images
UN
UN
မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲ၌ ပထမဆုရ မဆုလာဘ်ထာအားဂုဏ်ပြုပွဲတွင် ကော့မှူးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တက်ရောက်ချီးမြှင့်
မြတ်ဟိန်းကျော်(ကော့မှူး) Sunday, 09 June 2019


မြန်မာနိုင်ငံလုံးဆိုင်ရာသုတ စုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သူ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် နတ်စင်ကုန်းကျေး ရွာနေ မဆုလာဘ်ထာအား ဂုဏ်ပြု ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ကော့မှူးမြို့နယ် နတ်စင် ကုန်းစံပြကျေးရွာရှိ မင်္ဂလာစမ်း ကျောင်း ကျောင်းတိုက်အတွင်း၌ ကျင်းပခဲ့ရာ ကော့မှူးမြို့နယ် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးရွှေဘော်(ခ) ဦးဝင်းထွန်းနိုင်နှင့်မြို့နယ်ပါတီကော် မတီဝင်များ တက်ရောက်အားပေး ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ကော့မှူးမြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ဦးပညာစက္က၊ ရန်ကုန်တိုင်းဒေသကြီး ဓမ္မစကူးလ် ကော်မတီဥက္ကဋ္ဌ ဒေါက်တာအရှင် နန္ဒက၊ကိုရီးယားဆရာတော် အရှင် ဝိစိတ္တ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတ စုံလင်ဗုဒ္ဓဝင်အဖွဲ့ဥက္ကဋ္ဌ ဆရာတော် အရှင်ပဏ္ဍိဘိက္ခုစသည့်ဆရာတော် ကြီးများကဂုဏ်ပြုစကားနှင့်သြဝါဒ စကား အသီးသီးမိန့်ကြားခဲ့သည်။
ဆက်လက်၍ ပထမဆုရှင်မဆု လာဘ်ထာအား ဂုဏ်ပြုချီးမြှင့်ခြင်း အစီအစဉ်များကျင်းပခဲ့ပြီး ပထမဆု ရှင်မဆုလာဘ်ထာက ကျေးဇူးတင် စကားပြောကြားကာ လှူဒါန်းမှု အစုစုအား ရေစက်သွန်းချအမျှ ပေးဝေ၍ အခမ်းအနားကို ဗုဒ္ဓ သာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို လျက် အောင်မြင်စွာရုပ်သိမ်းခဲ့ သည်။
အဆိုပါအခမ်းအနားသို့ ကော့ မှူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေ ယျာမြတ်သူ၊ကော့မှူးမြို့နယ် လူထု ဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးကျော် ညီညီထွန်း၊ ကော့မှူးမြို့နယ် ဓမ္မ စကူးလ်မှတာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖ၊မြို့မိမြို့ဖများ၊ဖိတ်ကြားထား သော ဧည့်ပရိသတ်များ အင်အား ၃ဝဝ ခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဋ္ဌမအကြိမ်မြောက် မြန်မာ နိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓ ဝင်ပြိုင်ပွဲကို တစ်နိုင်ငံလုံးစာဖြေ ဌာန ၁၅ခုမှ ဝင်ရောက်ဖြေဆိုသူ ပြိုင်ပွဲဝင် ၅၁၈၉ ဦးရှိပြီး ၂ဝ၁၉ ခုနှစ် မေ ၂၂ ရက် နံနက်ပိုင်းတွင် အကြိုစာမေးပွဲကျင်းပကာ ဗုဒ္ဓ ဝံသဝိဿရဒ ဘွဲ့ရကျောင်းသား ကျောင်းသူ ၂၆ ဦး ရွေးချယ်ခဲ့ ကြောင်း သိရသည်။