images
UN
UN
၂ဝဝ၈ နိုင်ငံတော်အခြေခံဥပဒေသည် ပိန္နဲပင်မဟုတ်ပါ နိုင်ငံတွင်မဖြစ်သင့်တာဖြစ်လျှင် ထိခိုက်လျှင် တရားခံအစစ်ကိုသာ ရအောင်ရှာပါ
တက္ကသိုလ်မြတ်သူ Monday, 27 May 2019
(ယမန်နေ့မှအဆက်)
၁၉၇၄ခုနှစ် အခြေခံဥပဒေကို ပြည်သူ့ ထံမှ အကြံဥာဏ်(၃) ကြိမ်ရယူ၊ မူကြမ်း (၁) (၂)တို့ကို လူထုရပ်ကွက်ကျေးရွာအထိ ချပြရှင်းလင်းကာ မူကြမ်း(၃) တတိယမူ ကြမ်းကို ပြည်လုံးကျွတ်ဆန္ဒခံယူရာ မဲဆန္ဒ ရှင်ပြည်သူ ၉ဝ ဒသမ ၁၉ရာခိုင်နှုန်းက ထောက်ခံမဲပေး အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ဆိုရှယ်လစ်ဒီမိုကရေစီကို အခြေခံသည်။
၂ဝဝ၈အခြေခံဥပဒေကိုပြည်သူလူတန်း စားစုံ၊ အလွှာစုံ၊ ဒေသစုံ၊ တိုင်းရင်းသားစုံ၊ အမျိုးသားညီလာခံကိုယ်စားလှယ်တစ် ထောင်ကျော်က အချိန်ယူဆွေးနွေးညှိနှိုင်း ချမှတ်ပေးသောသူများဖြင့် ၄၅ဦးပါဥပဒေ ပညာရှင် တိုင်းရင်းသားအလွှာစုံတို့က အခြေခံဥပဒေမူကြမ်းကိုရေးဆွဲပြီး ၄၅ဦးပါ ဒေသစုံ၊ တိုင်းရင်းသားစုံ ကိုယ်စားပြု ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေး ကော် မရှင်က ပြည်လုံးကျွတ်ဆန္ဒခံယူခဲ့ရာထောက် ခံဆန္ဒမဲ ၂၅သန်းနီးပါး (၉၂ ဒသမ ၄၈ ရာခိုင်နှုန်း)က ထောက်ခံမဲပေးခဲ့သည်။ ၂ဝဝ၈အခြေခံဥပဒေက ပါတီစုံဒီမိုကရေစီ (ဝါ)စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကို အခြေခံသည်။ နောင်မည် သည့်အချိန်မဆို ဥပဒေနှင့်အညီ အခြေခံ ဥပဒေကိုပြင်ဆင်ဖြည့်စွက် နုတ်ပယ်နိုင်ကြ သည်။ နိုင်ငံတော်အခြေခံမူ(ပုဒ်မ) ကြီးများ ကိုမူ ပြည်ထောင်စုလွှတ်တော်၌ ဆန္ဒမဲ ၇၅ရာခိုင်နှုန်းကျော်က သဘောတူဆုံးဖြတ် ပြီး လူဦးရေ (မဲစာရင်း)အရ ဆန္ဒမဲပေး ခွင့်ရှိသူ စုစုပေါင်း၏ထက်ဝက်ကျော် (အနည်းဆုံး၅၁ရာခိုင်နှုန်း)က သဘောတူ ဆန္ဒမဲပေးလျှင် ပြင်နိုင်ကြပေမည်။ သူ့ဘက် ကအော်၊ ကိုယ့်ဘက်ကအော်သူ အရေ အတွက်၊ ကိုယ့်ဘာသာကိုယ်ကောက်ယူ သော လူငါးသန်းလက်မှတ်ဆိုသည် လောက်နှင့်တော့ ပြင်၍မရနိုင်ပေ။ ပြည်သူ ကိုချစ်၍၊ ပြည်သူ့အကျိုးအတွက် အရွေးခံ ပါသည်ဟု ဆိုသူတိုင်း ပြည်သူအများစု ကြီး၏ဆန္ဒကိုလေးစားလိုက်နာပါ။ အခြေခံ ဥပဒေ နောက်ဆက်တွဲဇယားပါ- ကတိ သစ္စာပြုလွှာအရ အခြေခံဥပဒေကို လေးစား လိုက် နာပါမည်၊ ကာကွယ်စောင့်ရှောက် ပါမည်ဟု ကတိသစ္စာပြုပြီးမှ ပြည်သူ့ ကိုယ်စားလှယ် ဖြစ်လာသော အမတ်များ အခြေခံဥပဒေကို ဦးထိပ်ပန်ဆင်ကြရ ပါမည်။ ထို့ကြောင့် ပြည်သူကပြင်ချင်တာ ပြင်ခွင့်မရ၊ ပြည်သူတွေက ၂ဝဝ၈ အခြေခံ ဥပဒေကိုမကြိုက် စသောအဓိပ္ပာယ်မဲ့ စကားများကို တာဝန်မဲ့မပြောသင့်၊ မရေး သင့်ကြဟုလည်း သတိပေးလိုပါသည်။
၁၉၄၇ခုနှစ်အခြေခံဥပဒေက အခြေခံ ခဲ့သော ပါလီမန်ဒီမိုကရေစီ ဆိုသည်မှာ ဗြိတိသျှအရင်းရှင်နယ်ချဲ့များက ပါလီမန် တွင်အာဏာရယူပြီး ဥပဒေပြုကြ၊ အုပ်ချုပ် ကြ၊ တရားစီရင်ကြသောပုံစံကို တုပရယူ ထားပေသည်။(ပြည်သူ့ဒီမိုကရေစီမဟုတ် ပေ) ဗြိတိန်တွင် ထိုပါလီမန်ဒီမိုကရေစီကို ချုပ်ကိုင်သော အရင်းရှင်(နယ်ချဲ့) တို့၏ ပါလီမန်လွှတ်တော်က ကမ္ဘာ့နိုင်ငံများစွာကို အပြီးအပိုင် ကျူးကျော်တိုက်ခိုက်သိမ်းပိုက် ကျွန်ပြု သွေးစုပ်ရန် ဆုံးဖြတ်အမိန့်ပေးခဲ့ လေသည်။ ၁၉၇၄ခုနှစ် ဆိုရှယ်လစ် အခြေခံဥပဒေကား ထိုစဉ်ကအိမ်ပေါက်စေ့ လုနီးနီးပါတီဝင်ခဲ့ကြသည်။ ပါတီဝင်များ က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ထောက်ခံ ခဲ့ကြသည်။ ရှစ်လေးလုံးဆူပူသူများက အလိုမရှိဟု လူအင်အားသုံးလာသဖြင့် လမ်းစဉ် ပါတီ၊ပါတီအစိုးရနှင့်အတူ ၁၉၇၄ အခြေခံ ဥပဒေပါ လိုက်ကာချခဲ့ရသည်။
၂ဝဝ၈အခြေခံဥပဒေကား ၁၉၉၂ခုနှစ် က တရားဝင်ရပ်တည်နေသောပါတီ ၁ဝခု နှင့်တွေ့ဆုံဆွေးနွေးကာအခြေခံဥပဒေရေးဆွဲ ရေးအတွက် အမျိုးသားညီလာခံကျင်းပကာ ညီလာခံမှချမှတ်ပေးသော မူများဖြင့် အခြေခံ ဥပဒေရေးဆွဲရမည်ဟု ၁ဝပါတီ သဘောတူ ညီသဖြင့် ၁၉၉၃ခုနှစ် ဇန်နဝါရီ ၉ရက်မှ ၂ဝဝ၇ စက်တင်ဘာ ၃ရက်အထိ ကိုယ်စားလှယ်၁ဝဝဝတို့ကစစ်မှန်၍စည်းကမ်း ပြည့်ဝသောဒီမိုကရေစီ(သို့မဟုတ်)ပါတီစုံဒီမို ကရေစီနိုင်ငံ တည်ဆောက်ရန် ရေးဆွဲပြီး ပြည်သူက အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
အမျိုးသားညီလာခံ ကျင်းပခြင်းကို ထိုစဉ် က နိုင်ငံတာဝန်ယူထားရသည့် တပ်မတော် က ဦးစီးကာ ကျင်းပပေးခဲ့ခြင်းဖြစ်သည်။ အမျိုးသားညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးမျိုးညွန့်၊ ဗိုလ်ချုပ် ကြီးစောလွင်၊ ဗိုလ်ချုပ်ကြီးသိန်းစိန်တို့က တာဝန်ယူခဲ့သဖြင့် စစ်ဗိုလ်ချုပ်တွေက ဦးဆောင်ကျင်းပသော ညီလာခံ၊ စစ်အစိုးရ အာဏာတည်မြဲရေး အဓိကရေးဆွဲခဲ့သော အခြေခံဥပဒေဟု အားမနာ လျှာမကျိုး တာဝန်မဲ့ စွပ်စွဲကြခြင်းဖြစ်သည်။ညီလာခံ ကြီး အစအဆုံးဦးစီးကာ ကျင်းပခဲ့သည့် အမျိုးသားညီလာခံ ကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌမှာ တရားသူကြီးချုပ်(အရပ် သားစစ်စစ်)ဦးအောင်တိုး ဖြစ်ပေသည်။ ကိုယ်စားလှယ် ၁ဝဝဝကျော်တွင် တပ် မတော်သားဝန်ထမ်း ကိုယ်စားလှယ်လေး ငါးယောက် ပါဝင်နိုင်ပေသည်။ ကျန်ကိုယ် စားလှယ်များမှာ အလုပ်သမား၊ တောင်သူ လယ်သမား၊ တိုင်းရင်းသားလူမျိုးစုံ၊ အသိ ပညာရှင်အတတ်ပညာရှင်၊ နိုင်ငံရေးပါတီ များမှ ပါတီခေါင်းဆောင်ကိုယ်စားလှယ် များ၊ ရွေးကောက်ပွဲတွင် ရွေးချယ်ခံကိုယ် စားလှယ်(အမတ်)များ၊ သမိုင်းပညာရှင်၊ ဆေးပညာရှင်၊ ငြိမ်းချမ်းရေးယူခဲ့သော တိုင်းရင်းသားကိုယ်စားလှယ်များဖြစ်သည်။ဒီမိုကရေစီချန်ပီယံနိုင်ငံကြီးဟု နှုတ် တက်ရွရွ တဖွဖွ အားကိုးတကြီး ချီးမွမ်း ပြောဆိုနေကြသောအမေရိကန်ပြည်ထောင်စု ကြီးကို သာဓကဆောင်ပြရပါဦးမည်။ ယင်း ဒီမိုကရေစီချန်ပီယံ၊ လူ့အခွင့်အရေးကယ် တင်ရှင်ဆိုသောအမေရိကန်ကို အာရှ၊ အာဖ ရိက၊ လက်တင်အမေရိကနိုင်ငံတို့မှ ကိုယ့် နိုင်ငံသမိုင်း ကိုယ်တိုင်သိသူများက ယင်း အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ် စသည့် ကမ္ဘာ့အနောက်ခြမ်း လူချမ်းသာ၊ လူစွာနိုင်ငံ ကြီးများကို နယ်ချဲ့ပဂေးနိုင်ငံကြီးများဟုသာ သိထားကြသည်။ အမေရိကတိုက် မြောက် ပိုင်း၊ တောင်ပိုင်းတို့တွင် အသားနီစပ်စပ်၊ ငှက်တောင်ခေါင်းဆောင်းများနှင့်နေထိုင်ကြ သော မူလဒေသခံ ဇာတိဖွားနိုင်ငံသားများ မှာ ရက်ဒ်အင်ဒီးယန်းမျိုးနွယ်ကွဲများ ဖြစ် ကြသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၅ဝဝကျော် က စပိန်ဘုရင်ဖိလစ်အတွက် ဘုန်းတန်ခိုး လက်ရုံးဆန့်တန်း နယ်ချဲ့ရန်နယ်သစ် ပယ်သစ် New Colony များ ရရှိစေရန်၊ ရွက်သင်္ဘောငါးစင်းအုပ်စုဖြင့် ပင်လယ် သမုဒ္ဒရာ များ၌သွားလာရှာဖွေသော ခရစ္စတိုဖာကိုလံဘတ်စ်ဆိုသူရှိခဲ့သည်။ ကိုလံဘတ်စ်ရှာတွေ့သည့် ရေကောင်း မြေ ကောင်းမှန်သမျှကို စပိန်ဘုရင်က စစ်တပ် လွှတ်နယ်ချဲ့သိမ်းပိုက်သည်။ စပိန်၊ ပေါ်တူဂီ၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဒတ်ခ်ျစသည့် နိုင်ငံများက ကမ္ဘာအနှံ့ခြေဆန့်၍ နယ်ချဲ့ တတ်လာသည်။ တောင်အမေရိက၊ အလယ် ပိုင်းအမေရိကတွင် စပိန်တို့က သိမ်းပိုက် နယ်ချဲ့ကာ စပိန်လူဖြူမျိုးနွယ်များကြီးစိုး လာသည်။ စပိန်တို့ပြောဆိုသော လက်တင် ဘာသာစကားအကြောင်းပြု၍ လက်တီနို (လက်တင်နိုင်ငံ)၊ စပိန်မျိုးနွယ် ဟစ္စပင်းနစ် လူမျိုးများဟူ၍ဖြစ်လာသည်။ ဒေသခံ ရက်ဒ်အင်ဒီးယန်းများ၊ မာယာလူမျိုးများ၊ အမေဇုန်များသည် တောကြိုတောင်ကြားသို့ ပြေးလွှားခိုအောင်းနေထိုင်ကြရကာ လူဖြူတို့ ၏ ယနေ့အမေရိကတိုက်နိုင်ငံများဖြစ်လာခဲ့ သည်။ ခရစ္စတိုဖာကိုလံဘတ်စ်ကိုရှာဖွေ စွန့်စားခရီးသွား၊ သင်္ဘောမာလိန်မှူးကြီး အဖြစ်ဗန်းတင်၊ ဂုဏ်မြှောက်ရေးသားသော် လည်း နှင်ထုတ်ခံမူလဒေသခံတိုင်းရင်း သားဇာတိဖွားများကမူ ခရစ္စတိုဖာကိုလံ ဘတ်စ်အား 'နယ်ချဲ့လမ်းပြ'ကြီးဟု သမုတ်ကြသည်။
အင်္ဂလိပ်သင်္ဘောကုန်သည်တို့က အင်္ဂလန်မှ အင်္ဂလိပ်၊ စကော့၊ ဝေလ၊ အိုင်း ရစ်ရှ်တို့အား မြောက်အမေရိကသို့ ခေါ် ဆောင်နေရာချပေးသည်။ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ ဒတ်ခ်ျ၊ ရုရှား၊ ဂျာမနီ၊ အီတလီ၊ ဆွီဒင်လူမျိုးတို့လည်းအားကျမခံ မြောက် အမေရိကသို့ လွန်ခဲ့သည့်နှစ်ပေါင်း ၃ဝဝ ကျော်က သွားရောက်အခြေချနေထိုင်သည်။
ဒေသခံအင်ဒီးယန်းလူနီများကို တောကြို တောင်ကြားမောင်းထုတ်ခဲ့ကြသည်။ လူမျိုး အလိုက် ၁၃ဒေသ (13colonies)တွင် အခြေကျလာသောလူဖြူများက သီးခြား လွတ်လပ်သောလူမျိုးအလိုက် ပြည်နယ်များ ထူထောင်သည်။ အင်္ဂလန်မှဘုရင်၊ ဘုရင်မ တို့က ထိုအဝေးရောက်အင်္ဂလိပ်တို့ကို အကြောင်းပြုပြီး ဘုရင်ခံခန့်ထားစေလွှတ် အုပ်ချုပ်ကာ အင်္ဂလိပ်တို့၏ အဝေးရောက် ပြည်နယ်ဒေသကြီးအဖြစ်သတ်မှတ်သည်။ ကျန်ဥရောပသားတို့က ဘဝင်မကျကြပေ။ ဤသို့ဖြင့်ဗိုလ်ချုပ်ကြီးဂျော့ဝါရှင်တန်ဦး ဆောင်ကာ အင်္ဂလိပ်အုပ်စိုးမှုကိုတော်လှန် သည်။ တောင်လှန်ဆဲ၊ တိုက်ခိုက်ဆဲမှာပင် ၁၇၇၆ခုနှစ် ဇူလိုင်လ ၄ရက်နေ့တွင် အမေရိကန်လွတ်လပ်ရေးကြေညာချက်ထုတ် ပြန်ကာအမေရိကန်ပြည်ထောင်စု သို့မဟုတ် ကွန်ဖက်ဒရယ်ခေါ် သီးခြားလွတ်လပ်သည့် ပြည်နယ်(နိုင်ငံငယ်)၁၃ခု၏ နိုင်ငံစုကိုတည် ထောင်သည်။ လက်တွေ့တွင် ကွန်ဖက်ဒရေး ရှင်းခေါ် လွတ်လပ်သောသီးခြားနိုင်ငံများ ၏ နိုင်ငံစုပုံစံသည် ဦးနင်းပဲ့ထောင် ထိန်း မနိုင်သိမ်းမနိုင်ဖြစ်လာသည်။
အမေရိကန်ပြည်ထောင်စုတည်ထောင် ရန် ခေါင်းဆောင်များသည် လွတ်လပ်ရေး ကြေညာစာတမ်းစုရေးကြ၊ လက်မှတ်ရေးထိုး ကြ ကွန်ဖက်ဒရေးရှင်းခေါ်သီးခြားလွတ် လပ်သောပြည်နယ်များ၏ ပူးပေါင်းသော ကွန်ဖက်ဒရယ်စာချုပ်ကိုပါလက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ ကွန်ဖက်ဒရယ်ခေါ်ခွဲ ထွက်သီးခြား လွတ်လပ်သော ဒေသ (ပြည်နယ်)များ၏အနိဋ္ဌာရုံများကို ရှုမြင်ပြီး လွတ်လပ်ရေးကြေညာပြီးနောက် ၁၁ နှစ် ကြာ၊ ၁၇၈၇ ခုနှစ်မေလတွင် ဖီလာဒဲလ်ဖီး ယားမြို့တွင် အခြေခံဥပဒေရေးဆွဲရေးမူ များချမှတ်မည့် အမျိုးသားညီလာခံကျင်း ပခဲ့သည်။ ဦးဆောင်ကျင်းပသော ညီလာခံ ၏ဥက္ကဋ္ဌ၊ သဘာပတိနေရာယူထားသူကား ဗိုလ်ချုပ်ကြီးဂျော့ဝါရှင်တန်ဖြစ်သည်။
၁၃ ပြည်နယ်မှတစ်ပြည်နယ်လျှင် ကိုယ်စားလှယ်ခုနစ်ဦးစီလွှတ်ရန်ဖိတ်ခဲ့ရာ ရုဒ်အိုင်လင်ပြည်နယ်ကလုံးဝကိုယ်စားလှယ် မလွှတ်။ ကျန် ၁၂ ပြည်နယ်မှစေလွှတ်သော ကိုယ်စားလှယ်များမှာ ၅ဝ သာရှိသော်လည်း ညီလာခံသို့ ပုံမှန်တက်ရောက်သူမှာ သုံး ဆယ်ဝန်းကျင်သာရှိသည်။ ကွန်ဖက်ဒရေး ရှင်းပုံစံမဟုတ်သော သာမန်ပြည်နယ်တို့ဖြင့် စုဖွဲ့သော ဖက်ဒရေးရှင်း၊ဖက်ဒရယ်ပြည်နယ် စုနိုင်ငံသို့မဟုတ်ရိုးရိုးပြည်ထောင်စုဖွဲ့စည်း ပုံကိုသာဦးတည်စဉ်းစားမူချခဲ့ကြသည်။ အငြင်းပွား၊အချင်းများခဲ့ရသည့်အခင်းများ လည်းရှိ၏။ တချို့ကိုယ်စားလှယ်များက ညီလာခံစတင်ကျင်းပပြီးတစ်လကိုးသီတင်း ကြာမှရောက်လာကြသည်။ ထိုစဉ်ကအာဖ ရိကတိုက်မှသန်မာထွားကျိုင်းသောလူမည်း၊ အာဖရိကတိုက်သားများကိုပေါ်တူဂီကျွန်ကုန် သည်များကဖမ်းပြီး အမေရိကသို့လာရောင်း ရာခိုင်းစေရန်ကျွန်ထီး၊ ကျွန်မများဝယ်သုံး ကြ၏။ အမေရိကန်တို့က ဒီမိုကရေစီနိုင်ငံ အမည်ခံလိုကြသောအခါ ထိုကျွန်များကို လွတ်လပ်ခွင့်ပေးခဲ့ရသည်။အမေရိကန်အမျိုးသားညီလာခံတွင် လူထုကိုယ်စားလှယ်(အမတ်)များရွေးကောက် ပွဲတွင် အရွေးခံခွင့်၊ မဲပေးခွင့်တို့ကို အမေရိ ကန်(လူဖြူ)နိုင်ငံသားများသာဖြစ်ရမည်။ ကျွန်များဆိုသည်မှာ အမေရိကန်လူဖြူတို့ ငွေပေးဝယ်ထားရသည့် ကိုယ်ပိုင်ပစ္စည်း များသာဖြစ်သည်။ ထို့ကြောင့်မဲပေးခွင့်အပါ အဝင် နိုင်ငံသားအခွင့်အရေးကို ထိုကျွန်များ ကိုလည်း မပေးနိုင်။ အစိုးရကို ဝင်ငွေခွန် စသည့်အခွန်ဆောင်သူများသာ နိုင်ငံသား အခွင့်အရေးပေးမည်။ ထို့ကြောင့် လူမည်း နီဂရိုးကျွန်များ၊ ရက်ဒ်အင်ဒီယန်းများကို နိုင်ငံတော်အခွင့်အရေး လုံးဝမပေးနိုင်ဟု တင်းခံလာသူများရှိလာ၍၊ ဂျော့ဝါရှင်တန် က ညီလာခံပျက်မည်စိုး၍ ထိုနိုင်ငံသား အခွင့်အရေးကိစ္စကို ဆိုင်းငံ့လိုက်ရသည်။ ညီလာခံအပြီး အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ စတင် ပြဋ္ဌာန်းသောအခါ နိုင်ငံသားတို့၏ မူလ အခွင့်အရေးများ အခန်းမပါခဲ့ပေ။ အခြား အငြင်းပွား၍ ချန်ထားခဲ့ရသောအကြောင်း အရာများအပါအဝင်တို့အား နောင်အခါ အခြေခံဥပဒေပြင်ဆင်သောအခါတွင်မှ ထိုး ထည့်ခဲ့ရသည်။