images
UN
UN
သတ်မှတ်အကွာအဝေးအထိ မော်တော်ယာဉ်များ သွားနိုင်မည့်စနစ်ကို စတင်ဖော်ဆောင်ရန် ထိုင်းနှင့်မြန်မာစီစဉ်နေ
NG Saturday, 01 June 2019
ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံကြား တွင် သတ်မှတ်အကွာအဝေးအထိ မော်တော်ယာဉ်များ မောင်းနှင် သွားလာနိုင်မည့်စနစ်ကို စတင် ဖော်ဆောင်ရန် ပြင်ဆင်လျက်ရှိ ကြောင်း ဘန်ကောက်ပို့စ်သတင်း စာက ဖော်ပြသည်။
နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက် သုံးခုခန့်အား အသုံးပြုကာ သတ် မှတ်အကွာအဝေးအထိ မော်တော် ယာဉ်များ မောင်းနှင်သွားလာနိုင် သည့်စနစ်ကို စတင်ဖော်ဆောင် ရန် ပြင်ဆင်နေခြင်းဖြစ်ကာ လာ မည့်စက်တင်ဘာလခန့်တွင် စတင် အသုံးပြုနိုင်ရန် ရည်မှန်းလျက်ရှိ ကြောင်း ထိုင်းကုန်းလမ်းပို့ဆောင် ရေးဌာနခွဲ၏ သတင်းထုတ်ပြန် ချက်တစ်ရပ်၌ ဖော်ပြသည်။ နှစ် နိုင်ငံနယ်စပ်များမှ မိုင် ရာဂဏန်း ခန့် ကွာဝေးသောနေရာများအထိ သွားလာခွင့်ပြုရန် စီစဉ်လျက်ရှိ ကာ ထိုင်းနိုင်ငံမှ လာရောက်မည် ဆိုလျှင် ရန်ကုန်မြို့အထိ သွားလာ ခွင့်ပေးရန်နှင့် မြန်မာနိုင်ငံဘက်မှ လာရောက်ပြီဆိုပါက ဘန်ကောက် မြို့နှင့် ချောင်ဘူရီတို့အနီးရှိ ချာ ဘန်းဆိပ်ကမ်းအထိ သွားလာခွင့် ပြုရန် စဉ်းစားလျက်ရှိသည်။ နှစ် နိုင်ငံ သယ်ယူပို့ဆောင်ရေးကဏ္ဍ တွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ရည်ရွယ်ကာ အဆိုပါ အစီအစဉ်အား အကောင်အထည် ဖော်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ နှစ်နိုင်ငံကြားတွင် အပြန်အလှန် ဖြတ်သန်းသွားလာမှုပြုလုပ်မည့် ပို့ဆောင်ရေးကုမ္ပဏီများအား လိုင် စင်ထုတ်ပေးမှုများ ပြုလုပ်မည်ဟု လည်း အတည်ပြုထားသည်။