images
UN
UN
ဂျူပီတာ၏ဂြိုဟ်ရံလ ယူရိုပါမှ ရေများပန်းထွက်နေကြောင်း နာဆာပြောကြား
KK(IR) Thursday, 30 May 2019
ဂျူပီတာဂြိုဟ်၏ ဂြိုဟ်ရံလ တစ်စင်းဖြစ်သည့်ယူရိုပါ(Europa) မှ ရေများ အာကာသအတွင်းသို့ ပန်းထွက်နေသည်ကို တွေ့ရှိရ ကြောင်းနှင့် အဆိုပါဖြစ်ရပ်ကြောင့် သိပ္ပံပညာရှင်များအနေဖြင့်အသက် ရှင်နေထိုင်နိုင်ခြင်းရှိမရှိကို စမ်း သပ်ရန် နမူနာများရယူရန်အတွက် မိုင်ပေါင်းများစွာထူထဲသည့် ရေခဲ လွှာကိုဖောက်ထုတ်ယူရန် မလို အပ်တော့ကြောင်း အမေရိကန် အာ ကာသသိပ္ပံအဖွဲ့ နာဆာ(NASA)မှ ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် နောက်ထပ်များစွာ သောအထောက်အထားများကို တွေ့ရှိခဲ့သည်ဟုလည်း သိရသည်။ ဟာဘယ်တယ်လီစကုပ်ဖြင့် လေ့ လာမှုအရ ယူရိုပါတွင် ရေရှိနိုင် သည့်အခြေအနေကို သိပ္ပံပညာ ရှင်များက စတင်တွေ့ရှိခဲ့ခြင်းဖြစ် ပြီး ယခုအခါတွင်မူ နောက်ထပ် အထောက်အထားများတွေ့ရှိလာ ခဲ့ခြင်းဖြစ်သည်။
ဟာဘယ်တယ်လီစကုပ်၏ တွေ့ရှိမှုအရ ယူရိုပါ၏ မျက်နှာပြင် အပေါ်ဘက် ၁၂၅ မိုင်အမြင့်အထိ ရေများပန်းထွက်နေသည်ကို တွေ့ ရှိခဲ့ရသည်ဟု ဖော်ပြခဲ့သည်။ ယခု တွေ့ရှိချက်ကြောင့် ယူရိုပါ၏ မြေ အောက်တွင် သမုဒ္ဒရာတစ်ခုရှိနေ ပြီး သက်ရှိများ ရှင်သန်နေထိုင်နိုင် သည်ဟူသည့် ယူဆချက်မှုများ မြင့်တက်လာခဲ့သည်။ ယူရိုပါသည် ဂျူပီတာဂြိုဟ်၏ခြောက်ခုမြောက် အနီးဆုံးဂြိုဟ်ရံလဖြစ်ပြီး နေအဖွဲ့ အစည်းအတွင်းရှိ ခြောက်ခုမြောက် အကြီးဆုံးလတစ်စင်းလည်းဖြစ် သည်။ ယူရိုပါသည်နေမှမိုင်ပေါင်း သန်း ၅ဝဝ အကွာအဝေးတွင်တည် ရှိသည်။
Ref: The Guardian