images
UN
UN
မိုးကောင်းပြည့်ဝဓမ္မစကူးလ်နှင့်ရွှေပျိုးခင်းပရဟိတ ပညာဒါနကျောင်းနှစ်ပတ်လည်တွင် ပထမအကြိမ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းမော်ထွန်း ငွေလှူဒါန်း
ရွှေဇင်(ရေနံချောင်း) Saturday, 01 June 2019
မကွေးတိုင်းဒေသကြီးရေနံချောင်း မြို့နယ် အမျိုးဘာသာသာသနာစောင့် ရှောက်ရေးအဖွဲ့မှကြီးမှူး၍ မိုးကောင်း ပြည့်ဝဓမ္မစကူးလ်နှင့်ရွှေပျိုးခင်းပရဟိတ ပညာဒါနကျောင်း သုံးနှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားနှင့် နိဗ္ဗာန်ဈေးပွဲတော်ကို ယနေ့ နံနက် ၆ နာရီမှ ညနေ ၅ နာရီအထိ သုံးကြိမ်ခွဲ၍ အခမ်းအနားကို ကျင်းပ ခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် ရွှေပျိုးခင်း ပရဟိတပညာဒါနကျောင်းနာယက ဆရာတော် ဦးသာသနာအမှူးပြုသော သံဃာတော် ၁ဝ ပါးအား ဆွမ်းနှင့် အလှူငွေများဆက်ကပ်ပြီး ကုသိုလ် ကောင်းမှုအစုစုအား ရေစက်သွန်းချခဲ့ ကြောင်း သိရသည်။
ထို့နောက် နံနက် ၈နာရီတွင် နိဗ္ဗာန် ဈေးပွဲတော်ကို ဆက်လက်ကျင်းပရာ မြို့ပေါ်ရှိအစိုးရဌာန ၂ဝနှင့် ကုသိုလ် ရှင် ၆ဝ တို့က ခေါက်ဆွဲကြော်၊ ကြာဆံ ကြော်၊ ရွှေရင်အေး၊ ဖာလူဒါစသည့် မုန့်များနှင့် အချိုရည်များအား ကျွေးမွေး ခဲ့သည်။ ထို့နောက် အာစရိယပူဇော်ပွဲ၊ ပညာရည်ချွန်ဆုပေးပွဲနှင့်အားကစား ထူးချွန်ကျောင်းသားကျောင်းသူများ ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ရေနံချောင်းမြို့နယ် ပထမအကြိမ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ လူမှု ဝန်ထမ်းဝန်ကြီးဌာန ဒုဝန်ကြီး(ငြိမ်း)ဒေါ်ဝင်းမော်ထွန်းက ကျောင်းအတွက် အလှူငွေကျပ် ၁၂ သိန်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြ ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ရွှေပျိုးခင်း ပရဟိတကျောင်းအုပ်ဦးကျော်စိုးဟန်၊ တာဝန်ခံဦးမြဇော်နှင့်ဆရာဆရာမ များ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့ ရွှေပျိုးခင်းပရဟိတပညာဒါနကျောင်းသည် ပထမ တန်းမှ တက္ကသိုလ်ဝင်တန်းအထိကျောင်းသားကျောင်းသူ ၂ဝဝ အခမဲ့ ပညာသင်ကြားပေးနေကြောင်း ကျောင်းအုပ်ဦးကျော်စိုးဟန်ထံမှ သိရ သည်။