images
UN
UN
ကမ္ဘာတစ်ဝန်း အရက်သေစာသောက်စားမှုနှင့် အကျိုးဆက်များ
ဒေါက်တာနေဝင်း(မွေးကု) Wednesday, 05 June 2019
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂ဝ၁၈ ခုနှစ် အရက်သောက်မှုနှင့် ပြည်သူ့ ကျန်း မာရေး အခြေအနေ အစီရင်ခံစာတွင် ကမ္ဘာပေါ်ရှိ လူထု၏ ကျန်းမာရေး အခြေ အနေများမှာ ခရစ်နှစ် ၂ဝဝဝ ပြည့်နှစ် ကျော်ကာလများတွင် အရက်ကို အန္တရာယ်ရှိစွာ သောက်မှုနှင့် ဆက်စပ် လျက်ရှိသည်။ ကားလမ်းမများပေါ်တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုများ၊ ခိုက်ရန် ဖြစ်ပွားမှုများ၊ အဆုတ်နာရောဂါ၊ အသည်း ရောဂါ၊ ကင်ဆာရောဂါ၊ နှလုံးနှင့် သွေး ကြောဆိုင်ရာ ရောဂါ၊ အိတ်ခ်ျအိုင်ဗွီ ရောဂါ၊ အေအိုင်ဒီအက်စ် ရောဂါများမှ စ၍ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ စည်မှုများအထိ ဆိုးကျိုးများကို ခံစား ရလျက်ရှိသည်ကို တွေ့ရှိရကြောင်း ဖော် ပြထားပါသည်။
ကမ္ဘာပေါ်တွင် အရက်သောက်မှု အမြင့်မားဆုံး နိုင်ငံများအနေဖြင့် ဥရောပ နှင့် အာဖရိကတိုက်ရှိ နိုင်ငံများတွင် ဖြစ်ပြီး ၂ဝ၁၆ ခုနှစ် တစ်ကမ္ဘာလုံး သေဆုံးသည့်လူပေါင်း သုံးသန်းအနက်မှ အရက်သောက်မှုကြောင့် သေဆုံးသူ လူ ပေါင်း ၅ ဒသမ ၃ ရာခိုင်နှုန်း ပါဝင် ခဲ့ကြောင်းလည်း ဖော်ပြထားပါသည်။
အရက်သောက်မှုကြောင့် ကမ္ဘာ တစ် ဝန်းတွင် လူပေါင်း ၁၃၂ ဒသမ ၆ သန်း ခန့်မှာလည်း ကိုယ်အင်္ဂါ မသန်မစွမ်း ဖြစ်၍ ၄င်းတို့၏ဘဝတစ်လျှောက်လုံး နေထိုင်သွားရသည်ကို တွေ့ရှိရသည်။ ၂ဝ၁၆ ခုနှစ်အတွင်း အမျိုးသား ဦးရေ ပေါင်း ၂ ဒသမ ၃ သန်းခန့် သေဆုံးခဲ့၍ ကိုယ်အင်္ဂါမသန်စွမ်းမှုပေါင်း ၁ဝ၆ ဒသမ ၅ သန်းခန့် ရှိခဲ့သည်။ အမျိုးသမီးပေါင်း သုည ဒသမ ၇သန်းခန့် သေဆုံးခဲ့၍ ကိုယ်အင်္ဂါ မသန်စွမ်းမှုပေါင်း ၂၆ ဒသမ ၁ သန်း ဖြစ်ပွားခဲ့ကြောင်း ဖော်ပြ ထားပါသည်။ ဖော်ပြပါ သေဆုံးခဲ့သူ အားလုံး၏ ၁၃ ဒသမ ၅ ရာခိုင်နှုန်းမှာ အသက်၂ဝနှစ်မှ အသက်၃၉နှစ်အတွင်းရှိ လူငယ်များဖြစ်သည်ကိုလည်း တွေ့ရ ကြောင်း ဖော်ပြထားပါသည်။
၂ဝ၁၆ ခုနှစ်အတွင်း အရက်သောက် မှုကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးခဲ့သော လူပေါင်း ၁ဒသမ၇သန်းခန့်တွင် ကူးစက် ရောဂါမဟုတ်သည့်ရောဂါများဖြစ်သည့် အစာအိမ်ရောဂါနှင့်နှလုံးသွေးကြောဆိုင်ရာ ရောဂါများကြောင့် လူပေါင်း ၁ ဒသမ ၂သန်းခန့်သေဆုံးခဲ့သည်။ ကင်ဆာရောဂါ ကြောင့် လူပေါင်း သုည ဒသမ ၄ သန်း ခန့် သေဆုံးခဲ့ပြီး ဒဏ်ရာအနာတရ ရရှိမှု လူပေါင်း သုည ဒသမ ၉ သန်းခန့်ရှိခဲ့ သည်။ ယာဉ်မတော်တဆဖြစ်မှုကြောင့် လူပေါင်း ၃၇ဝဝဝဝ နှင့်ကိုယ့်ကိုယ်ကိုယ် ပြန်၍ အန္တရာယ်ပြုမှုကြောင့် လူပေါင်း ၁၅ဝဝဝဝ နှင့် တစ်ဦးနှင့်တစ်ဦး ခိုက်ရန် ဖြစ်ပွားမှုကြောင့် လူပေါင်း ၉ဝဝဝဝ ခန့် သေဆုံးခဲ့ကြရသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားပါသည်။
အာရှနှင့် ပစိဖိတ်ဒေသ ဆေးပညာ ဆိုင်ရာ စာစောင်တွင် ၂ဝဝ၅ ခုနှစ် ကာလတွင် အာရှတိုက်ရှိ နိုင်ငံပေါင်း ၅၇ နိုင်ငံအား ဆန်းစစ်လေ့လာမှုအရ တစ်ဦးချင်း အရက်သောက်သည့် ပမာဏ မှာ ကမ္ဘာတစ်ဝန်း အရက်သောက်မှုနှုန်း ထက် မြင့်မားနေပြီး တစ်နှစ်လျှင် လူ ပေါင်း သုံးသန်းခန့် အရက်သောက်မှု ကြောင့် သေဆုံးခဲ့ပြီး ယင်းပမာဏအား ကြည့်ပါက လွန်ခဲ့သော နှစ်များအတွင်း ကထက် သေဆုံးမှုနှုန်း မြင့်တက်ခဲ့သည် ကို တွေ့ရှိရကြောင်း ဖော်ပြထားပါသည်။ ၂ဝဝ၄ ခုနှစ်အတွင်းက သေဆုံးသည့် အရေအတွက်မှာ နှစ်သန်းမှ ၂ ဒသမ ၅ သန်းရှိခဲ့ရာမှ ၂ဝ၁၂ ခုနှစ်အတွင်း ၃ ဒသမ ၃ သန်းခန့်အထိ မြင့်မားလာ ကြောင်းလည်း တွေ့ရှိရပါသည်။ ဤ သေဆုံးမှုများမှာ ထိုကာလအတွင်း ကမ္ဘာ တစ်ဝန်းလုံး သေဆုံးမှု အားလုံး၏ လေး ရာခိုင်နှုန်းမှ ခြောက်ရာခိုင်နှုန်း ဖြစ်သည် ကို တွေ့ရှိရကြောင်း ဖော်ပြထားပါသည်။
ကမ္ဘာတစ်ဝန်း အသက် ၁၅ နှစ် အထက် လူငယ်များအတွင်း အရက် သောက်သူ ပမာဏ မြင့်တက်လာမှု သည် မူးယစ်ဆေးသုံးစွဲမှုထက် ရှစ်ဆ ခန့် မြင့်တက်ခဲ့ကြောင်း ထိတ်လန့်ဖွယ်ရာ တွေ့ရှိရပါသည်။
အသက် ၁၅ နှစ်နှင့် အထက် လူငယ်များ၏ အရက်သောက် သည့် ပမာဏမှာ ၂ဝဝ၃ ခုနှစ်မှ ၂ဝဝ၅ ခုနှစ်ကာလအတွင်း ၂ ဒသမ ၄ လီတာ ဖြစ်၍ ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ် အတွင်း ပမာဏမှာ ၂ ဒသမ ၈ လီတာ အထိ မြင့်တက်ခဲ့ကြောင်း တွေ့ရပါ သည်။ ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ် အတွင်း တစ်ဦးချင်း ပျမ်းမျှ အရက် သောက်မှု ပမာဏအား ကြည့်ပါက အမျိုးသားများ၏ အရက်သောက်မှုမှာ အမျိုးသမီးများထက် ၅ ဒသမ ၃ ဆခန့် မြင့်တက်ခဲ့ကြောင်း တွေ့ရပါသည်။
၂ဝဝ၈ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အတွင်း အန္တရာယ်ရှိစွာ အရက်သောက်သည့် နိုင်ငံများအား ကြည့်ပါက တောင်ကိုရီး ယား နိုင်ငံတွင် ၁၂ ဒသမ ၃ လီတာ၊ သြစတြေးလျနိုင်ငံတွင် ၁၂ဒသမ ၂ လီတာ၊ နယူးဇီလန်နိုင်ငံတွင် ၁ဝ ဒသမ ၉ လီတာ၊ ကူဝိတ်နိုင်ငံတွင် သုည ဒသမ ၁ လီတာ၊ ပါကစ္စတန်နိုင်ငံတွင် သုည ဒသမ ၁ လီတာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သုည ဒသမ ၂ လီတာ၊ ဆော်ဒီအာရေဗျနိုင်ငံ တွင် သုည ဒသမ၂လီတာတို့ ဖြစ်သည် ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အစီရင်ခံစာ နှစ်ခုအား နှိုင်းယှဉ် ချက်အရ အရက်သောက်မှု ပမာဏ မပြောင်းလဲသော နိုင်ငံများ၏ အရေ အတွက်မှာ ၅၆ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်၍ အရက်သောက်မှု ပမာဏ မြင့် တက်လာသော နိုင်ငံပေါင်း ၂၄ ဒသမ ၆ ရာခိုင်နှုန်းဖြစ်ပြီး အရက်သောက်မှု ပမာဏ ကျဆင်းလာသော နိုင်ငံပေါင်း ၁၉ ဒသမ ၃ ရာခိုင်နှုန်း ဖြစ်သည်ကို တွေ့ရှိရပါသည်။
၂ဝဝ၂ ခုနှစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ခန့်မှန်းချက်အရ ကမ္ဘာပေါ်ရှိ လူသန်းပေါင်း ၂ဝဝဝခန့် အရက်သောက် ကြပြီး လူသန်းပေါင်း ၇၆ ဒသမ ၃ သန်းမှာ လွဲမှားစွာ အရက်သောက်မှု၏ ဒဏ်အား ခံစားနေရကြောင်း ဖော်ပြ ထားသည်။ ကမ္ဘာတစ်ဝန်းတွင် သေဆုံး သူများ၏ ၃ ဒသမ ၂ ရာခိုင်နှုန်းဖြစ် သော လူပေါင်း ၁ ဒသမ ၈ သန်းခန့်မှာ အရက် သောက်မှုကြောင့်သေဆုံးကြရပြီး လူပေါင်း ၅၈ ဒသမ ၃ သန်းခန့်မှာ အရက်သောက်မှုကြောင့် ကိုယ်လက် အင်္ဂါမသန်စွမ်းမှုအားသေဆုံးသည်အထိ ခံစားရကြောင်း တွေ့ရှိရမှုကို ဖော်ပြ ထားပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂ဝဝ၅ ခုနှစ် မေလတွင်ပြုလုပ်သော (၅၈)ကြိမ် မြောက်အစည်းအဝေးတွင် ကမ္ဘာပေါ်ရှိ လူများ၏အန္တရာယ်ရှိစွာ အရက်သောက် မှုကြောင့်ဖြစ်ပေါ်သည့်ပြည်သူလူထု၏ ကျန်းမာရေးပြဿနာများနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်းလုံးအခြေအနေနှင့် လက် တွေ့ကျင့်သုံးနိုင်သည့်ဖြေရှင်းမှုအပေါ် ဆုံးဖြတ်၍ လက်တွေ့ကျင့်သုံးရန် သန္နိ ဋ္ဌာန်ချမှုနှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံ များအနေဖြင့် ထိရောက်သည့်မဟာဗျူ ဟာနှင့်အစီအစဉ်များအား အန္တရာယ်ရှိစွာ အရက်သောက်မှုကြောင့်ဖြစ်ပေါ်လာသော ကျန်းမာရေးနှင့်လူမှုရေးဆိုင်ရာအကျိုး ဆက်များအား လျှော့ချနိုင်ရေးအတွက် တိုးတက်ဆောင်ရွက်ရန်ဖြစ်ပါသည်။
ဖွံ့ဖြိုးသည့်နိုင်ငံများအနေဖြင့် အရက် သောက်မှုနှင့် ပတ်သက်သော အရက် ဝယ်ယူသူများ၏ တရားဝင် ဝယ်ယူနိုင် သည့် အသက်အငယ်ဆုံး အရွယ်အား သတ်မှတ်ရန်၊ အရက်လက်လီရောင်းချမှု အား အစိုးရမှပြုလုပ်ရန်၊ နေ့စဉ်အရက် ရောင်းချချိန်ကာလများအား သတ်မှတ် ရန်၊ အရက်ရောင်းချမှုအပေါ် အခွန်များ ကောက်ယူရန်၊ အရက်သောက်မှုအား အသက်ရှူသွင်းရှူထုတ်နည်းဖြင့် ရုတ် တရက် စစ်ဆေးရန်၊ သွေးအတွင်း အရက် ပါဝင်မှုပြင်းအားနှင့်ပတ်သက်၍ သတ်မှတ်ရန်၊ ကားလမ်းများဘေးတွင် အရက်သောက်မှုအားစစ်ဆေးရန်၊ အရက် ရောင်းချမှု ကြော်ငြာတို့အား တားဆီးရန် စသည်တို့ကို ပြုလုပ်ခြင်းဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် တန်ဖိုးနည်းစွာဖြင့် အကျိုး သက်ရောက်မှုများရှိသည့် လုပ်ငန်းများ အား ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကမ္ဘာတစ်ဝန်း အရက် သောက်မှုနှင့်ပတ်သက်၍ ဖြစ်ပေါ်နေ သည့်အခြေအနေများနှင့်အရက်သောက် မှုကြောင့် ပေါ်ထွက်လာသော နောက် ဆက်တွဲဆိုးကျိုးများအားလျှော့ချနိုင်ရန် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ သုံးသပ်စစ်ဆေးမှုများနှင့်တွေ့ရှိချက်များ လမ်းညွှန်ချက်များအား သိရှိနိုင်ပါရန် စုစည်းရေးသားတင်ပြလိုက်ရပါသည်။