images
UN
UN
ကျေးလက်ဒေသအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ပထမဆုပူးတွဲရရှိသောကျေးရွာနှစ်ရွာအားဂုဏ်ပြု
ကျော်ဆွေဝင်း(ရွှေအင်း) Monday, 03 June 2019
ပဲခူးတိုင်းဒေသကြီးကျေးလက် ဒေသအမျိုးသမီးများဖွံ့ဖြိုးတိုးတက် ရေးစီမံချက်ပထမဆုရရှိသောကျေး ရွာနှစ်ရွာအားဂုဏ်ပြုပွဲအခမ်းအနား ကို ယခုလ ၁ ရက် မွန်းလွဲပိုင်းက ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ဂုဏ်ပြုအမှာ စကားပြောကြားခဲ့ပြီး ဖြူးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းဝေလှိုင်က စံပြကျေးရွာ နှစ်ရွာအား ပထမဆုရရှိအောင် ကဏ္ဍကြီးငါးရပ်နှင့်အညီ ကြိုးစား အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ရပုံများကို ရှင်းလင်းပြောကြား ခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ခြင်း နှင့် ဂုဏ်ပြုလက်ဆောင်များပေး အပ်ရာတွင် မြို့နယ်အမျိုးသမီးရေး ရာဥက္ကဋ္ဌဒေါ်နှင်းဝေလှိုင်က ပူးတွဲ ပထမဆုရရှိသော ဖြူးမြို့နယ် ဖြူး အရှေ့ကျေးရွာအုပ်စု ဘန်းလောင်ဥ တိုကျေးရွာနှင့် ရွာတန်းရှည်ကျေး ရွာအုပ်စု ရွာတန်းရှည်ရွာမှ အမျိုး သမီးရေးရာအဖွဲ့များအား တစ်ရွာ လျှင် ဆုငွေကျပ်သုံးသိန်းစီချီးမြှင့် ခဲ့ပြီး စီမံချက်များအကောင်အထည် ဖော်ဆောင်ရွက်ရာ၌ ကူညီပံ့ပိုးခဲ့ ကြသူများအား တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များအသီးသီး ပေးအပ်ကာအခမ်းအနားကို မွန်းလွဲ ၂ နာရီတွင် ရုပ်သိမ်းခဲ့သည်။