images
UN
UN
မိုးဦးလေဦး ကလေးတွေမှာ အဖြစ်များ သွေးလွန်တုပ်ကွေးနှင့်ဝမ်းပျက်ဝမ်းလျှောရောဂါများ
ပေါက်ပေါက် Monday, 03 June 2019
ကလေးများအနေဖြင့် မိုးရာသီတွင် တခြားသောရောဂါများ ဖြစ်ပေါ်လေ့ ရှိသော်လည်းအထူးသဖြင့် သွေးလွန်တုပ် ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါနှစ်မျိုး မှာ အထူးဖြစ်ပွားလေ့ရှိသည်။
မြန်မာနိုင်ငံတွင် ထူးခြားမှုအနေဖြင့် သွေးလွန်တုပ်ကွေးကလေးနှစ်တစ်ကြိမ်ခန့် လူနာများစွာဖြစ်တတ်သည်။ရှေးယခင်က မိုးတွင်းမှာသာ သွေးလွန်တုပ်ကွေးဖြစ်ကြ သော်လည်း၊ယခုနောက်ပိုင်းနှစ်များအတွင်း တစ်နှစ်ပတ်လုံးလိုလို သွေးလွန်တုပ်ကွေး ဖြစ်ကြသည်။ မိုးဦးလေဦးရာသီတွင် ခြင် ပို၍ပေါသဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကမိုးရာသီကျောင်းဖွင့်စအချိန်ကျောင်းနေ အရွယ်ကလေးများတွင်ကူးစက်ဖျားနာအဖြစ် များလာကြသည်။ ထို့ကြောင့် ၂ဝ၁၉ခုနှစ် မေလဆန်းမှစပြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင် ရာမြို့နယ်များအားလုံး သွေးလွန်တုပ်ကွေး ရောဂါနှိမ်နင်းရေးဆိုင်ရာ လုပ်ငန်းများ အကြောင်းရှင်းလင်းဟောပြောပွဲများ ပြု လုပ်ပေးလျက်ရှိကြသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါမှာလည်း ရှေးယခင်ကပုံမှန်အားဖြင့်ဆောင်းရာသီနှင့် နွေရာသီတွင်ဖြစ်ပေါ်လေ့ရှိရာ၊ဆောင်းရာသီ တွင်ဗိုင်းရပ်စ်ကြောင့်ဖြစ်ပေါ်ပြီး နွေရာသီ တွင်ဗက်တီးရီးယားပိုးကြောင့်ဖြစ်ပေါ်သည်။ ယခုနောက်ပိုင်းနှစ်များတွင် ကျောင်းနေ ရွယ်ကလေးများ အစားအသောက်မသန့် ရှင်းမှု၊ တစ်ကိုယ်ရေသန့်ရှင်းရေး အား နည်းမှု၊ အိမ်နှင့်ကျောင်းပတ်ဝန်းကျင်တွင် ခြင်များခိုအောင်းမှုတို့ကြောင့် မိုးဦးလေဦး ကာလကျောင်းဖွင့်စတွင်ဝမ်းပျက်ဝမ်းလျှော အဖြစ်များသည်။
ပြီးခဲ့သည့် ၂ဝ၁၈ခုနှစ် မိုးဦးကျတွင် ကလေးများသွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါတို့ ဖြစ်ပွားခဲ့ပြီး ရန်ကင်းကလေးဆေးရုံသို့ တစ်နေ့လျှင် ကလေးငယ်ငါးဦးခန့် လာရောက်ပြသမှု ရှိခဲ့သည်။
သို့ပါ၍ယခုလိုမိုးဦးလေဦးကျရောက် တိုင်းကလေးတွေမှာအဖြစ်များတတ်သော သွေးလွန်တုပ်ကွေးရောဂါနှင့်ဝမ်းပျက်ဝမ်း လျှောရောဂါတို့အကြောင်းကို ကြိုတင် သတိထားကာကွယ်နိုင်ကြစေရန်အလို့ငှာ စာရေးသူမှရေးသားအကြံပြုလိုပါသည်။

သွေးလွန်တုပ်ကွေးရောဂါ
သွေးလွန်တုပ်ကွေးရောဂါ၏ အဓိက တရားခံမှာ ခြင်ကျားများဖြစ်သည်။ ရေ အိုင်များ၊ အိုးခြမ်းပဲ့များ၊ ဘက်ထရီအိုး ဟောင်းများတွင် မိုးရွာပြီးနောက် မိုးရေ တင်ကျန်ခဲ့ပြီး၊ နေထွက်လာသောအခါ ပိုးလောက်လမ်းတွေ ပေါက်ပွားလာကာ၊ ၄င်းမှတစ်ဆင့် ခြင်းကျား (ခေါ်)ခြင်ပုန်း တွေ ဖြစ်လာသည်။
ရောဂါလက္ခဏာများမှာ အပူချိန် ၁ဝဝနှင့်အထက် အဖျားကြီးခြင်း၊ ကိုယ် အပူချိန်၁ဝ၅ဒီဂရီဖာရင်ဟိုက်ခန့်အထိ ရုတ်တရက်ဆောင့်တက်လာခြင်း၊ ခေါင်း အလွန်ကိုက်ခဲခြင်း၊ နားထင်နာကျင်ကိုက် ခဲခြင်း၊အရိုး/ကြွက်သား/အရိုးဆစ်စသည့် ကိုယ်လက်ကိုက်ခဲခြင်း၊ ဗိုက်နာဗိုက် အောင့်ပြီးဗိုက်ကို အထိမခံနိုင်ခြင်း၊ ခိုက် ခိုက်တုန်၍ ခြေဖျားလက်ဖျား အေးစက် ခြင်း၊အရေပြားပေါ်အနီရောင်အစင်းကြောင်း များပေါ်လာခြင်း၊ မျက်နှာနီအန်းခြင်း၊ ပင်ပန်းနွမ်းနယ်ကာ အချိန်ပြည့်မှိန်းနေ တတ်ပြီး အစာစားချင်စိတ်မရှိခြင်း၊အစား အသောက် (သို့မဟုတ်) အရည်ဝင်သည် နှင့်တစ်ပြိုင်နက် အန်ထွက်ခြင်း၊ လည် ချောင်းနာခြင်း၊ လက်မောင်းကိုသွေးပေါင် ချိန်တိုင်းကိရိယာနှင့်တိုင်းကြည့်ပါကHess TestPositiveဖြစ်နေခြင်း စသည်တို့ဖြစ် သည်။ (အချို့သူများမှာ ချောင်းဆိုးနှာစေး ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်သည်။)
ရောဂါဖြစ်လာမှ ကုသခြင်းထက်၊ မဖြစ်အောင် ကြိုတင်ကာကွယ်ထားတတ် ဖို့လိုအပ်သည်။ ထို့ကြောင့် 'ကာကွယ် ခြင်းက ကုသခြင်းထက် ပိုမိုထိရောက် တယ် (Prevention is better than Cure)'ဟုဆိုရိုးစကားရှိသည်။အရေးကြီး ဆုံးမှာ ခြင်ကိုက်မခံရအောင် အထူးသတိ ထားဖို့လိုသည်။ အင်္ကျီလက်ရှည်၊ ပုဆိုး ရှည်ရှည်ဝတ်ဆင်ခြင်း၊ ခြင်ထောင်ဖြင့် အိပ်စက်ခြင်း၊ ရေစီးရေလာကောင်းပြီး ခြင်မပေါက်ပွားစေရန် ရေဆိုးမြောင်းများ ရှင်းလင်းခြင်း၊ လေဝင်လေထွက်ကောင်း ပြီး ခြင်မခိုအောင်းနိုင်အောင် အိမ်တွင်း အိမ်ပြင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ခြံတွင်း ခြံပြင် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်း ခြင်း၊ ကိုယ်ထူကိုယ်ထဖုံး-သွန်-လဲ-စစ် ပြုလုပ်ခြင်း၊ ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်း ခြင်း စသည်တို့ကို မိမိအသိစိတ်ဓာတ်ဖြင့် အိမ်ထောင်စုအသီးသီးတိုင်းတာဝန်ယူတတ် ကြဖို့လိုသည်။
ထိုသို့ပြုမူနေထိုင်ခြင်းဖြင့် သန့်ရှင်းကျန်းမာသော စံပြရပ်ကွက်၊ကျေး ရွာ၊ မြို့နယ်မှသည် မြန်မာတစ်ပြည်လုံး အတိုင်းအတာထိ သွေးလွန်တုပ်ကွေး ရောဂါ ကျဆင်းလာမည်ဖြစ်ပါသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါ
မိုးရာသီရောက်တိုင်း နှစ်စဉ်ကူးစက် ပြန့်ပွားနေကျ ရောဂါဆိုးတစ်ခုဖြစ်သည်။မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရပ်ကွက် နှင့်လမ်းများပေါ်က ရေဆိုးရေညစ်များနှင့် အတူမိုးရေလျှံလာတတ်သည်။ ထို့နောက် ရေပြန်ကျသွားသောအခါ အညစ်အကြေး အနယ်အနှစ်တွေတင်ကျန်ရစ်ခဲ့ပြီးVibiro Cholerae(ခေါ်)ဝမ်းရောဂါကူးစက်ရောဂါ ပိုးမွှားပေါက်ပွားမှု များပြားလာသည့် အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ် လာရသည်။ ဒါ့ပြင်မိုးရွာ၍ရေကြီးစဉ် ထို ညစ်ညမ်းသောရေထဲ ဖြတ်လျှောက်သွား ပြီးနောက် တစ်ကိုယ်ရေသန့်ရှင်းမှုအား နည်းခြင်းကလည်း ရောဂါပိုးကူးစက် ခံရဖို့ သေချာသလောက်ရှိနေပါသည်။
မသန့်ရှင်းသည့်အစားအစာများ၊မသန့် ရှင်းသည့် သောက်ရေသုံးရေများ၊ အမှည့် လွန်သစ်သီးများ၊ယင်နားစာများ၊လက်လုပ် ချဉ်များ၊ သန့်ရှင်းလတ်ဆတ်မှုမရှိသော လမ်းဘေးအစားအစာများ စသည်တို့ကို အထူးသတိပြုရှောင်ရှားဖို့လိုသည်။ သို့ မဟုတ်ပါက နောက်ဆက်တွဲ ပြဿနာ များအဖြစ် အစာအိမ်နာခြင်းနှင့် အစာ အဆိပ်သင့်ခြင်းအတွက်ကိုပါစိုးရိမ်ရသည်။ အထူးသဖြင့်ကိုယ်ခံအားနည်းသောရင်ခွင် ပိုက်ကလေးငယ်များ၊ ကျောင်းနေအရွယ် ကလေးများနှင့်သက်ကြီးရွယ်အိုတွေအတွက် အသက်အန္တရာယ်နီးသည်။
ကမ္ဘာပေါ်တွင် နှစ်စဉ်ဝမ်းရောဂါဖြစ် ပွားသူ သုံးသန်းမှငါးသန်းအထိရှိပြီး ၄င်းတို့အနက် တစ်သိန်းကျော်မှာ ဝမ်း ရောဂါကြောင့်သေဆုံးကြရကြောင်းကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ကြေညာ ထားသည်။ နာရီပိုင်းအတွင်းမှာပင် ဆန် ဆေးရည်အရောင် ဝမ်းများအဆက်မပြတ် သွားခြင်း သို့မဟုတ် တစ်နေ့တည်းမှာ ပင် ဝမ်းအရည် သုံးကြိမ်နှင့်အထက် ဝမ်း သက်ခြင်း၊ဝမ်း(မစင်)ထဲတွင်သွေးပါခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ မှိန်း၍ပျော့ခွေ ခြင်း၊ အရည်ကောင်းစွာ မသောက်နိုင် ခြင်း(သို့မဟုတ်)ခံတွင်းခြောက်၍ရေအငမ်း မရသောက်ပြီးနောက် ထိုရေအတိုင်း ဝမ်း သွားခြင်း၊ပြန်အန်ထွက်ခြင်းစသည့်ရောဂါ လက္ခဏာများပြနေပြီဆိုပါက ဓာတ်ဆား ရည်များများသောက်၍ နီးစပ်ရာဆေးရုံ ဆေးခန်းသို့အချိန်မဆိုင်းဘဲ ပြသင့်သည်။
အခြားသူများသို့  ဆက်လက်၍မကူး စက်နိုင်အောင် ဝမ်းသွားပြီးတိုင်း သန့်စင် ခန်း(အိမ်သာ)ကိုရေနိုင်နိုင်လောင်းချ သင့် သည်။ဝမ်းပျက်ဝမ်းလျှောခြင်းကိုထိရောက် စွာ ကုသမှုမခံယူဖြစ်ပါက ခန္ဓာကိုယ်ထဲ မှာ ရေဓာတ်ဆုံးရှုံး၍ သွေးပေါင်ကျကာ သတိလစ်ပြီး နာရီပိုင်းအတွင်း အသက် ဆုံးရှုံးနိုင်၍ မပေါ့ဆသင့်ပေ။
သို့ပါ၍ ယခုနှစ်မိုးဦးလေဦးကျောင်း ဖွင့်စအချိန်တွင် သင့်ကလေးအတွက်သွေး လွန်တုပ်ကွေးရောဂါနှင့်ဝမ်းပျက်ဝမ်းလျှော ရောဂါအန္တရာယ်များမှ ကြိုတင်ကာကွယ် ထားသင့်ကြပါစေကြောင်း သတိစကား ပါးလိုက်ရပါသည်။