images
UN
UN
သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ကြပါ
မောင်ငြိမ်းသူ(ကြို့ပင်ကောက်) Friday, 07 June 2019
အဓိက ကြောက်စရာကောင်းလွန်း လှသည့် သဘာဝဘေးအန္တရာယ် သုံးမျိုး ရှိရာ (၁) မုန်တိုင်းအန္တရာယ်၊ (၂) မြစ်ရေ ကြီးခြင်းအန္တရာယ်၊ (၃) ငလျင်အန္တရာယ် တို့ ဖြစ်ကြသည်။
မုန်တိုင်းအန္တရာယ်
လေတိုက်နှုန်း အချိုးအစားအရ မုန် တိုင်း အမျိုးအစား လေးမျိုးရှိရာ (၁) 'မုန်တိုင်းငယ်'က လေတိုက်နှုန်း တစ် နာရီ ၃၂ မိုင်မှ ၃၈ မိုင်အထိရှိပြီး အမြင့် ပေ ၁ဝဝဝဝ အထိ ဖြစ်ပေါ်တတ်သည်။ (၂) 'ဆိုင်ကလုန်းမုန်တိုင်း'က လေတိုက် နှုန်း တစ်နာရီ ၃၉ မိုင်မှ ၅၉ မိုင်အထိ ရှိပြီး အမြင့်ပေ ၁၈ဝဝဝ အထိ ဖြစ်ပေါ် တတ်သည်။ (၃) 'ဆိုင်ကလုန်း မုန်တိုင်း ကြီး'က လေတိုက်နှုန်း တစ်နာရီ ၅၅ မိုင်မှ ၇၂ မိုင်အထိရှိပြီး အမြင့်ပေ ၂ဝဝဝဝ အထိ ဖြစ်ပေါ်တတ်သည်။ (၄) အလွန်အားကောင်းသည့် ဆိုင်ကလုန်း မုန်တိုင်းကြီးက လေတိုက်နှုန်း တစ်နာရီ ၇၃ မိုင် အထက် မိုင် ၁ဝဝ၊ ၁၂ဝ၊ ၁၅ဝ၊ ၂ဝဝ လောက်အထိရှိပြီး ပေ ၄ဝဝဝဝ ခန့်အထိ ဖြစ်ပေါ်တတ်သည်။
ဘင်္ဂလားပင်လယ်အော်တွင် ဧပြီ၊ မေ၊ စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ဖြစ်ပေါ်လေ့ရှိသော မုန်တိုင်းများ၊ တောင် တရုတ်ပင်လယ်တွင် အကြွင်းအကျန်များ သည် မြန်မာနိုင်ငံအတွင်းသို့ နှစ်စဉ် ဝင်ရောက်လေ့ရှိခဲ့ကြသဖြင့် မြန်မာနိုင်ငံ သည် မုန်တိုင်းကြီးငယ်များ၏ ဒဏ်ကို နှစ်စဉ် ခံနေခဲ့ရပါသည်။ မြန်မာ့ပင်လယ် ကမ်းရိုးတန်းသည် မိုင် ၁၅ဝဝ ခန့် ရှည် လျားပြီး ဘင်္ဂလားပင်လယ်အော်နှင့်လည်း ထိစပ်လျက်ရှိနေသောကြောင့် ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့ကြသော မုန်တိုင်းများ၏ဒဏ်ကို မြန်မာနိုင်ငံလည်း အခါအားလျော်စွာ ခံစားခဲ့ကြရပါသည်။
သီပေါမင်းလက်ထက် ၁၈၈၄ ခုနှစ် မေလ ၁၇ ရက်နေ့က စစ်တွေမြို့၌ ဆိုင် ကလုန်း မုန်တိုင်း တိုက်ခတ်ခဲ့ရာ လူ ၁ဝဝ ကျော် သေဆုံးခဲ့ပြီး ကောက်ပဲ သီးနှံ ကျပ် သိန်း ၂ဝဝ ကျော်ဖိုး ဆုံးရှုံး ခဲ့သည်။ ၁၉၃၆ ခုနှစ် ဧပြီလ ၂၆ ရက် နေ့က ကျောက်ဖြူမြို့အနီး၌ မုန်တိုင်း တိုက်ခတ်ခဲ့ရာ လူ ၁၉၉၁ ဦး သေဆုံး ခဲ့ကြပြီး ကျပ်သိန်းပေါင်း ၂ဝဝ ဖိုး ဆုံးရှုံး ခဲ့သည်။ ၁၉၄၈ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က စစ်တွေမြို့၌ မုန်တိုင်းငယ် တိုက်ခတ်ခဲ့ရာ လူအချို့ သေဆုံးခဲ့ကြပြီး ကျပ်သိန်း ၁ဝဝ ဖိုး ဆုံးရှုံးခဲ့သည်။ ၁၉၅၂ ခုနှစ် အောက်တိုဘာလ ၂၄ ရက် နေ့က စစ်တွေမြို့၌ မုန်တိုင်းကြီး တိုက် ခတ်ခဲ့ရာ လူလေးဦး သေဆုံးခဲ့ပြီး စစ်တွေနှင့် ပုသိမ်မြို့၌ အပျက်အစီး ဆုံးရှုံးမှု များပြားခဲ့သည်။ ၁၉၆၇ ခုနှစ် မေလ ၁၈ ရက်နေ့က ကျောက်ဖြူ၌ ဆိုင် ကလုန်း မုန်တိုင်းတိုက်ခတ်ခဲ့ရာ လူ ၁ဝဝ ကျော် သေဆုံးခဲ့သည်။ ထိုဖြစ်ရပ်များ နောက်ပိုင်းထင်ရှားသော မုန်တိုင်း နှစ် များမှာ ၁၉၆၈ ခုနှစ် (စစ်တွေ)၊ ၁၉၇၅ ခုနှစ် (ပုသိမ်)၊ ၁၉၈၂ ခုနှစ် (ဂွ)၊ ၁၉၉၄ ခုနှစ် (မောင်တော)၊ ၂ဝဝ၆ ခုနှစ် (ဂွ)နှင့် ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်း ဒဏ်ခံခဲ့ ကြရသော နေရာအနှံ့အပြားဖြစ်ပါသည်။
၂ဝဝ၈ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှ မေလ ၃ ရက်နေ့အတွင်း တိုက်ခတ်ခဲ့ သော နာဂစ်မုန်တိုင်းသည် လူ တစ်သိန်း လေးသောင်းခန့် (၁၃၈ဝဝဝ) သေဆုံးခဲ့ ကြပြီး လူ ၁၁ သန်းကျော် ဒဏ်ရာရ၊ အိမ်ရာ ခုနစ်သိန်းခွဲကျော် ပျက်စီး၊ အထွေ ထွေ အရပ်ရပ် ပျက်စီးမှု တန်ဖိုးကျပ် ပေါင်း (၁၁ ဒသမ ၈ ထရီလီယံ) ဆုံးရှုံး ခဲ့သည်။ သားစဉ်မြေးမြစ် ပြောထုံး ဖြစ်ခဲ့ ရသော နာဂစ်မုန်တိုင်း၏ဒဏ်သည် မြန်မာနိုင်ငံအတွက် တန်ဖိုးအနမတဂ္ဂ၊ အမှတ်တရ သင်ခန်းစာများစွာပေးခဲ့ပါ သည်။ အဓိက သင်ခန်းစာက 'မုန်တိုင်း အန္တရာယ်ကို ကြိုတင်ကာကွယ်ရေး'ပင် ဖြစ်သည်။
မည်သည့်ဘေးအန္တရာယ်မဆို ကြို တင် ကာကွယ်နိုင်သမျှ ကာကွယ်ထား ကြပါက အနည်းနှင့်အများဆိုသလိုပဲ သေကျေဒဏ်ရာရ ဒုက္ခဆင်းရဲခြင်းဘေးမှ ကင်းဝေးလျော့နည်း သက်သာစေပါ သည်။ မုန်တိုင်းအန္တရာယ်ကို ကြိုတင် ကာကွယ်ကြပါရန် မိုးလေဝသဌာန ကလည်း အမြဲတမ်း ကြိုတင်သတိပေး လှုံ့ဆော်ကြေညာပေးနေပါသည်။မုန်တိုင်း အကြီးအသေးပေါ်မှာ မူတည်ပြီး ကြိုတင် ကာကွယ်မှုများကို သက်ဆိုင်ရာ နိုင်ငံ၊ ရေမြေသဘာဝ၊ ဓနအင်အား၊ ပစ္စည်းကိရိ ယာများနှင့် တာဝန်ရှိကြသူများ၏ စာနာ ထောက်ထားမှု၊ ကူညီစောင့်ရှောက်ပံ့ပိုးမှု၊ ငဲ့ညှာမှု စေတနာများအရသာ ဆောင်ရွက် နိုင်ကြပါသည်။
သိသာလှသည့် သာဓကတစ်ရပ်ကို တင်ပြရလျှင် မြန်မာနိုင်ငံတွင် တစ်နာရီ မိုင် ၁၂ဝ နှုန်း အမြင့်ဆုံး တိုက်ခတ်ခဲ့ သော'နာဂစ်' (Nagis) မုန်တိုင်းကြောင့် လူတစ်သိန်းလေးသောင်းခန့် (၁၃၈ဝဝဝ) သေဆုံးခဲ့ကြသော်လည်း

အိန္ဒိယနိုင်ငံတွင် တစ်နာရီ မိုင် ၁၆ဝ နှုန်း တိုက်ခတ်ခဲ့ သော (Phialin) မုန်တိုင်းကြောင့် လူ ဆယ်ဂဏန်းမျှသာ သေဆုံးခဲ့ရသည်ကို သင်ခန်းစာယူကြရန် မိုးလေဝသဗေဒ ပညာရှင်ဒေါက်တာထွန်းလွင်ကထောက်ပြ ခဲ့ပါသည်။ ထို့ပြင် ၁၉၉၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ တစ်နာရီမိုင် ၁၄ဝ နှုန်းတိုက်ခတ်ခဲ့သော 'မာရီယန်' မုန်တိုင်းဒဏ်ကြောင့် ဒီရေအမြင့် ၂၅ ပေခန့်မြင့်တက်ခဲ့ရာ လူပေါင်း ၁၄၃ဝဝဝ သေဆုံးခဲ့ပြီး လူလေးသန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ကို သင်ခန်းစာရယူကာ ကြိုတင်ကာကွယ်ခဲ့ကြပါသည်။ ထို့ ကြောင့် ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အင်အားပြင်းသည့် 'ဆီဒါ' ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ် ခဲ့သောအခါ လူနှစ်သန်းခန့်က ကြိုတင် ဆောက်လုပ်ထားသည့် ဘေးလွတ်ရာ လေဘေးစခန်းများတွင် ကြိုတင် ရှောင် တိမ်း ပုန်းခိုနိုင်ကြသောကြောင့် လူ ၃ဝဝဝ ကျော်ခန့်သာ သေဆုံးခဲ့ကြရ သည်။ ကြိုတင်ကာကွယ်ခြင်း၏ အကျိုး ကျေးဇူးပင်တည်း။
မြန်မာနိုင်ငံတွင်လည်း ကြိုတင် ကာ ကွယ်မှုများကြောင့် ထိုနှစ် ဧပြီလ ၁၆ ရက်နေ့က တိုက်ခတ်ခဲ့သော 'မာရသာ' မုန်တိုင်း၏ဒဏ်ကို အနည်းငယ်မျှသာ ခံခဲ့ရသော်လည်း မေလ ၃ဝ ရက်နေ့ နံနက် ၁ နာရီမှ ၅ နာရီအတွင်း တစ် နာရီ မိုင် ၆ဝ နှုန်း တိုက်ခတ်ခဲ့သော 'မိုရာ' မုန်တိုင်း၏ဒဏ်ကိုတော့ ရခိုင် ပြည်နယ် တစ်ခုတည်း ကျပ်သန်းပေါင်း ၄ဝဝ ကျော်ဖိုးခန့် ဆုံးရှုံးခဲ့ပါသည်။ အခြားပြည်နယ်နှင့်တိုင်း အချို့တွင်လည်း ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ပါသည်။
၁၉၇ဝ ပြည့်နှစ် နိုဝင်ဘာလက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကမ္ဘာ့ အသေ အပျောက် အများဆုံး ဆိုင်ကလုန်း မုန် တိုင်းဒဏ်ကြောင့် လူသုံးသိန်းကျော် သေ ဆုံးခဲ့ပါသည်။ ၁၉၉၁ ခုနှစ်တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပင် မာရီယန် ဆိုင် ကလုန်းမုန်တိုင်းဒဏ်ကြောင့်လူ၁၄၃ဝဝဝ သေဆုံးခဲ့ပါသည်။ ၂ဝဝ၈ခုနှစ် မေလက မြန်မာနိုင်ငံ၌ တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်းဒဏ်ကြောင့် လူ ၁၃၈ဝဝဝ သေဆုံးခဲ့ရာ ကမ္ဘာပေါ်တွင် နှစ်ပေါင်း ၄ဝ အတွင်း တတိယမြောက် အဆိုး ရွားဆုံး မုန်တိုင်းဒဏ်အဖြစ် မှတ်တမ်း ဝင်သွားပါသည်။ ထိုဖြစ်ရပ်ဆိုး သင်ခန်း စာကိုရယူကြကာ မုန်တိုင်းအန္တရာယ်ကို ကြိုတင်ကာကွယ်ကြရပေမည်။မြစ်ရေကြီးခြင်းအန္တရာယ်
မုန်တိုင်းဒဏ်၊ မိုးသည်းထန်မှုဒဏ်၊ ဆည်တမံများ ကျိုးပေါက်မှုဒဏ်နှင့် ဆူနာမီကဲ့သို့ ပင်လယ်ပြင်အောက်ခြေ ငလျင်ဒဏ်တို့ကြောင့် မြစ်ရေကြီးလေ့ ရှိပါသည်။ မိုးဦး၊ မိုးလယ်၊ မိုးနှောင်း၊ မိုးရာသီ တစ်ရာသီလုံး မြစ်ရေကြီးနိုင် ပါသည်။ မြစ်ရေကြီးခြင်း အန္တရာယ် ကလည်း အလွန်ပင် ကြောက်လန့်စရာ ကောင်းလှသည်။ နေရာဒေသ အနှံ့အပြား တွင် နှစ်စဉ် ရေကြီးလေ့ရှိသည်။
၂ဝ၁၃ ခုနှစ်က ဧရာဝတီတိုင်းဒေသ ကြီးထဲရှိ ၂၆ မြို့နယ်အနက် ၂၄ မြို့နယ် မှာ ရေကြီးမှုနှင့် ကြုံတွေ့ခဲ့ရာ ပုသိမ် ခရိုင်သည် အဆိုးရွားဆုံးဒဏ်ကို ခံခဲ့ကြ ရသည်။ ရေကြီးသောအခါြေ>ွမဆိုးများ ၏ အန္တရာယ်ကိုလည်း တော်တော်ခံခဲ့ကြ ရသောကြောင့် အိမ်ခေါင်မိုးတွေပေါ်မှာ အဖီဆွဲနေကြသူများသည်ြေ>ွမဆိုးများ၏ အန္တရာယ်ကို ကာကွယ်ကြသည့်အနေဖြင့် ပိုက်ကွန်များကို နှစ်ထပ် သုံးထပ် အသုံး ပြု တားဆီးကာကွယ်ခဲ့ကြရသည်။ြေ>ွမ များကို ဖမ်းဆီးပြီး ဘီပီအိုင် ဆေးဝါး စက်ရုံသို့ ပို့ပေးခဲ့ကြသူများသည် နေ့စဉ်ြေ>ွမအကောင် ၃ဝဝ မှ ၅ဝဝ အထိ ရခဲ့ ကြသည်။ြေ>ွမတွေက လူတွေကိုသာမက ကျွဲ၊ နွား၊ ဝက်၊ ကြက်၊ ဘဲတွေကိုပါ အန္တရာယ်ပေးခဲ့ကြသည်။ နူရာဝဲစွဲ၊ လဲရာ သူခိုးထောင်းဆိုသလိုပင် ဆက်စပ်ရောဂါ တွေလည်း ဝင်လာကြလေ့ရှိရာ ရေကြီး ခြင်း အန္တရာယ်သည် စီးပွားပျက်ကြရုံမျှ မက အသက်ဆုံးရှုံးကြရသည့် ဒဏ်ကိုပါ ခံကြရပါသည်။ ထို့ကြောင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နေကြရပါသည်။
မြစ်ရေကြီးခြင်း ကြိုတင်ကာကွယ် ရေးနှင့်ပတ်သက်၍ (၁) ပထမအဆင့် နှင့် (၂) ဒုတိယအဆင့်ဟူ၍ နှစ်ဆင့်ရှိပါ သည်။
ပထမအဆင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ
(၁) နေအိမ် အဆောက်အအုံများကို ရေ မနစ်မြုပ်နိုင်သော ကုန်းမြင့်ဒေသ များမှာ ဆောက်လုပ်နေထိုင်ကြ ပါ။
(၂) လှေ၊ ပဲ့ထောင်၊ အသက်ကယ် အင်္ကျီ၊ ငှက်ပျောတုံး၊ သစ်တုံး၊ ဝါးဖောင်များ ဆောင်ထားကြပါ။
(၃) လူ၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များကို ရေလွတ်သည့်နေရာများသို့ အမြန် ဆုံး ရွှေ့ပြောင်းနိုင်သည့် လမ်း ကြောင်းများကို ကြိုတင် စီစဉ် ထားကြပါ။
(၄) မိသားစုအားလုံး ရေကူးတတ် အောင် လေ့ကျင့်သင်ကြားထား ကြပါ။
(၅) အရေးကြီးသည့် ပစ္စည်းများကို သယ်ဆောင်နိုင်အောင် သတိပေး ထားကြပါ။
(၆) လက်နှိပ်ဓာတ်မီး၊ ဓာတ်ခဲသုံး ရေဒီယို၊ သောက်ရေနှင့် အစား အစာများကို ကြိုတင်စုဆောင်း ထားကြပါ။
ဒုတိယအဆင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်း
(၁) ရေလွတ်သည့်နေရာသို့ အမြန်ဆုံး ရွှေ့ပြောင်းကြပါ။
(၂) မိုးလေဝသ ကြေညာချက်များ မပျက်မကွက် နားထောင်ကြပါ။
(၃) အန္တရာယ်ရှိသည့် နေရာများသို့ မသွားလာကြပါနှင့်။
(၄) သောက်ရေများကို သန့်ပြန့်သော ထည့်စရာများဖြင့် သိုလှောင်ထား ကြပါ။
(၅) အရေးကြီးသောပစ္စည်းများကို လုံခြုံ သည့်နေရာမှာရွှေ့ပြောင်းထားကြပါ။
(၆) ပိုမိုလုံခြုံသည့်နေရာမှာ ရွှေ့ပြောင်း နေထိုင်ကြပါ။
မြစ်ရေကြီးနေချိန်တွင် သတိပြုရမည့် အချက်များ
(၁) ရေနစ်မြုပ်နေသော နေရာများ တွင် လမ်းလျှောက်သွားလာခြင်းမပြုကြ ပါနှင့်။ (၂)ြေ>ွမအဆိပ်ရှိသော သတ္တဝါ များကို သတိထားကြပါ။ (၃) မိမိဒူး အထက်မြင့်သည့် ရေစီးကြောင်းများကို ဖြတ်မကူးကြပါနှင့်။
မြစ်ရေကျသွားချိန်တွင် သတိပြုရမည့် အချက်များ
(၁) သောက်ရေကို ကျိုချက်ပြီးမှ သောက်ကြပါ။(၂) နီးစပ်ရာဆေးရုံ၊ ဆေး ခန်းများသို့ကျန်းမာရေးလိုအပ်ချက်များကို တောင်းခံကြပါ။ (၃)အန္တရာယ်ရှိနိုင်သော နေရာများသို့ မသွားကြပါနှင့်။ (၄) လက် နှိပ်ဓာတ်မီးကိုသာ အသုံးပြုကြပါ။
မြစ်ရေကြီးခြင်းအန္တရာယ်ကို နှစ်စဉ် ခံနေကြသူများရော အခါအားလျော်စွာ ခံကြရသူများပါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မလွဲမသွေစီစဉ်ဆောင် ရွက်ထားသင့်ပါသည်။
ငလျင်အန္တရာယ်
မြန်မာနိုင်ငံသည် ပထဝီအနေအထား အရ ငလျင်ကြောဒေသအတွင်း၌ ရှိနေ လေရာ(၁)ချင်းတွင်းမြစ်ဝှမ်းတစ်လျှောက် မှ ရခိုင်ရိုးမအတိုင်းဖြတ်သန်းပြီး ကပ္ပလီ ပင်လယ်အော်ထဲသို့ ရောက်သွားသည့် ငလျင်ကြော (၂)ကချင်ပြည်နယ်မှစ၍ အထက်ဧရာဝတီမြစ်ကြောတစ်လျှောက် ထိုမှတစ်ဆင့် စစ်တောင်းမြစ်ဝှမ်းအတွင်း သို့ ဖြတ်သန်းကာ မုတ္တမပင်လယ်ထဲသို့ ဝင်ရောက်သွားသည့် ငလျင်ကြော၊ (၃) ရှမ်းပြည်နယ်အတွင်း သံလွင်မြစ်ကြောင်း တစ်လျှောက် တည်ရှိနေသော ငလျင် ကြောဟူ၍ ငလျင်ကြောသုံးကြောအတွင်း ကျရောက်နေပါသည်။
ထို့ကြောင့် ခေတ်အဆက်ဆက်တွင် မြေငလျင်ကြီးငယ်များ၏ ဒဏ်မျိုးစုံကို ကြုံတွေ့ခဲ့ကြရပါသည်။ ရှေးဟောင်းယဉ် ကျေးမှုအမွေပုဂံမြေမှ ဘုရားစေတီများနှင့် ရှေးဟောင်းယဉ်ကျေးမှုလက်ရာများဆိုပါ မူ ငလျင်ဒဏ်ကို မကြာခဏခံခဲ့ရသဖြင့် ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ အခြားမြို့ကြီး များရှိ ရှေးဟောင်းစေတီပုထိုးများ၊သမိုင်း ဝင်အဆောက်အအုံများ၊ ပစ္စည်းဥစ္စာများ အပါအဝင်၊ လူ့အသက်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ကြရပါသည်။ ကမ္ဘာက ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် သတ်မှတ်ခံထားရသော ကမ္ဘောဒီးယား နိုင်ငံမှ အန်ကောဝပ်ကျောင်းတော်ကြီးနှင့် ခေတ်ပြိုင်၊ ပုဂံမြေမှ ဘုရားစေတီများကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအဖြစ် မသတ် မှတ်ခြင်းမှာ ငလျင်ဒဏ်ခံရသော ဘုရား စေတီများကို ပြန်လည် မွမ်းမံထားသော ကြောင့်ဖြစ်ကြောင်း သိကြရသောအခါ ရင်နင့်စွာ ခံစားခဲ့ကြရပါသည်။
၂ဝဝ၄ခုနှစ် ဒီဇင်ဘာလက အိန္ဒိယ သမုဒ္ဒရာတွင် အင်ဒိုနီးရှားကိုအခြေပြုပြီး ရစ်ခ်ျတာစကေး (၉ ဒသမ ၃)ပြင်းအား ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ ဆူနာမီလှိုင်းများ ဒဏ်ကြောင့် လူသုံးသိန်းနီးပါး သေဆုံး ခဲ့သည်။ ထိုနှစ်ထိုအချိန်က မြန်မာနိုင်ငံ တွင် တွံတေးကိုဗဟိုပြုပြီး ဒေးဒရဲငလျင် ကြောရစ်ခ်ျတာစကေး (၄ ဒသမ ၇)ပြင်း အားရှိ 'ဆူနာမီငလျင်'လှုပ်ခတ်ခဲ့ရာ ရန်ကုန်မြို့နယ်နိမိတ်အတွင်းမှာ ထိခိုက် ပျက်စီးခဲ့ကြရပါသည်။
၂၄-၃-၂ဝ၁၁ ရက်နေ့က တာချီ လိတ်ခရိုင်၊ တာလေမြို့၌ ရစ်ခ်ျတာ စကေး (၆ ဒသမ ၈)ပြင်းအားရှိငလျင် လှုပ်ခတ်ခဲ့ရာ လူ ၆၄ ဦးသေဆုံးခဲ့ပြီး ၉၂ ဦးဒဏ်ရာရခဲ့ကာ အဆောက်အအုံ ပေါင်း ၈၃၆ လုံးနှင့် လမ်းများ အကြီး အကျယ် ပျက်စီးဆုံးရှုံးခဲ့ပါသည်။