images
UN
UN
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ) ပုဒ်မ ၃၆၁ တို့အား ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ အား ပြင်ဆင်ပေးရေး ပြည်သူလူထုများ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်
Friday, 31 May 2019

ပျော်ဘွယ်မြို့တွင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါပုဒ်မ ၅၉(စ)၊ ပုဒ်မ ၃၆၁ တို့အား ကာကွယ် စောင့်ရှောက်ရေးနှင့်ပုဒ်မ ၂၆၁အား ဥပဒေနှင့်အညီပြင်ဆင်နိုင်ရေးအတွက် ပြည်သူလူထုများက ယနေ့ နံနက် ၉နာရီမှ ၁ဝနာရီအထိ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
အဆိုပါဆန္ဒဖော်ထုတ်မှုအား ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်း စွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၄ နှင့်အညီ သက်ဆိုင် ရာသို့တင်ပြ၍ ငြိမ်းချမ်းစွာစီတန်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ် ကြောင်း စုံစမ်းသိရှိရသည်။
ပုဒ်မ၅၉(စ)ကာကွယ်စောင့် ရှောက်ရေး၊ အခြေခံဥပဒေကို ပြင်ချင်ရင် ဥပဒေနှင့်အညီပြင်ပါ။ နိုင်ငံတော်သမ္မတသည် နိုင်ငံတော် ၏အထွတ်အထိပ်ဖြစ်သည့် စံပြ ပုဂ္ဂိုလ်ဖြစ်ရမည်။ ဥပဒေအထက် မှာမည်သူမှမရှိပါ။ အခြေခံဥပဒေ ကိုလေးစားပါ။ ပုဒ်မ-၂၆၁ ကို ဥပဒေနှင့်အညီ ပြင်ဆင်ပေးရေး စသည့် ဗီနိုင်းပိုစတာများကိုကိုင် ဆောင်၍ စီတန်းလှည့်လည်ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။
စီတန်းလှည့်လည်ကြရာတွင် သုံးယောက်တွဲဘေးမှ ကြီးကြပ်သူ တစ်ဦးပါဝင်ကာ ငြိမ်းချမ်းစွာစီတန်း လှည့်လည်၍ ပုဒ်မ၅၉(စ)တည်တံ့ ရေး(ဒို့အရေး)၊ လူမျိုးခြားသမ္မတ မဖြစ်ရေး(ဒို့အရေး)၊ ဥပဒေနှင့် အညီအခြေခံဥပဒေပြင်ဆင်ရေး (ဒို့ အရေး)၊ ပုဒ်မ၂၆၁အား ဥပဒေနှင့် အညီ ပြင်ဆင်ပေးရေး(ဒို့အရေး)၊ ပုဒ်မ ၃၆၁ အား ကာကွယ်စောင့် ရှောက်ရေး(ဒို့အရေး)၊ အေးချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက် သောဒီမိုကရေစီနိုင်ငံတော်တည် ဆောက်ရေး(အောင်ရမည်) စသော ကြွေးကြော်သံများအား သံပြိုင် ဟစ်ကြေွးခဲ့ကြကြောင်း သိရသည်။
ဆန္ဒဖော်ထုတ်သူများအနေဖြင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒ ဖော်ထုတ်ကြရာတွင် ပျော်ဘွယ် မြို့ မြသိန်းတန်ဘုရားတောင်ဘက် တွင်လူစုပြီး ရန်ကုန်-မန္တလေး လမ်းအတိုင်း ချီတက်၍ ပျော်ဘွယ် မြို့ အမေထိန်းခန်းမတွင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ဟောပြောပွဲကို နံနက် ၁ဝနာရီခွဲတွင် ဆက်လက်ကျင်းပခဲ့ရာ ဟောပြော ပွဲအား နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့် လှစ်ပြီးနောက် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ ဒေါ်လီလီနိုင်ကျော်၊ ပထမအကြိမ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးလှဆွေနှင့် ပျော် ဘွယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးတို့က ဟောပြောခဲ့ကြ သည်။ သုတ(မန္တလေး)