images
UN
UN
တောင်တွင်းကြီးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့်အမျိုးသမီးရေးရာတို့မှ သောက်သုံးရေပြတ်လပ်နေသော သီလရှင်စာသင်တိုက်သို့ ရေလှူဒါန်း
နိုင်ဝင်း(တောင်တွင်းကြီး) Wednesday, 29 May 2019
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌဒေါ်နီလာစိုးဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၁ဝ နာရီက သောက်သုံးရေ ရှားပါး/ ပြတ်လပ်လျက်ရှိသော ရွှေအိုး(၁)ရပ်ကွက် ပြည်တော်အေး သီလရှင်စာသင်တိုက်သို့ သွားရောက်ပြီး ရေဂါလန် ၂၄ဝဝခန့်ကို လှူဒါန်းခဲ့ကြောင်း သိရသည်။