images
UN
UN
ယခင်အင်ဒိုနီးရှားသမ္မတကတော် အန်နီယူဒိုယူနိုကွယ်လွန်
နောင်နောင် Sunday, 02 June 2019

ယခင် အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘမ်ဘမ်းယူဒိုယူနို၏ဇနီး သည် ယမန်နေ့နံနက်ပိုင်းတွင် အမျိုးသားတက္ကသိုလ်ဆေးရုံ(NUH) တွင် ကွယ်လွန်ခဲ့သည်ဟုစင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ် ပြန်ချက်တစ်စောင်တွင် ဖော်ပြခဲ့ သည်။
အသက် ၆၆ နှစ်ရှိပြီဖြစ်သော အန်နီယူဒိုယူနိုဟု လူသိများသူ ခရစ်စတီအန်နီဟာရာဝတီသည် သွေးကင်ဆာဖြင့်ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ စင်ကာပူအစိုးရအနေ ဖြင့် ဘာပတ်ယူဒိုယူနိုနှင့်မိသားစု ထံသို့လည်းကောင်း၊ အင်ဒိုနီးရှား ပြည်သူများထံသို့လည်းကောင်း ဝမ်းနည်းကြောင်းသဝဏ်လွှာပေး ပို့ခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီး ဌာနကပြောကြားခဲ့သည်။ ဖေဖော် ဝါရီလတွင် ကျင်းပသည့်သတင်း စာရှင်းလင်းပွဲတွင် ယူဒိုယူနိုက ၄င်း၏ဇနီးတွင် သွေးကင်ဆာရှိနေ ပြီး NUH တွင်ကုသနေကြောင်း ကြေညာခဲ့သည်။
ပြီးခဲ့သည့်နှစ်ပတ်က၄င်းအနေ ဖြင့်ဆေးရုံအခန်းပြင်ပသို့ နာရီ အနည်းငယ်ကြာအောင်ထွက်ခဲ့ ကြောင်း၊ လတ်ဆတ်သောလေကို သုံးလကြာပြီးနောက် ရှူရှိုက်ရခြင်း ဖြစ်ကြောင်း၊ ကျန်းမာရေးပြန် ကောင်းပါစေဟူ၍ အန်းနီယူဒိုယူနို က ၄င်း၏အင်စတာဂရမ်တွင် ဖော် ပြခဲ့သည်။ မေ ၃ဝရက်တွင်သူမ၏ ကျန်းမာရေးအခြေအနေဆိုးရွား လာသည့်အတွက်NUH အရေးပေါ် ကုသခန်းတွင်ကုသမှုခံယူခဲ့ရသည်။
၎င်း၏ဇနီးပြန်လည်ကျန်းမာ လာစေရေးအတွက် ဆုတောင်းပေး မှုများအတွက် ကျေးဇူးတင်ရှိ ကြောင်း မေ ၃၁ ရက်တွင် ယူဒိုယူ နိုက ဖော်ပြပြောဆိုခဲ့သည်။ ယူဒို ယူနိုဇနီးမောင်နှံသည် ၁၉၇၆ ခုနှစ် တွင်လက်ထပ်ခဲ့ပြီး သားသမီးနှစ် ဦးထွန်းကားခဲ့သည်ဟု သိရသည်။
Ref: CNA