images
UN
UN
ငါတို့၏ ပြည်ကမ္ဘာတည်အောင်(ကဗျာ)
ကိုလှ (နပတ) Wednesday, 29 May 2019

* သူငယ်ချင်း.....
သစ်ပင်တစ်ပင် ကောင်းစေချင်ရင်
ဘေးပင်ပိုးမွှား ကပ်ပါးလည်းရှောင်
မြောင်းပေါင်မြေဆွေး စူးထိုးပေး၍
ရေအေးလည်းလောင်း ပိုးပေါင်းများစွာ
သုတ်သင်ပါမှ ပင်ကျပင်န
လွန်စွာလှ၍ အသီးရမည်
ဒါသည် သဘာဝပါသူငယ်ချင်း။
* တို့အိမ်တို့ရွှာ တို့ပြည်သာဖို့
တို့မှာရှိထား တို့အင်အားနှင့်
တို့များစုပေါင်း ညီညွတ်ကြောင်းကို
ဘေးပေါင်းလည်းသိ အားအင်ရှိရင်
ဘယ်ထိခံမလဲ သူငယ်ချင်း။
* အချင်းချင်းကွဲ သွေးခွဲသပ်လျှို
သစ်ပိုကပ်ပါး ငြိတွယ်ထားရင်
ကြာလျှင်မျိုးပျောက် အသစ်ရောက်သူ
နေရာယူလို့ ပြည်သူအမှန်
ကပ်ပါးဒဏ်ကြောင့် ပြည်မှောက်ပြည်ပျောက်
ဒုက္ခရောက်မည် သူငယ်ချင်း။
* တို့များသစ်ပင် ကပ်ပါးဝင်လည်း
စတည်းကရှင်း ရန်သွယ်ကင်းလို
ပမာဆိုရင် တို့တွင်ရှိထား
ခိုးသွားခိုးဝင် တို့တွင်အနှံ့
ပြည်လုံးပြန့်မျှ ခိုးဝင်ကြသူ
ပြည့်ရန်သူကို မြစ်ဟူအပြုတ်
ကျူငုတ်မကျန် ဖြေရှင်းလှန်ရန်
အချိန်တန်မို့ ငါတို့၏ပြည်
ကမ္ဘာတည်အောင် စွမ်းဆောင်တိုက်ထုတ်
တို့စလုပ်စို့ သူငယ်ချင်း။