images
UN
UN
နမ္မတီးနယ်မြေရဲစခန်းမှတရားခံပြေး အသာတကြည်အဖမ်းမခံဘဲခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ
ကချင်မြေနဂါး Friday, 07 June 2019

ကချင်ပြည်နယ် မိုးကောင်း မြို့နယ် နမ္မတီးနယ်မြေရဲစခန်းမှ မူးယစ်မှု၊ လက်နက်မှုတို့ဖြင့် အလို ရှိနေသော တရားခံပြေးတစ်ဦးအား ဖမ်းဆီးရာ အသာတကြည်အဖမ်း မခံဘဲ သေနတ်ဖြင့် ခုခံသဖြင့် ရဲတပ်ဖွဲ့မှ ပြန်လည်ပစ်ခတ်ဖမ်းဆီး ခဲ့ရသည်။
ဖြစ်ပွားပုံမှာ ယမန်နေ့ နံနက် ၁၁ နာရီကနမ္မတီးနယ်မြေရဲစခန်း ၏ မယ(ပ)၁ဝ/ ၂ဝ၁၉၊ ပုဒ်မ၁၆ (ဂ)/၂၁၊ မယ(ပ) ၁၁/၂ဝ၁၉၊ ပုဒ်မ၁၆(ဂ)/၂၁၊ (ပ)၁ဝ/၂ဝ၁၉၊ လက်နက်ဥပဒေ ပုဒ်မ၁၉(စ)ဖြင့် အလိုရှိနေသော တရားခံပြေး ဦးရီ ထွမ်းသည် မိုးကောင်းမြို့နယ် ကံလှကျေးရွာအုပ်စု ကျွန်းကုန်း ရပ်ကွက်ရှိ ၄င်း၏နေအိမ်တွင် ရောက်ရှိနေကြောင်း သတင်းရရှိ၍ နမ္မတီးနယ်မြေ ရဲစခန်းမှူး ရဲအုပ် ဇော်လွန်းအောင်နှင့်တပ်ဖွဲ့ဝင်များ သည် သက်သေကံလှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြတ်ထွန်းတို့နှင့် ပူးပေါင်း၍ သွားရောက်ဖမ်းဆီးခဲ့ ကြသည်။
ဦးရီထွမ်းအား ၄င်း၏နေအိမ် တွင်တွေ့ရ၍ ရဲအုပ်ဇော်လွန်း အောင်က အသာတကြည်အဖမ်းခံ ရန်ဟြေသော်လည်း ဦးရီထွမ်းမှ လက်မခံဘဲလက်လုပ်တူမီးသေနတ် ဖြင့် ပစ်ခတ်သဖြင့် တပ်ကြပ်ကြီး ဇော်ရဲထွဏ်းက(BA 63)မောင်းပြန် ရိုင်ဖယ်သေနတ်ဖြင့် မိုးပေါ်ထောင် ပစ်ခတ်ခြောက်လှန့်ခဲ့သော်လည်း ဦးရီထွမ်းမှ ဆက်လက်ပစ်ခတ်ခဲ့ သဖြင့်တပ်ကြပ်ကြီးဇော်ရဲထွဏ်းက ပြန်လည်ပစ်ခတ်ခဲ့ရာဦးရီထွမ်း၏ ယာဘက်လက်ကောက်ဝတ်အား ထိမှန်ခဲ့သည်။
ထို့နောက် ရဲအုပ်ဇော်လွန်း အောင်က သက်သေများရှေ့တွင် ဦးရီထွမ်းလွယ်ထားသော ခဲရောင် လွယ်အိတ်အတွင်း ရှာဖွေခဲ့ရာ ဘိန်းဖြူဟု ယူဆရသော ဖြူ/နီမှုန့် အလေးချိန် ဝ ဒသမ ၃ ဂရမ်အား ရှာဖွေတွေ့ရှိခဲ့သဖြင့် သက်သေများ ရှေ့တွင် အဆိုပါပစ္စည်းနှင့် လက် လုပ်တူမီးသေနတ်တို့အား ရှာဖွေ ပုံစံဖြင့် ရေးသွင်းသိမ်းဆည်းခဲ့ကြ သည်။
ထို့ကြောင့် ဦးရီထွမ်း(၄၂နှစ်) ကံလှကျေးရွာအုပ်စု ကျွန်းကုန်း ကျေးရွာ နမ္မတီးမြို့ နေထိုင်သူ အားဖမ်းဆီးကာ ဆေးဝါးကုသမှု ခံယူရန်အတွက် နမ္မတီးတိုက်နယ် ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရှိ ရသည်။