images
UN
UN
ဂုဏ်သိက္ခာရှိသည်ဆိုသောစကားလုံးနှင့် အမေရိကန်မထိုက်တန်ဟု ဖိလစ်ပိုင်သမ္မတဝေဖန်
Friday, 31 May 2019

ဖိလစ်ပိုင်သမ္မတဒူတာတီက အမေရိကန် နိုင်ငံသည် ဂုဏ်သိက္ခာရှိသည်ဆိုသောစကား လုံးနှင့်ထိုက်တန်ခြင်းမရှိဟု ဝေဖန်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖြော်ပသည်။
အမေရိကန်အစိုးရက ဖိလစ်ပိုင်အား ရိုင် ဖယ်သေနတ်များ ရောင်းချပေးနေသောအစီ အစဉ်ကို လူ့အခွင့်အရေးချိုးဖောက်မှုများ ပြု လုပ်ခဲ့သည်ဟု စွပ်စွဲကာ ရပ်ဆိုင်းခဲ့ခြင်းအား အကြောင်းပြုကာ ဒူတာတီက ပြင်းပြင်းထန် ထန်ဝေဖန်ခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင်သမ္မတ ရာထူးအား ဒူတာတီရယူခဲ့ပြီးနောက်ပိုင်းတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ အား ဦးစားပေးလုပ်ငန်းစဉ်အဖြစ် သတ်မှတ် ဖော်ဆောင်ရာခဲ့ရာ၌ လူ့အခွင့်အရေးချိုးဖောက် မှုများ ပြုလုပ်သည်ဟု စွပ်စွဲကာ အမေရိကန် ဘက်မှ ရိုင်ဖယ်သေနတ်များနှင့်ဆက်စပ် ပစ္စည်းများ ရောင်းချပေးသည့်အစီအစဉ်ကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ ဒူတာတီက ''အမေ ရိကန်နဲ့ပတ်သက်ပြီး ပြောရမယ့်မူမှန်မဟုတ် တဲ့ဖြစ်စဉ်တွေ အများကြီးရှိပါတယ်။ အမေ ရိကန်စစ်တပ်ထဲက ဗိုလ်အဆင့်လောက်ပဲရှိတဲ့ သူတွေဟာ ဗိုလ်ချုပ်ကြီးတွေအသွင်မျိုးပြုမူ ပြောဆိုကြတဲ့ဖြစ်စဉ်မျိုးတွေဖြစ်ပါတယ်။ ဒါ့ အပြင် အစိုးရပိုင်းက တာဝန်ရှိသူတွေဆိုရင် လည်း အပြောနဲ့အလုပ် မညီတာမျိုးတွေ တော် တော်လုပ်ကြပါတယ်။ အရှင်းဆုံးပြောရမယ် ဆိုရင် သူတို့ဟာ ဂုဏ်သိက္ခာရှိတယ်ဆိုတဲ့ စကားလုံးနဲ့ လုံးဝမထိုက်တန်ပါဘူး''ဟု ပြော သည်။ NG(Ref; Reuters)