယ်။ အဲဒီ ငြိမ်းစုစီသည် Mother Law ကို ကျော်လို့ မရဘူး။ ဒီလိုပဲ ငြိမ်းစုစီဥပဒေကို အမိန့် ညွှန်ကြားချက်က ကျော်လို့မရဘူး။ အဲ တော့ ဒီငြိမ်းစုစီဥပဒေထဲမှာ ဘယ်လိုအစ ထုတ်ပေးထားလဲတော့မသိဘူး။ ဒေသန္တရ အမိန့်ဆိုပြီးတော့ အဲဒီအမိန့်သည်လည်း ငြိမ်းစုစီဥပဒေထဲက အဓိကကျတဲ့အချက် တွေကို ကျော်လွန်လို့မရဘူး။ အဲလိုကျော် လွန်လို့ရှိရင် အဲဒါဥပဒေနဲ့မညီဘူးလို့ ပြောရမှာဖြစ်ပါတယ်။ အဲဒီကိစ္စအတွက် ဘယ်နေ့ဘယ်ရက်မှာ ဆောင်ရွက်ခဲ့တာ တွေကိုစုဆောင်းပြီးတော့မှ မေးခွန်းထုတ် သွားမှာဖြစ်ပါတယ်။ အမြန်ဆုံးလုပ်သွား မှာဖြစ်ပါတယ်။ မေးခွန်းတစ်ခုပဲဖြစ်ဖြစ်၊ အဆိုတစ်ခုပဲဖြစ်ဖြစ် တင်ပြမယ်ဆိုရင် လွှတ်တော်ရဲ့ Program တွေပေါ်မှာ မူ တည်တယ်။ ဥပမာ-မေးခွန်းဆိုလို့ရှိရင် စီနီယာနဲ့သွားတယ်။ မှတ်တမ်းတင်ထား တယ်။ စီနီယာကိုမီတယ်။ အကြောင်း အမျိုးမျိုးနဲ့ကန့်သတ်ထားပြီးတော့ နောက် ကျတာတွေရှိတယ်။ ဒီလိုပဲအဆိုကိုလည်း ကန့်သတ်မှုတွေရှိတယ်။ သို့သော်လည်း စိတ်ရှည်ရှည်နဲ့ သည်းခံပြီး လုပ်တယ်။ အချို့ဆိုလို့ရှိရင် အချိန်နဲ့တစ်ပြေးညီ လုပ်ပါလျက်နဲ့ နောက်ပိုင်းမှခွင့်ပြုလိုက် တဲ့အတွက် အကျိုးသက်ရောက်မှုမရှိအား နည်းသွားတာလေးလည်းတွေ့ရပါတယ်။
မေး။ အဲဒီလိုလုပ်ဖို့ ဘာတွေပြင်ဆင် ပြီးပြီးလဲ။
ဖြေ။ ကျွန်တော်တို့မှာ အဲဒီလိုမျိုးလုပ်ဖို့ အတွေ့အကြုံတွေရှိတယ်လေ။ အဲဒီအချက်အလက်တွေကို ဒေသဆိုင်ရာ အဖွဲ့တွေကိုတောင်းတယ်။ကိုယ်စားလှယ် တွေကလေ့လာတယ်။ လေ့လာတွေ့ရှိ ချက်၊ ကျွန်တော်တို့ရဲ့လေ့လာတွေ့ရှိချက် တွေကိုစုပေါင်းပြီးတော့မှ တင်ပြမသွား မှာဖြစ်ပါတယ်။ တင်ပြဖို့ကျတော့ ပြည် ထောင်စုအဆင့်ဖြစ်တဲ့အတွက် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်တစ်ခု ခုမှာ တင်ပြသွားမှာ ဖြစ်ပါတယ်။
မေး။ စည်ပင်ကအနေ အကြီးဆုံးဆီက အမိန့်လို့ပြောတဲ့အတွက် ဆရာတို့
ကို ချထားမပေးတာ ဘာကြောင့်လို့ အကြောင်းပြန်ကြားတာမျိုးရှိလား။
ဖြေ။ အခုအချိန်အထိ သဲသဲကွဲကွဲ မသိရ သေးဘူး။ ၄၈ နာရီကြိုတင်ရမယ် ဆိုတဲ့ အချက်ရှိတယ်။ အဲဒီစည်းကမ်း ချက်နဲ့အတူတင်လိုက်တယ်။ အဲဒီအခါမှာ မြို့နယ်ကတော့ခွင့်ပြုမိန့်ပေးတယ်။ စုရပ် ဖြစ်တဲ့ ပြည်သူ့ဟစ်တိုင်ကွင်းမှာ လုပ်ဖို့ ရာမှာသွားတစ်တာ။ ကျွန်တော်တို့ ၄၈ နာရီအတွင်းဆိုတော့မနေ့က စနေနဲ့ ဒီနေ့က တနင်္ဂနွေနေ့ဆိုတော့ လုပ်ရမယ့်အချိန်တွေ ကနည်းသွားတယ်။ သူတို့ဘက်ကလည်း ဝန်ကြီးချုပ်အလုပ်များတယ်။ ခရီးထွက် နေတယ်လို့ မြောက်မြားစွာပြောလို့ရတာ ပေါ့နော်။ သူတို့ဘက်က ရပ်တည်တဲ့အဖွဲ့ အစည်းသာလုပ်မယ်ဆိုရင်တော့ဒါတွေက လွယ်လွယ်ကူကူနဲ့ အဆင်ပြေချောမွေ့ သွားမှာလို့ ပြောလို့ရပါတယ်။တရားဝင် အကြောင်းပြန်တာမျိုး မရှိပါဘူး။
မေး။ စပါးဈေးတွေကို ဈေးကွက်ပေါက် ဈေးနဲ့ညီအောင် ဘယ်လိုတွေလုပ်
ပေးဖို့ရှိလဲ။
ဖြေ။ ကျွန်တော်တို့ပါတီ ဥက္ကဋ္ဌကြီး ပဲခူး ခရီးစဉ်သွားခဲ့အခါမှာ တောင်သူ တွေရဲ့ အသံတွေမြောက်မြားစွာ ကြားရပါ တယ်။ ရန်ကုန်တိုင်း တောင်သူလယ် သမားတွေ့ဆုံပွဲမှာ တင်ပြမှုတွေရှိတယ်။ ကျွန်တော်တို့ရဲ့မူကိုက အနိုင်ရတဲ့အချိန် မှာ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုး သီးနှံဈေးနှုန်းထက် မရှုံးသောဈေးနှုန်းနဲ့ ဆောင်ရွက်ပေးမယ်လို့ ကျွန်တော်တို့ ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာတုန်း ကတည်းက ကျွန်တော်တို့ ဒီကတိပေး ထားပြီးဖြစ်ပါတယ်။ အဲဒီတော့ဆိုလိုတာ က ကျွန်တော်တို့လက်ထက်မှာတောင်သူ တွေရဲ့ဘဝဟာ စိုက်ပျိုးရေးအတွက်အရှုံး ပေါ်တယ်လို့ အသံမထွက်စေရတော့ဘူး။ ဘာကြောင့်လဲဆိုတော့ အနိမ့်ဆုံးကတော့ လုံးဝ ကိုယ်စိုက်ထားတဲ့စရိတ်ထက်ကျော် လွန်တဲ့ဈေးနှုန်းကို လုပ်ဆောင်ပေးမယ်လို့ ပြောချင်ပါတယ်။
မေး။ အခုထွက်ရှိလာတဲ့စိုက်ပျိုးရေးမူ ဝါဒမှာ ထွက်ရှိသောသီးနှံများကို
ဈေးကွက်ပေါက်ဈေးနဲ့အညီရရှိရေး ဆောင်ရွက်ပေးလို့ပါရှိတယ်။ အဲဒီဟာကို လက်ရှိအစိုးရအနေနဲ့ လုပ်ဆောင်ပေး သလား။
ဖြေ။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ ဒီလိုအတိအလင်းမှာတော့ ပေး မထားဘူး။ ဒါပေမဲ့လို့ သူတို့က စပါး တင်း ၁ဝဝ ကို ငါးသိန်းနဲ့ဝယ်မယ်ဆိုတာ မျိုးကတော့တရားဝင်ထုတ်ပြန်ထားတယ်။ တောင်သူတွေထဲကကြားနေတာကတော့ အဲဒီဈေးနှုန်းမရဘူးလို့ ကြားနေရတယ်။ ဒါကတော့ ကျွန်တော်က ဒီအရာနဲ့ ပတ်သက်ပြီးသိပ်ထိတွေ့မှုမရှိတဲ့အတ