images
UN
UN
တိုင်းနှင့်ပြည်နယ်တို့တွင် မိုးကြီး၍မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းတစ်လျှောက်မိုးသက်လေပြင်းများ ကျရောက်နိုင်
မေနဒီမြနွယ် Wednesday, 29 May 2019
ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေအား အသင့်အတင့်မှ အားကောင်းနေသည့်အတွက် ယနေ့မှမနက်ဖြန်အထိ တိုင်းဒေသကြီးအချို့ နှင့်ပြည်နယ်များတွင်နေရာကွက်၍ မိုးကြီးကာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ် လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင်တစ်ခါတစ်ရံ မိုးသက်လေ ပြင်းများကျရောက်ပြီး လှိုင်းအသင့် အတင့်မှလှိုင်းကြီးနိုင်ကြောင်း မိုး လေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ညနေပိုင်း သတင်းထုတ်ပြန်ချက်အရ သိရ သည်။
ထိုကဲ့သို့ မိုးသက်လေပြင်းကျ ချိန်၌ ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃ဝအထိ တိုက် ခတ်နိုင်ပြီး ကျန်မြန်မာ့ပင်လယ်ပြင် တွင် လှိုင်းအသင့်အတင့်ရှိမည်ဖြစ် ကာလှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နှင့်ကမ်းလွန်ပင် လယ်ပြင်တို့တွင်၅ပေမှ ၈ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ပေ မှ ၆ ပေခန့် ရောက်ရှိနိုင်ကြောင်း နှင့် ကျန်ဘင်္ဂလားပင်လယ်အော် တွင် တိမ်အသင့်အတင့်မှ တိမ်ထူ ထပ်နေကြောင်း အဆိုပါထုတ်ပြန် ချက်တွင်ပါရှိသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်များ ဖြစ်သည့်ပဲခူးတိုင်းဒေသကြီး၊ရန်ကုန် တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသ ကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်အရှေ့ ပိုင်း)တွင် နေရာစိပ်စိပ်၊ နေပြည် တော်၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည် နယ်တို့တွင်နေရာကွက်ကျားမိုးထစ် ချုန်းရွာပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ ကွက်၍မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်း ၈ဝ ဖြစ်ကြောင်း၊ မြစ်ဝကျွန်းပေါ် ဒေသများတွင် ထစ်ချုန်းမည့်အခြေ အနေများ ဆက်လက်ဖြစ်ပေါ်နေ မည်ဖြစ်ကြောင်းယင်းထုတ်ပြန်ချက် တွင် ဆက်လက်ဖော်ပြထားသည်။