images
UN
UN
ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးသူငယ်များအားထောက်ပံ့ငွေများပေးအပ်
ဦးဖိုးရယ် Thursday, 30 May 2019
ကယားပြည်နယ် ဘောလခဲ မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးသူ ငယ်များအား ထောက်ပံ့ငွေများပေး အပ်ခြင်းကို ယနေ့ နံနက် ၉နာရီက ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံး၌ ကျင်းပရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က ကလေးသူငယ် များအား ကျန်းမာသန်စွမ်းပြီး ဥာဏ်ရည်ထက်မြက်လာစေရန် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက် မိခင်များနှင့်ကလေးသူငယ်များဘဝ အစ ရက် ၁ဝဝဝ ကာလအတွင်း အာဟာရဆိုင်ရာရလဒ်များ တိုး တက်ကောင်းမွန်လာစေရန်ရည် ရွယ်ပြီး နိုင်ငံတော်မှထောက်ပံ့ပေး ခြင်းဖြစ်ကြောင်း၊ ဤအစီအစဉ်ကို သိရှိစေရန်နှင့် ထောက်ပံ့ငွေအား အကျိုးခံစားခွင့်ရှိသူထံသို့ တိုက် ရိုက်ရရှိစေရန်အတွက်ဖြစ်ကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနက ဦးစီးပြီး ဆောင်ရွက်ခြင်းဖြစ်သော်လည်း လက်တွေ့အကောင်အထည်ဖော် နိုင်ရန်မှာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှတာဝန်ရှိသူများနှင့် ဝန်ထမ်းများက ပူးပေါင်းဆောင် ရွက်ရခြင်းဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်ပြီး ကိုယ်ဝန်ဆောင် မိခင်နှင့် ၄င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက်ကလေး သူငယ်များအားပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ခရိုင်အုပ်ချုပ်ရေး မှူးဦးသိန်းအောင်၊ ပြည်နယ်လူမှု ဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးချန်ပဲ့၊ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်အေးအေးသိန်းနှင့် တာဝန်ရှိသူ များက ဘောလခဲမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် ၁ဝ၅ ဦး၊ အသက်နှစ်နှစ်အောက် ကလေး သူငယ် ၂၇ ဦးတို့ အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။