images
UN
UN
တာဝန်သိသိသစ္စာရှိရှိနဲ့ နိုင်ငံတော်နဲ့နိုင်ငံသားအတွက် နိုင်ငံတော်သမ္မတဆီကို အကြံပြုစာပေးပို့တာဖြစ်ပါတယ် ပေးပို့တဲ့စာကို သေချာဖတ်ကြည့်မယ်ဆိုရင် နိုင်ငံရေးပါတီအားလုံးရဲ့စေတနာကို ထင်ထင်ရှားရှားတွေ့မြင်နိုင်မှာပါ
နေပြည်တော် သတင်းအဖွဲ့ Friday, 07 June 2019
ဒေါက်တာနန္ဒာလှမြင့်
ပြောရေးဆိုခွင့်ရှိသူ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ
ကျွန်တော်တို့ သမ္မတကြီးထံ နိုင်ငံ တော်ရဲ့ အခြေအနေအရပ်ရပ်ကို သမ္မတ ကြီးသိအောင်လို့ အိတ်ဖွင့်ပေးစာပေးခဲ့ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ယခင် သမ္မတကြီး ဦးထင်ကျော် လက်ထက် မှာကတည်းက တိုင်းပြည်ရဲ့အခြေအနေ၊ တရားဥပဒေစိုးမိုးရေးအခြေအနေ၊ စီးပွား ရေးအခြေအနေ၊ တည်ငြိမ်အေးချမ်းမှု အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံရေး ပါတီတွေ စုစည်းပြီးတော့ တင်ပြဖို့ နိုင်ငံ တော် အကြံပေးပုဂ္ဂိုလ်ကို ကျွန်တော်တို့ တွေ့ခွင့်တောင်းခဲ့တယ်။ တွေ့ခွင့်မရ ခဲ့ဘူး။ ဒီလိုမျိုး တွေ့ခွင့်တောင်းခဲ့တဲ့ အချိန်မှာ အကြောင်းပြန်ကြားချက် တစ်စုံ တစ်ရာမပေးသလို ဘာအကြောင်းမှ မသိ ရတဲ့အခါကျတော့ ဒီအချိန်မှာလည်း ဒုတိယအကြိမ် ဒီလိုမျိုး ထပ်ပြီး တွေ့ခွင့် တောင်းရင်လည်း အဆင်မပြေနိုင်ဘူး။ ဒါကြောင့် ဒီနေ့ ကျွန်တော်တို့ နိုင်ငံ တော်ရဲ့ အခြေအနေအရပ်ရပ်ကို တာဝန်သိ နိုင်ငံရေးပါတီတွေနဲ့။ ဒီကနေ့ဖြစ်နေတဲ့ အခြေအနေတွေဟာ သက်ဆိုင်ရာ နိုင်ငံ ရေးပါတီတွေမှ မဟုတ်ဘူး။ နိုင်ငံသား တစ်ဦးချင်းအနေနဲ့ကြည့်မယ်ဆိုရင်လည်း အင်မတန် စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်နေတဲ့အတွက် ကျွန်တော်တို့က တာဝန်သိသိ၊ သစ္စာရှိရှိနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားအတွက် နိုင်ငံတော်သမ္မတဆီကို အကြံပြုစာ ပေးပို့တာဖြစ်ပါတယ်။ အဲဒီ ပေးပို့တဲ့စာကို သေချာဖတ်ကြည့်မယ် ဆိုရင် နိုင်ငံရေးပါတီ အားလုံးရဲ့စေတနာ ကို ထင်ထင်ရှားရှား တွေ့မြင်နိုင်မှာပါ။ သို့သော်လည်းပဲ ကျွန်တော်ထင်တယ်။ နိုင်ငံတော် သမ္မတရုံးနဲ့ အာဏာရပါတီက တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ ပြန်လည်ပြောဆို ချက်ကို ကျွန်တော်တို့ကြားရတဲ့အချိန်မှာ အင်မတန် ဝမ်းနည်းဖို့ကောင်းတယ်။ ကျွန်တော်တို့က စေတနာနဲ့ အပြုသဘော ဆောင်ပြီးတော့ နိုင်ငံတော် အစိုးရကို အကြံပြုတဲ့အပေါ် ကျွန်တော်တို့က ကန့် လန့်တိုက်နေသလိုမျိုး၊ ပူးပေါင်းဆောင် ရွက်မှု မရှိသလိုမျိုး၊ ကျွန်တော်တို့ကပဲ အစိုးရ လုပ်ရကိုင်ရခက်အောင် ဖိအား တွေပေးနေတဲ့ပုံစံမျိုးတွေ လုပ်နေသလို ပြောလိုက်တာကို ကျွန်တော်တို့ အံ့သြ ဖွယ်ရာ တွေ့ရပါတယ်။ အမှန်က ကျွန် တော်တို့ရဲ့စာကို သေချာဖတ်ကြည့်ရင် ဒီထဲမှာ ကျွန်တော်တို့ စေတနာကို တွေ့ရ မယ်။ ဥပမာ မြန်မာနိုင်ငံရဲ့ ရင်ဆိုင်နေ ရတဲ့ စိန်ခေါ်မှုတွေဟာ နိုင်ငံတကာမှာ တော်တော်ကျယ်ပြန့်နေတယ်။ ဒီအပေါ် မှာ ပြည်ခိုင်ဖြိုးပါတီတင်မကဘူး၊ နိုင်ငံ ရေးပါတီတွေက နိုင်ငံ့အရေးလို့တွေးပြီး ပူးပေါင်းဆောင်ရွက်ဖို့၊ အပြုသဘော ဆောင်တဲ့ လုပ်ဆောင်မှုတွေ လုပ်ပေးဖို့ တိုက်တွန်းလိုတယ်ဆိုတော့ ကျွန်တော်တို့ တွေက မလုပ်နေသလိုမျိုး ဖြစ်နေတယ်။ နောက်တစ်ချက်က နိုင်ငံတကာ ဖိအား တွေ အရမ်းများနေတယ်။ ဒါကို နိုင်ငံရေး ပါတီတွေက နိုင်ငံတကာ ဖိအားတွေ လျော့သွားအောင် အစိုးရကို ကူညီဖို့ လိုတယ်လို့ရေးထားတယ်။ နောက်တစ်ခု ကျွန်တော်တို့ မြန်မာနိုင်ငံက နိုင်ငံတကာ အသိုင်းအဝိုင်းအလယ်မှာ နိုင်ငံရေးပုံရိပ်နဲ့ ဂုဏ်သိက္ခာကျဆင်းနေတယ်။ ဒါတွေကို ကျွန်တော်တို့ ပြန်တည်ဆောက်တဲ့အခါ နိုင်ငံရေးပါတီတွေကထိထိရောက်ရောက် ပူးပေါင်းပါဝင်စေချင်တယ်။ ဆိုလိုတာ က အစိုးရကိုပဲ လက်ညှိုးထိုး အပြစ် ပြောနေတာနဲ့စာရင် နိုင်ငံတကာကိုလည်း အထောက်အကူပြုအောင် ပြောပေးသင့် တယ်။ ဒါက အစိုးရအတွက်မဟုတ်ဘူး။ နိုင်ငံနဲ့ ပြည်သူအတွက်ဖြစ်တယ်လို့ ရေး ထားတော့ ကျွန်တော်တို့ကပဲ အစိုးရကို လက်ညှိုးတွေထိုး အပြစ်တွေ ထိုင်ပြော နေပြီးတော့မှ ဖောင်းထုနေတဲ့ ပုံစံမျိုး ပြန်လည် ပြောဆိုထားတာဖြစ်တယ်။ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ပြောရရင် ကျွန်တော်တို့ ပါတီဥက္ကဋ္ဌနဲ့ နိုင်ငံအချို့က ခေါင်းဆောင်တွေ၊ သံ အမတ်ကြီးတွေ မကြာခဏ ဆိုသလို တွေ့တယ်။ ဒီကနေ့ဆိုရင် နိုင်ငံခြားသား တစ်ယောက်နဲ့ ဥက္ကဋ္ဌကြီးတွေ့တယ်။ တွေ့တိုင်း တွေ့တိုင်းမှာ ရခိုင်အရေးနဲ့ပဲ ဖြစ်ဖြစ်၊ တရားဥပဒေစိုးမိုးရေးနဲ့ပဲဖြစ်ဖြစ်၊ နိုင်ငံတော်ရဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး တော့ပဲဖြစ်ဖြစ် ဖိအားတွေကို နိုင်ငံတကာ ကပုဂ္ဂိုလ်တွေ မှန်မှန်ကန်ကန်သိအောင် အမြဲတမ်း ရှင်းပြတယ်။ နောက်တစ်ခါ ကျွန်တော်တို့တွေ သဘောထားထုတ်ပြန် ချက်တွေလည်း ထုတ်ပြန်တယ်။ နိုင်ငံ တကာ ခရီးစဉ်တွေ သွားတိုင်းမှာလည်း တွေ့ရတဲ့ ခေါင်းဆောင်တိုင်းကို ဥက္ကဋ္ဌ ကြီးအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေ မှန်တွေ၊ နိုင်ငံတကာ ဖိအားတွေ၊ ပိတ်ဆို့ နေတဲ့ လွဲမှားမှုတွေကို အမြဲတမ်း ထုတ် ပြန်ပြီးတော့ ရှင်းလင်းပြောပြတယ်။
အဲဒါ တွေက ကျွန်တော်တို့ဘက်က ဆောင် ရွက်ပေးနေတဲ့ကိစ္စ။ ကျွန်တော်တို့တွေ နိုင်ငံတော် သမ္မတထံ တွေ့ခွင့်တောင်း တယ်၊ အကြံပြုစာပေးတယ်ဆိုတာက လည်း ဒီနိုင်ငံတော်အတွက် လိုအပ်နေတဲ့၊ နိုင်ငံတော်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်ကို ရှင်းလင်းတင်ပြချင်တဲ့ အတွက် အပြုသဘောဆောင်ပြီး တွေ့ဆုံ ခွင့်တောင်းနေတာ ဖြစ်တယ်။ ကျွန်တော် တို့ နိုင်ငံတော်ကို ကန့်လန့်တိုက်နေတာ မဟုတ်ဘူး။ ပြောရရင် ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီက အစိုးရတာဝန်ထမ်း ဆောင်ခဲ့ဖူးတယ်။ ၂ဝ၁ဝ-၂ဝ၁၅ ကျွန် တော်တို့ အစိုးရတာဝန် ထမ်းဆောင်ခဲ့တဲ့ အချိန်မှာ ဒီ Constitution အတိုင်းပဲ၊ ဒီအခြေခံဥပဒေက ပေးထားတဲ့အတိုင်းပဲ ကျွန်တော်တို့ အစိုးရတာဝန်ကို ထမ်း ဆောင်ခဲ့တယ်။ ထိုက်သင့်တဲ့ အရွေ့တစ်ခု စီးပွားရေး၊ လူမှုရေး၊ တိုင်းပြည်တည်ငြိမ် အေးချမ်းရေး၊ ငြိမ်းချမ်းရေး အရွေ့တစ်ခု ကို ကျွန်တော်တို့ ပို့ဆောင်ပေးနိုင်ခဲ့တယ်။ ပြည်သူတို့ရဲ့ဝင်ငွေ တိုးတက်လာအောင်၊ ပြည်သူတွေအတိုင်းအတာတစ်ခုချမ်းသာ လာအောင် ကျွန်တော်တို့တွေ လုပ်ပေးနိုင် ခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်တို့ အစိုးရဖြစ်နေတုန်းက အတိုက်အခံပါတီ က ဘာပြောလဲဆိုတော့ Sanction မရုပ် ပါနဲ့ဦး။ လွှတ်တော်ထဲမှာ Sanction ရုပ်ဖို့တင်ပြတာကို Sanction မရုပ် ပါနဲ့ဦးဆိုပြီး တောင်းဆိုတာတွေရှိတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ မလာကြသေးပါနဲ့ဦး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုက အစစ် အမှန် မဟုတ်ပါဘူး။ အပြည့်အစုံ ဒီမို ကရေစီမရသေးဘူးဆိုပြီး တောင်းဆိုခဲ့ တာရှိတယ်။ NCA Frame Work ရေးဆွဲ ပြီးတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ကို သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်ပြီး လုပ်တဲ့အချိန်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်တွေ လက်မှတ်မထိုးပါနဲ့ ဦးလို့ ဆိုတယ်။ ပြည်ခိုင်ဖြိုးအစိုးရကာလ တုန်းကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မလာပါနဲ့။ ငြိမ်းချမ်းရေး လက်မှတ်မထိုး ပါနဲ့။ Sanction တွေ မရုပ်ပေးပါနဲ့ ဆိုတော့ အဲဒီကာလတုန်းက အတိုက်အခံ ပါတီ ဘာလုပ်ခဲ့လဲ။ ဒီနေ့ ကျွန်တော်တို့ အတိုက်အခံပါတီက Sanction တွေ ရုပ်ပေးဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ လာဖို့၊ နိုင်ငံတကာကပြောဆိုနေတဲ့ ဖိအားပေးမှု တွေဟာ လွဲမှားနေကြောင်း အထောက် အထား၊ အချက်အလက်တွေနဲ့ ကျွန်တော် တို့ ပြောတယ်။ ဥပမာပြောရမယ်ဆိုရင် ရခိုင်ကိစ္စ။ ရခိုင်ကိစ္စဆိုလို့ရှိရင် ကျွန်တော် တို့ ပါတီက ပြောတယ်။ ရခိုင်ကိစ္စဟာ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေး ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ ပါတီဘက်က ရှုမြင်တာက ကျွန်တော်တို့ အစိုးရလက် ထက်က ပြည်တွင်းရေးဖြစ်တဲ့အတွက် ကျွန်တော်တို့ ပြည်တွင်းမှာရှိနေတဲ့ အဖွဲ့ အစည်းတွေက ပြည်တွင်းက ဥပဒေတွေနဲ့ ဒီပြဿနာကို ကျွန်တော်တို့တွေ ဖြေရှင်း ရမယ်။ အဲဒီကာလတုန်းကလည်း နိုင်ငံ တကာ ဖိအားတွေ အရမ်းများတယ်။ အဲဒီကာလ ကျွန်တော်တို့ အစိုးရကာလ တုန်းက သမ္မတ Level က သမ္မတ အဆင့်နဲ့ လျော်ညီအောင်၊ ဝန်ကြီး Level က ဝန်ကြီးအဆင့်နဲ့ လျော်ညီအောင်၊ သံအမတ်ကြီး Level က သံအမတ်ကြီး အဆင့်နဲ့ လျော်ညီအောင် နိုင်ငံတကာ မျက်နှာစာမှာ ထွက်ပြီးတော့မှ ရခိုင် အရေးနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ်EU နိုင်ငံတွေကော၊ ကမ္ဘာ့ကုလသမဂ္ဂ မျက် နှာစာမှာကော ကျွန်တော်တို့တွေ ထွက် ရှင်းခဲ့ရတယ်။ ထွက်ရှင်းခဲ့ရတဲ့ သက်သေ အထောက်အထား ခိုင်ခိုင်မာမာ ကျွန် တော်တို့ဆီမှာရှိတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာနဆိုရင်ကောင်းကောင်းသိတယ်။ ပြည်တွင်းမှာတော့ ရခိုင် Issue ဖြစ်နေတဲ့ ပြဿနာတွေ အားလုံးကို ကျွန်တော်တို့ ပြည်တွင်းမှာရှိနေတဲ့ အင်အားစုတွေရဲ့ စုပေါင်းညီညွတ်မှုအားနဲ့ ပြည်တွင်းဥပဒေ တွေနဲ့ပဲ တစိုက်မတ်မတ် ကျွန်တော်တို့ ဖြေရှင်းခဲ့တဲ့အတွက် နိုင်ငံတကာ ဖိအား ကို တွန်းလှန်နိုင်ခဲ့တယ်။ ညီညီညွတ် ညွတ် အေးအေးချမ်းချမ်းနဲ့ပဲ တည် ဆောက်နိုင်ခဲ့တယ်။ ဒီနေ့ ကျွန်တော်တို့ အစိုးရ မဟုတ်တော့ဘူး။
အတိုက်အခံ ပါတီဖြစ်သွားတယ်။ ၂ဝ၁၅ ရွေးကောက် ပွဲရလဒ်အရ ကျွန်တော်တို့ အတိုက်အခံ ပါတီဖြစ်သွားတယ်။ အစိုးရက ဒီကိစ္စကို ဒါက ပြည်တွင်းရေး မဟုတ်ဘူး။ နိုင်ငံ တကာက ပါဝင်လာပြီးတော့ နိုင်ငံ တကာကတတ်သိတဲ့ ပညာရှင်တွေ ပါဝင် လာပြီးတော့ သူတို့တွေရဲ့ အကြံဥဏ် တွေ၊ သူတို့တွေရဲ့ ရှာဖွေဖော်ထုတ်မှု တွေကို ကမ္ဘာကို ချပြမယ်။ ကမ္ဘာက လက်ခံပြီးတော့မှ နိုင်ငံတကာ ဖိအားတွေ လျော့မယ်ဆိုတဲ့ အမြင်ရှိတယ်။ မှားခြင်း၊ မှန်ခြင်းကို ကျွန်တော်တို့ မပြောဘူး။ ဒါက လက်ရှိအာဏာရပါတီရဲ့အမြင်ပဲ။ လက်ရှိ အစိုးရရဲ့ အမြင်ပဲ။ သို့သော် ရလဒ် ထွက်လာတဲ့အခါကျရင် ဘယ်ရှုထောင့် က၊ ဘယ်အမြင်က မှန်တယ်ဆိုတာကို အဲဒီအချိန်ကတည်းက ကျွန်တော်တို့ ပြော ခဲ့ကြတယ်။ ကျွန်တော်တို့ ပါတီနဲ့အတူ နိုင်ငံတော်အတွက် စိုးရိမ်ပူပန်ကြတဲ့ နိုင်ငံ ရေးပါတီတွေက ပူးပေါင်းပြီး အဲဒီအချိန် ကတည်းက ဒါက ပြည်တွင်းရေးပါ၊Local Issue ပါ၊International Issue မဟုတ်ဘူး။ နိုင်ငံတကာ ဖိအားတွေများ လာရင် ကျွန်တော်တို့ လုပ်ရကိုင်ရ ခက် လိမ့်မယ်။ တိုင်းပြည်ရဲ့ အခြေအနေ ပိုဆိုး နိုင်တယ်။ အချုပ်အခြာအာဏာ ထိပါး သွားနိုင်တယ်လို့ ကျွန်တော်တို့ပြောတယ်။ အဲဒါကို လက်မခံဘူး။ လုပ်တယ်။ ကိစ္စ မရှိဘူး။ ကျွန်တော်တို့က လက်ရှိတာဝန် ရှိပုဂ္ဂိုလ်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ တာဝန်သာ ဖြစ်တယ်။ ကဲ ဒီနေ့ ရလဒ်ထွက်ပြီ။ ကိုဖီအာနန်ရဲ့ အကြံပြုစာတွေ၊ နောက် တဖြည်းဖြည်းနဲ့ Report တွေ၊ အဖွဲ့ အစည်းပေါင်းများစွာ ဖွဲ့ပြီးတော့မှ ထွက် လာတဲ့ အစီရင်ခံစာတွေအရ ဒီနေ့ ရခိုင် ပြည်နယ် ဘာဖြစ်သွားပြီလဲ။ တစ်ချိန် တုန်းက အဖြူရောင်နယ်မြေပါဆိုတဲ့ နယ် မြေဒေသဟာ အခုတိုက်ပွဲတွေနဲ့ အညို ရောင်၊ အမည်းရောင် နယ်မြေဖြစ်နေပြီ။ အကြမ်းဖက် လုပ်ရပ်တွေနဲ့ တိုက်ပွဲတွေနဲ့ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ဒေသဟာInternational Issue တွေရဲ့ ရလဒ်က ဒီနေ့ မြေပြင်မှာ အဖြေထွက်နေပြီ။ ဒါကို ကျွန်တော်တို့က ထောက်ပြနိုင်ရမယ်။ ဒီ ကိစ္စနဲ့ပတ်သက်ပြီး သမ္မတကြီးဆီကိုပေး တဲ့ အကြံပြုစာထဲမှာလည်းပါတယ်။ ဒီ ကိစ္စကို အခြေပြုပြီးတော့မှ ကျွန်တော်တို့ ရဲ့နယ်မြေဒေသကို ကျူးကျော်ဝင်ရောက် ပြီး အခြေချနေထိုင်တဲ့ ဒီပုဂ္ဂိုလ်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေရှိတယ်။ ARSA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်တွေ ရှိတယ်။
ဒါတွေကို ကျွန်တော်တို့ထောက်ပြ တယ်။ ဒီအကြမ်းဖက်တွေရဲ့ လုပ် ရပ်ကြောင့် မိဘပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံး ရှုံးတယ်။ ဒါကို ကျွန်တော်တို့ နိုင်ငံရဲ့ တာဝန်ရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက တာဝန်အရ နယ်မြေရှင်းလင်းရေးလုပ်ရတယ်။ တရားဥပဒေစိုးမိုးရေးလုပ်ရတယ်။ အဲဒီအခါကျတော့ လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းပါတယ်။ လူမျိုး တုံးသတ်ဖြတ်ပါတယ်ဆိုတဲ့ စွပ်စွဲ ချက်တွေနဲ့ ICC တင်ဖို့ နိုင်ငံ တကာက ဖိအားပေးတယ်။ ကျွန် တော်တို့ရဲ့အချုပ်အခြာအာဏာပိုင် နိုင်ငံရဲ့အရေးအရာတွေကို ပြောင် ပြောင်တင်းတင်း ဝင်ရောက်စွက် ဖက်တယ်။ ဒါကို ကျွန်တော်တို့ သက်ဆိုင်ရာ Institution အနေနဲ့ ကျွန်တော်တို့ နိုင်ငံရေးပါတီကနေ ပြီးတော့ တစိုက်မတ်မတ် ကျွန် တော်တို့ကာကွယ်တယ်။ ဒါပေမဲ့ အဲဒီလိုတုံ့ပြန်တဲ့နေရာမှာ ဝန်ကြီး အဆင့်ဝန်ကြီးအဆင့်ချင်း။ ဥပမာ ဘင်္ဂလားဒေ့ရှ်က ဝန်ကြီးချုပ်ဆိုရင် ကမ္ဘာပတ်ပြီးတော့မှသူမှန်ကြောင်း၊ သူ့ရဲ့နိုင်ငံသားတွေရဲ့အခွင့်အရေး အတွက် ကမ္ဘာပတ်ပြီး ပြောနေတဲ့ အချိန်မှာ ကျွန်တော်တို့နိုင်ငံရဲ့ ခေါင်းဆောင်တွေ ဘာလုပ်နေ သလဲ။ ဝန်ကြီး ဝန်ကြီးအဆင့် ချင်း၊ သမ္မတ သမ္မတ အဆင့်ချင်း၊ ညွှန်ချုပ် ညွှန်ချုပ် အဆင့်ချင်း လုပ် ရမယ့်အရာကို UN မျက်နှာစာမှာ သံအမတ်ကြီး အဆင့်လောက်နဲ့ ခုခံနေတာဟာ ကျွန်တော်တို့ အတွက် ဖိအားတွေ ပိုမိုပြင်းထန် လာတယ်။ ကျွန်တော်တို့နိုင်ငံရေး ပါတီ ၂၄ ပါတီရဲ့ အိတ်ဖွင့်ပေးစာ အပေါ် အစိုးရကို ကန့်လန့်တိုက် နေတာပါ၊ ကူညီတာ မဟုတ်ပါ ဘူး၊ မိမိပါတီ အာဏာရရေး အတွက် လက်ရှိအစိုးရ အနိုင်ရ ပါတီကို ကျွန်တော်တို့က တိုက် ခိုက်နေတာပါလို့ပြောင်းပြန်ဝေဖန် စွပ်စွဲနေတာကို ကျွန်တော်တို့ လုံးဝ လက်မခံဘူး။ ပယ်ချလိုပါတယ်။ ဒီနေ့ တိုင်းပြည်ရဲ့အခြေအနေ ကို ကြည့်ပါ။ စီးပွားရေးကဏ္ဍ၊ ငြိမ်း ချမ်းရေးကဏ္ဍ၊ တရားဥပဒေစိုးမိုး ရေးကဏ္ဍ၊ အချုပ်အခြာအာဏာနဲ့ ပတ်သက်တဲ့ကဏ္ဍ၊ အမျိုးသား ယဉ်ကျေးမှုနဲ့ စရိုက်လက္ခဏာ ကဏ္ဍ ဒါတွေ အားလုံးကိုကြည့်ရင် ဗုံးတွေအားလုံးကို စနက်တံ မီးရှို့ ထားသလိုပဲ။ ဘယ်အချိန်မှာ ဘယ်ဗုံးက ထကွဲမလဲ ဆိုတာ ကြောက်နေရတဲ့ အနေအထား။ ဖြစ်လာခဲ့ရင် အစိုးရမှာ တာဝန်မရှိ ဘူး။ ဒါ သူ့ဟာသူ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုမရှိဘဲနဲ့ ဒီလို တွေဖြစ်သွားတဲ့အတွက် ဆောရီးပါ ဆိုတဲ့ ပုံစံမျိုးတော့လုပ်လို့မရဘူး။ တိုင်းပြည်ပျက်သွားလိမ့်မယ်။ ဒါ ကြောင့် ဒီဗုံးတွေမကွဲအောင် ကျွန် တော်တို့အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ဖြေရှင်းကြရ ပါမယ်။ ဓာတ်ဆီလောင်းပြီး မီးရှို့ ဖို့ ကြိုးစားလို့မရဘူးဆိုတာကို ရှင်းပြချင်ပါတယ်။ ကျေးဇူး တင် ပါတယ်။