images
UN
UN
ရွှေ့ပြောင်းအခြေချသူများအရေးအား နိုင်ငံ၏အကျိုးစီးပွားနှင့်ချိန်ထိုးစဉ်းစားရန် ကနေဒါအတိုက်အခံခေါင်းဆောင်သတိပေး
Wednesday, 29 May 2019
ကနေဒါနိုင်ငံ၏ အဓိကအတိုက်အခံခေါင်းဆောင်တစ်ဦးအဖြစ် သတ် မှတ်ခံထားရသော ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အန်ဒရူးရှီရာက နိုင်ငံအတွင်း၌ အခြေချနေထိုင်ရန် ရွှေ့ပြောင်းအခြေချသူများအား လက်ခံ ရာတွင် နိုင်ငံ၏အကျိုးစီးပွားနှင့်ချိန်ထိုးစဉ်းစားရန် လိုအပ်သည်ဟု ကနေဒါအစိုးရအား သတိပေးခဲ့ကြောင်း နယူးယောက်တိုင်းမ်သတင်း ဌာနက ဖော်ပြသည်။
လက်ရှိကနေဒါဝန်ကြီးချုပ်ဂျက်စတင်ထရူဒီယူသည် လစ်ဘရယ် ဝါဒီတစ်ဦးဖြစ်သောကြောင့် ကနေဒါအတွင်း၌ ရွှေ့ပြောင်းအခြေချသူ များအား နေထိုင်ခွင့်ပေးရန် ဆုံးဖြတ်ရာတွင် ပျော့ပျောင်းသည့်လုပ်ဆောင် ချက်များ ပိုမိုလုပ်ဆောင်နေသည်ဟု သုံးသပ်မှုများ ပေါ်ထွက်ခဲ့သည်။ ကနေဒါသည် ပြီးခဲ့သည့်နှစ်ပိုင်းများအတွင်း၌ ကမ္ဘာအရပ်ရပ်ရှိ ဒုက္ခသည် အဆင့် သတ်မှတ်ခံရသူများနှင့် ရွှေ့ပြောင်းအခြေချသူများထဲမှ နိုင်ငံလူဦး ရေ၏ တစ်ရာခိုင်နှုန်းနှင့်ညီမျှသော ပမာဏအား နှစ်စဉ်လက်ခံမည့် မူဝါဒ အား ချမှတ်ကျင့်သုံးခဲ့ခြင်းကြောင့် ကနေဒါနိုင်ငံအတွင်းသို့ ဝင်ရောက် နေထိုင်ခွင့်ရရှိရန် ကြိုးပမ်းလာသူဦးရေမှာ အရှိန်အဟုန်ဖြင့် တိုးပွားလာ ခဲ့၍ အန်ဒရူးရှီရာက နိုင်ငံ၏အကျိုးစီးပွားနှင့်ချိန်ထိုးစဉ်းစားရန် သတိပေး ခဲ့ခြင်းဖြစ်သည်။ NG(Ref; NY Times)