images
UN
UN
မြိတ်မြို့အထက်ကန်ဖျားရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား၇၅၇ပြားနှင့်အတူ နှစ်ဦးဖမ်းဆီးရမိ
မြင့်ဦး(မြိတ်) Sunday, 02 June 2019

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ဖျားနယ်မြေအထက် ကန်ဖျားရပ်ကွက် ဓမ္မာရုံလမ်းရှိ နေအိမ်တစ်အိမ်၌ ယမန်နေ့မွန်းလွဲ ၂ နာရီက မူးယစ်ဆေးဝါးများအား လက်ဝယ်ထားရှိရောင်းချသုံးစွဲနေ ကြောင်း သတင်းအရ သွားရောက် ရှာဖွေခဲ့ရာမှWY စာတန်းပါစိတ် ကြွရူးသွပ်ဆေးပြား ၇၅၇ပြားနှင့် အတူ နှစ်ဦးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြိတ်ခရိုင်မှုခင်းအကူအဖွဲ့မှ ရဲအုပ်အောင်နိုင်ဦးနှင့်တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ ယမန်နေ့မွန်းလွဲ ၂နာရီက မြိတ်မြို့ ကန်ဖျားနယ်မြေ အထက်ကန်ဖျား ရပ်ကွက်နေမြတ်သူစိုး၏ နေအိမ် တွင် မူးယစ်ဆေးဝါးများအား လက်ဝယ်ထားရှိရောင်းချသုံးစွဲနေ ကြောင်းသတင်းအရ ခရိုင်ရဲတပ် ဖွဲ့မှူးထုတ်ပေးသော မယဖမ်း ဝရမ်းအမှတ်(၁၃/၂ဝ၁၉)ဖြင့်သွား ရောက်ရှာဖွေခဲ့ရာ မြတ်သူစိုး၏ နေအိမ်အောက်ထပ်တွင် စည်သူစိုး အားတွေ့ရှိရပြီး ၄င်းခန္ဓာကိုယ်အား သက်သေများနှင့်အတူ ရှာဖွေရာ ၄င်းလွယ်ထားသောJINGPN တံ ဆိပ်ပါ အနက်ရောင်လွယ်အိတ် အသေးအတွင်းမှWYစာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၇ဝ၊ နေ အိမ်အတွင်းဆက်လက်ရှာဖွေရာ အိမ်နောက်ဖေးအိမ်သာထဲတွင်ပုန်း နေသောမြတ်သူစိုးအားတွေ့ရှိရပြီး ၄င်းယာဘက်လက်ထဲတွင်ကိုင် ဆောင်ထားသည့်WY စာတန်း ပါစိတ်ကြွရူးသွပ်ဆေးပြား ၃၈၇ ပြား၊ စုစုပေါင်းဆေးပြား၇၅၇ ပြား အလေးချိန်(သုညဒသမဝ၇၅၇)ကီ လိုဂရမ်ခန့် ကာလတန်ဖိုးငွေကျပ် ၃၇၈၅ဝဝဝ တို့အား ရှာဖွေ့တွေ့ရှိ သဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများလက်ဝယ်ထားရှိ ပူးပေါင်းရောင်းချသုံးစွဲသူ စည်သူ စိုး(၁၉)နှစ်မ/၇၆ဗလလမ်းထားဝယ် ကမ်း(၁)ရပ်ကွက် မြိတ်တောင် နယ်မြေ မြိတ်မြို့နေသူနှင့် မြတ် သူစိုး(၃၅)နှစ်၊ ကန်ဖျားရပ်ကွက် ကန်ဖျားနယ်မြေ မြိတ်မြို့နေသူတို့ နှစ်ဦးအား မြိတ်မြို့မရဲစခန်းမှမ ယ(ပ)၁၁၉/၂ဝ၁၉၊မူး/စိတ် ပုဒ်မ ၁၉(က)/၂၁ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။