images
UN
UN
လေပိုင်နက်ကန့်သတ်ထားခြင်းများအား အိန္ဒိယပယ်ဖျက်
Saturday, 01 June 2019
အိန္ဒိယနိုင်ငံသည် နိုင်ငံအတွင်းရှိ လေ ပိုင်နက်များအား ဖြတ်ကျော်ပျံသန်းမှုမပြု လုပ်ရန် ကန့်သတ်ထားမှုများကို ပယ်ဖျက် လိုက်ကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြသည်။
ကက်ရှ်မီးယားဒေသတွင် ပါကစ္စတန် နှင့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့ပြီး နောက် ပါကစ္စတန်ပိုင်နက်အတွင်းရှိ နေရာ အချို့အား အိန္ဒိယတိုက်လေယာဉ်များက တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် အိန္ဒိယ လေပိုင်နက်အချို့အား ပါကစ္စတန်လေယာဉ် များ ပျံသန်းမှုပြုလုပ်ခြင်းကို တားမြစ် သည့် ကန့်သတ်ချက်များ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယအစိုးရသည် ဖေဖော် ဝါရီ ၂၇ရက်တွင် စတင်ပြုလုပ်ခဲ့သော လေပိုင်နက်ကန့်သတ်ခြင်းများကို ပယ်ဖျက် ပေးခဲ့ခြင်းမှာ ပါကစ္စတန်နှင့်ဆက်ဆံရေး မြှင့်တင်မှုများ ပြန်လည်ပြုလုပ်ရန် ရည် ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်း သုံးသပ်မှုများရှိနေသည်။
NG(Ref; AFP)