images
UN
UN
ရခိုင်ဒေသမှာ AA ကိုအခြေချတာ လုံးဝလက်မခံပါဘူးဟု တပ်မတော်က ထုတ်ဖော်ပြောကြား
တင်တင်အေး Sunday, 02 June 2019

ရခိုင်ဒေသမှာ AA ကိုအခြေချ တာလုံးဝလက်မခံပါဘူးဟု တပ်မ တော်က ယနေ့ထုတ်ဖော်ပြော ကြားလိုက်သည်။
နေပြည်တော်ရှိ တပ်မတော်စစ် သမိုင်းပြတိုက်တွင် ယနေ့မွန်းလွဲ ပိုင်းက ကျင်းပသော တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် တပ်မ တော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌဗိုလ်ချုပ်စိုးနိုင်ဦးက အထက် ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။
AA အပေါ်တွင်ထားရှိသော တပ်မ တော်၏ သဘောထားနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်စိုးနိုင်ဦးက''ရခိုင်ဒေသမှာ AAကို အခြေချတာ ကျွန်တော်တို့ လုံးဝလက်မခံ ပါဘူး။ ဒါက တပ်မတော်ရဲ့သဘောထား ပါ''ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့ပြင် တပ်မတော်နှင့်KNU တို့၏ ဆက်ဆံရေးနှင့်ပတ်သက်ပြီး ၄င်းက 'KNU နဲ့ ဆက်ဆံရေး ကျွန်တော်တို့နဲ့ ကောင်းပါတယ်။ အခုလည်းကောင်းပါ တယ်။ သို့ သော်လည်းပဲ သူတို့ထဲမှာတော့ မူဝါဒပိုင်းဆိုင်ရာသော်လည်းကောင်း ဆွေး နွေးနေတာတွေရှိတယ်လို့တော့ အကြမ်း ဖျင်းသိပါတယ်။ ကျွန်တော်တို့နဲ့ ဆက်ဆံ ရေး ဘာပြဿနာမှမရှိပါဘူး''ဟုလည်း ရှင်းလင်းပြောကြားခဲ့သည်။
တပ်မတော်အနေဖြင့် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်က ဖျက်ဆီးခဲ့သော ဘိန်းခင်း ပေါင်း ဧက ၅၃ဝဝ ကျော်ရှိခဲ့ပြီး၊ ယခု ၂ဝ၁၉ ခုနှစ် ငါးလတာကာလအတွင်း ဖျက်ဆီးခဲ့သော ဘိန်းခင်းပေါင်း ဧက ၂၄ဝဝ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် မူးယစ်ဆေးဝါးဖမ်းဆီးမှုအနေ ဖြင့် ၂ဝ၁၈ ခုနှစ်က ကျပ်သန်းပေါင်း လေးသောင်းလေး ထောင်ကျော်၊ ယခု ၂ဝ၁၉ ခုနှစ် ငါးလတာအတွင်း ကျပ်သန်း ပေါင်း နှစ်ထောင့်နှစ်ရာကျော်တန်ဖိုးအထိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ တပ်မတော်သတင်းစာရှင်း လင်းပွဲမျိုးကို တပ်မတော်တာဝန်ရှိသူများ က လစဉ်ကျင်းပနေခြင်းဖြစ်ပြီး ယနေ့ရှင်း လင်းပွဲတွင် ရခိုင်ပြည်နယ်ကိစ္စ၊ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စများနှင့်ပတ်သက်ပြီး တပ်မတော်၏ လုပ်ဆောင်နေမှုများကိုရှင်း လင်းပြောကြားခဲ့သည်။