images
UN
UN
ရွှေပြည်သာပတ္တမြားဈေးဝန်းကျင်မှ စည်းကမ်းမလိုက်နာသည့်ဈေးသည်များအား ဇွန် ၃ ရက်မှစ၍ အမှုဖွင့်တရားစွဲဆိုသွားမည်
ရွှေမြင့်ဦး(ရွှေပြည်သာ) Thursday, 30 May 2019
ရန်ကုန် မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ်ထန်းခြောက်ပင် လမ်းဆုံအနီးပတ္တမြားဈေးဝန်းကျင် မှ စည်းကမ်းမလိုက်နာသည့် ဈေး သည်များအား အမှုဖွင့် တရားစွဲဆို သွားမည်ဖြစ်ကြောင်း မြို့နယ်စည် ပင်သာယာရေး ကော်မတီအဖွဲ့မှ ဆုံးဖြတ်ချက်ချထားပြီးဖြစ်ကြောင်း စည်ပင်ကော်မတီဥက္ကဋ္ဌထံမှ သိရ သည်။
ယခုလ ၂၇ ရက်က ရုံးမှာ အစည်းအဝေးထိုင်ပြီး ဆုံးဖြတ် ချက်ချထားတာပါ။ ပညာပေးကာ လက ဒီလကုန်ရင်ပြီးပြီ။ ဒီအတော အတွင်းမှာ သုံးယောက် ခံဝန်ကတိ ထိုးလိုက်ရတယ်။ ဇွန်၂ရက်ဆိုရင် ကာလတစ်လ သတ်မှတ်ထားတာ ပြည့်ပြီ။ စည်းကမ်းလိုက်နာမှုက ၆၅ ရာခိုင်နှုန်းရှိပါတယ်။
လမ်းပေါ်တက် ဈေးရောင်းသူ အတော်လေးရှားသွားပါပြီ။ ဈေး သည်တွေကိုလည်းပညာပေးကာလ ပြီးရင် အမှုဖွင့် အရေးယူမယ်လို့ ကြေညာထားပါတယ်။ ဇွန် ၃ ရက် မှာစပါမယ်။ တစ်ခါတည်း အမှုဖွင့် တရားစွဲသွားမယ်။ ဒီဈေးကို စံပြ ထားပြီး လုပ်သွားမှာပါ'' ဟု ရွှေပြည်သာမြို့နယ်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဇံက ပြောသည်။
ရွှေပြည်သာမြို့နယ်တွင်းရှိ ဈေးများဝန်းကျင်တွင်ရှိသော ပျံကျ ဈေးသည်များ စည်းကမ်းမဲ့ လမ်း ပေါ်တက်ရောင်းချနေမှုများကို ရှင်း လင်းရန် ပညာပေးစီမံချက်များ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ရာ ပတ္တမြား ဈေးပြီးလျှင် လှော်ကားနီလာဈေး ကိုလည်း ဇွန်လတွင် ပတ္တမြားဈေး နည်းတူ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။