images
UN
UN
ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် နောက်ဆုံးလေ့ကျင့်ခန်းအစီအစဉ်တွင် ချဲလ်ဆီးနည်းပြဆာရီ လေ့ကျင့်ရေးကွင်းမှ ဒေါသတကြီးထွက်ခွာခဲ့
Wednesday, 29 May 2019
ချဲလ်ဆီးနည်းပြဆာရီသည် ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက်နောက် ဆုံးပြုလုပ်ခဲ့သောလေ့ကျင့်ခန်းအစီ အစဉ်တွင် တိုက်စစ်မှူးဟီဂူအင် နှင့်နောက်ခံလူ ဒေးဗစ်လုဇ်တို့ ပြဿနာဖြစ်ပွားခဲ့ပြီးနောက် လေ့ ကျင့်ရေးကွင်းမှဒေါသတကြီးထွက် ခွာခဲ့ကြောင်း သိရသည်။ ကစား သမားများကို နှစ်ဖက်ခွဲ၍လေ့ကျင့် ပြင်ဆင်စေသည့်အစီအစဉ်တွင် ဟီ ဂူအင်နှင့် ဒေးဗစ်လုဇ်တို့သည် ဘောလုံးယှဉ်လုရာမှ ပြဿနာဖြစ် ခဲ့ကြခြင်းလည်းဖြစ်သည်။
ထို့ကြောင့် ဆာရီသည် ကစား သမားများ၏ စည်းလုံးမှုအခြေ အနေအပေါ် မကျေမနပ်ဖြစ်ကာ ကွင်းအတွင်းမှဒေါသတကြီးထွက် ခွာခဲ့ခြင်းလည်းဖြစ်သည်။ သို့သော် ချဲလ်ဆီးအသင်းမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးကမူ နည်းပြဆာရီသည် ကစားသမားများကို ဒေါသထွက် ခဲ့ခြင်းမဟုတ်ဘဲ နောက်ဆုံး ၁၅ မိနစ်တွင် တည်ကန်ဘောလေ့ကျင့် ခန်းများကို မပြုလုပ်နိုင်ခဲ့သော ကြောင့် ဒေါသထွက်ခဲ့ခြင်းသာ ဖြစ်သည်ဟု ကာကွယ်ပြောကြားခဲ့ သည်။ ဆာရီသည် ယူရိုပါလိဂ် ဗိုလ်လုပွဲအပြီးတွင်ချဲလ်ဆီးမှ ထွက် ခွာဖွယ်ရှိသည်။ Ref:Dailymail