ခုနစ်လအတွင်းဖြစ်ပေါ်ခဲ့သောကုန်သွယ်ရေးလိုငွေ အမေရိကန်ဒေါ်လာ တစ် ဘီလီယံနီးပါးရှိ
NG
Sunday, 02 June 2019
၂ဝ၁၈ ခုနှစ်အောက်တိုဘာ ၁ ရက်မှ ၂ဝ၁၉ ခုနှစ် မေလကုန် အထိ ကြာမြင့်သော ခုနစ်လတာ ကာလအတွင်း မြန်မာ့ကုန်သွယ်မှု ကဏ္ဍတွင်ဖြစ်ပေါ်ခဲ့သော ကုန် သွယ်ရေးလိုငွေမှာ အမေရိကန် ဒေါ်လာ တစ်ဘီလီယံနီးပါးရှိ ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
မြန်မာနိုင်ငံစီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂ဝ၁၈ ခုနှစ်အောက်တိုဘာ ၁ ရက်တွင် အစပြုခဲ့သော လက်ရှိ ဘဏ္ဍာနှစ်၏ပထမခုနစ်လအတွင်း ဖြစ်ပေါ်ခဲ့သောကုန်သွယ်မှုပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၂ ဘီလီယံရှိခဲ့ကြောင်း၊ ပြည်ပသို့တင်ပို့ခဲ့သည့် ပို့ကုန် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁ဝ ဒသမ ၁၅ ဘီလီယံရှိကြောင်း၊ ပြည်တွင်းသို့ တင်သွင်းခဲ့သည့် သွင်းကုန်ပမာဏမှာ အမေရိကန် ဒေါ်လာ ၁၁ ဒသမ ဝ၅ ဘီလီယံ ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ သည်။ ခုနစ်လအတွင်းဖြစ်ပေါ်ခဲ့ သော ကုန်သွယ်မှုများထဲတွင် ပင် လယ်ရေကြောင်းမှတစ်ဆင့်ပြုလုပ် ခဲ့သော ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၈ဘီလီယံရှိခဲ့ပြီးနယ်စပ်ကုန်သွယ် ရေးစခန်းများမှတစ်ဆင့်ပြုလုပ်ခဲ့ သော ကုန်သွယ်မှုပမာဏမှာအမေ ရိကန်ဒေါ်လာ ၆ ဒသမ၃ဘီလီယံ ရှိကြောင်း၊ယမန်နှစ်ကာလတူအနေ အထားတွင်ဖြစ်ပေါ်ခဲ့သော ကုန် သွယ်မှုပမာဏနှင့် နှိုင်းယှဉ်ပါ က အမေရိကန်ဒေါ်လာ၂၂၁သန်း မြင့် တက်ခဲ့သည်ဟုအတည်ပြုခဲ့သည်။