images
UN
UN
၂ဝ၁၉ ခုနှစ် အောက်တို ဘာလ ၁ ရက်မှစ၍ မိုဘိုင်းလ် ဆက်သွယ်ရေးအော်ပရေတာများ ယူနီကုတ်စနစ်သုံးမြန်မာစာစနစ်အား ပြောင်းလဲအသုံးပြုမည်
အေးချမ်းပိုပို Friday, 07 June 2019

မိုဘိုင်းလ်ဆက်သွယ်ရေးအော် ပရေတာများအနေဖြင့် ယူနီကုတ် စနစ်သုံး မြန်မာစာစနစ်ကို ယခု နှစ် အောက်တိုဘာ ၁ ရက်မှစ၍ ပြောင်းလဲအသုံးပြုသွားမည်ဖြစ် ကြောင်းယမန်နေ့က နေပြည်တော် ဆက်သွယ်ရေး ဦးစီးဌာနရုံးတွင် ကျင်းပသည့်ဆက်သွယ်ရေးဦးစီး ဌာန၏တတိယအကြိမ်လုပ်ငန်းညှိ နှိုင်းအစည်းအဝေးမှသိရသည်။
မိုဘိုင်းလ်ဆက်သွယ်ရေးအော် ပရေတာများအနေဖြင့် ယူနီကုတ် စနစ်သုံးမြန်မာစာစနစ်ကို ယခုနှစ် အောက်တိုဘာ ၁ရက်မှစ၍ပြောင်း လဲအသုံးပြုသွားရန်နှင့် ယူနီကုတ် စနစ်သုံး မြန်မာစာစနစ်ကိုပြောင်း လဲအသုံးပြုသွားမည့် သတ်မှတ် ရက်မတိုင်မီ ကြိုတင်စမ်းသပ်မှု များ(Pre- testing)၊ ပြောင်းလဲ အသုံးပြုနိုင်မည့် လုပ်ငန်းအစီအစဉ် များ(Migration Schedules)၊ ကြိုတင်အသိပေးခြင်းများ (Pre- informing) အပြင် နည်းပညာပိုင်း နှင့်ပတ်သက်၍ မြန်မာနိုင်ငံကွန်ပျူ တာအသင်းချုပ်မှ(Technical Su-pport) ပံ့ပိုးပေးနိုင်မည့်အခြေအနေ များကို ဆွေးနွေးခဲ့ကြကြောင်း သိ ရသည်။