images
UN
UN
ပလက်ဝမြို့နယ်၌ ၂ဝ၁၈-၂ဝ၁၉ ခုနှစ် ဆရာလုံးဝမခန့်ထားသည့် ကျောင်း ၃ဝ ရှိ၂ဝ၁၉-၂ဝ၂ဝ ၌ ထပ်မံရှိလာနိုင်ဟုဆို
ကိုကိုလွင် Monday, 27 May 2019

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ကျောင်း ဖွင့်စအချိန်တွင် ဆရာ ဆရာမလုံးဝခန့်ထား နိုင်ခြင်းမရှိသည့် အခြေခံပညာမူလတန်း ကျောင်းပေါင်း ၄ဝ ကျော်ခန့်ရှိကြောင်းနှင့် ယခုအချိန်အထိ ဆရာ ဆရာမ လုံးဝခန့် ထားပေးနိုင်ခြင်း မရှိသည့် ကျောင်းပေါင်း ၃ဝ ရှိနေသည့်အတွက် ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်၌ ဆရာ ဆရာမ လုံးဝခန့် ထားနိုင်ခြင်းမရှိသည့် အခြေခံပညာမူလ တန်းကျောင်းများထပ်မံတိုးလာဖွယ်ရှိသည် ဟု ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂) ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်ကပြောသည်။
ယနေ့ပြုလုပ်သည့် အမျိုးသားလွှတ် တော်အစည်းအဝေး၌၄င်းကိုယ်တိုင်မေးမြန်း ခဲ့သည့် ပလက်ဝမြို့နယ်၌ ၂ဝ၁၈ ခုနှစ် ဇွန်လအတွင်းက မူလတန်းပြ (နေ့စား လပေး)အဖြစ် နဝမတန်းအောင်မြင်သူ၊ တက္ကသိုလ်ဝင်တန်းအောင် မြင်ပြီးသူများ နှင့် ဘွဲ့ရ ၃၅ဝဝ ကျော်တို့အား နေ့စား လပေး လျှောက်လွှာခေါ်ယူခဲ့ခြင်းအား ဖေဖော်ဝါရီ ၂ဝ ရက်အထိခန့်ထားပေးခြင်း မရှိသဖြင့် ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ် မတိုင်မီ ခန့်ထားရန် အစီအစဉ်ရှိ မရှိ သိရှိ လိုကြောင်း မေးမြန်းရာတွင် ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
''ပလက်ဝမြို့နယ်ဟာ ချင်းပြည်နယ် မှာ ကျေးရွာအုပ်စုနဲ့ ကျေးရွာအများဆုံး မြို့နယ်ဖြစ်ပြီးတော့ အခြေခံပညာမူလတန်း ကျောင်းအများဆုံးမြို့နယ်တစ်ခုလည်းဖြစ် ပါတယ်။ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်မှာ ဆရာ ဆရာမ လုံးဝခန့်ထားနိုင်ခြင်းမရှိတဲ့ အခြေခံပညာမူလတန်း ကျောင်းပေါင်း ကျောင်းဖွင့်စအချိန်မှာ ၄ဝ ကျော်ရှိပြီး လက်ရှိ ၃ဝ ကျော် လစ်လပ်နေကြောင်း သိရှိရပါတယ်။ ၂ဝ၁၉-၂ဝ၂ဝ ပညာသင် နှစ်မှာလည်း ဆရာ ဆရာမ လုံးဝခန့်ထား ခြင်းမရှိသည့် အခြေခံပညာမူလတန်း ကျောင်းများ ရှိလာနိုင်ပါတယ်''ဟု၎င်းက မေးခွန်းမေးမြန်းမှုနှင့်အတူ ပြောဆိုသည်။
ပလက်ဝမြို့နယ်သည် အခြေခံပညာ မူလတန်းကျောင်းအများဆုံး ဖွင့်လှစ်သင် ကြားသည့် မြို့နယ်တစ်ခုဖြစ်ကြောင်း၊မို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်း၊ အလယ်တန်း ကျောင်း၊ အထက်တန်းကျောင်း များ၌ လစ်လပ်လျက်ရှိသည့် ဆရာ ဆရာမများ ခန့်ထားပေးနိုင်ရန် လွှတ်တော်သို့ မေးခွန်းမေးမြန်း၍ တောင်းဆိုခဲ့ခြင်းများပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း ဦးမျိုးထိုက်က ဆက် လက်ပြောဆိုသည်။
မေးမြန်းမှုနှင့် ပတ်သက်၍ ''ပညာရေးဝန်ကြီးဌာန အခြေခံ ပညာဦးစီးဌာနအနေဖြင့် သင်ကြား ရေးအထောက်အကူပြု နေ့စား လပေးများအဖြစ် ခန့်ထားနိုင်ရေး ကို ခွင့်ပြုရန်ပုံငွေဖြင့် ပလက်ဝမြို့ နယ်အတွင်း အမှန်လိုအပ်မှုအရသာ ဆောင်ရွက်နိုင်ရေးအတွက် စိစစ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်'' ဟု ပညာရေးဒုတိယဝန်ကြီးက ပြန်လည်ဖြေဆိုသည်။
၂ဝ၁၈ ခုနှစ် ဇွန်လအတွင်းက ပလက်ဝမြို့နယ်ရှိ နဝမတန်းအောင် မြင်ပြီးသူများ၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများနှင့် ဒေသခံ ဘွဲ့ရ ၃၅ဝဝကျော်အား လျှောက် လွှာခေါ်ယူခဲ့ပြီး လျှောက်ထားသူ ၃၅ဝဝ အနက် ၁၉၁ ဦးအား စိစစ်ရွေးချယ်ကာ ခန့်ထားခွင့် ပြုနိုင်ရန် ချင်းပြည်နယ်ပညာရေး မှူးရုံးမှ အခြေခံပညာဦးစီးဌာနသို့ တင်ပြထားသည့်အပေါ် ပညာရေး ဝန်ကြီးဌာန၏ခွင့်ပြုရန်ပုံငွေပေါ် မူတည်၍ စိစစ်ဆောင်ရွက်သွား မည်ဖြစ်သည်။