images
UN
UN
ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂ဝ၁၅ ခုနှစ်ကတည်းက ပြင်ဆင်ရန်ဆောင်ရွက်ခဲ့ပြီးသားဖြစ်ပြီး လက်ရှိအချိန်တွင် ဘယ်အရွေ့ထိဆောင်ရွက်ထားပြီလဲဟု ပြည်ခိုင်ဖြိုးပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က မေးခွန်းထုတ်
သာလှ(ပျဉ်းမနား) Sunday, 09 June 2019

ဖက်ဒရယ်စနစ်သို့သွားရန် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂ဝ၁၅ ခုနှစ်ကတည်းကပြင်ဆင် ရန်ဆောင်ရွက်ခဲ့ပြီးသားဖြစ်ပြီး ယခုအချိန်မှ ခြေဥပြင်ရန်ဆောင် ရွက်မနေကြဘဲ ယခင်ကပြင်ဆင် ရန်ဆောင်ရွက်ထားခြင်းအပေါ် လက်ရှိအချိန်တွင် ဘယ်အရွေ့ထိ ဆောင်ရွက်ထားပြီလဲဟု ပြည်ခိုင် ဖြိုးပါတီမှပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါက်တာမောင်သင်းက မေးခွန်းထုတ် ပြောကြားလိုက် သည်။
''ဘာလို့မေးတာလဲဆိုတော့ အခုမှသူတို့က ခြေဥပြင်မယ် ခြေဥ ပြင်မယ်ပြောနေတာ။ အဲဒီလိုပြော မယ်ဆိုရင် ၂ဝ၁၅ခုနှစ် ဇူလိုင် ၂၂ ရက်ကတည်းက ပြည်ထောင်စု ဥပဒေအမှတ် ၄၅နဲ့ထုတ်ပြန်ပြီးပြီ။ အဲဒီခြေဥကိုပြင်တဲ့အထဲမှာ နောက် ဆက်တွဲဇယား(၂)ကိုပြင်ထားတာ က ၃၄ ချက်၊ နောက်ဆက်တွဲ ဇယား(၅)ကို ပြင်ထားတာက အချက် ၂ဝ၊ စုစုပေါင်း ၅၄ ချက်ရှိ တယ်။ အဲဒါတွေကို အခုမှလာပြီး ဘာတွေလုပ်တာလဲဆိုတော့နောက် ဆက်တွဲဇယား။ အဲဒါတွေကတိုင်း ဒေသကြီးအစိုးရအဖွဲ့တွေကို လုပ် ပိုင်ခွင့်တွေ ပီပီပြင်ပြင်လုပ်ခိုင်း တာ၊ ဗဟိုချုပ်ကိုင်မှုကို လျှော့ပြီး တော့ ပြင်ပေးလိုက်တာ၊ အဲဒါကို မတ်၆ရက်ကလုပ်တာ၊ ကိုယ်တင် လိုက်တာကို ပြည်ထောင်စုလွှတ် တော်က မတ် ၁၅ ရက်ကတည်း က ပယ်ချထားတာ။ ကိုယ်ပြင်တဲ့ ဥပဒေ(၄)ရပ်ကို တင်သွင်းနေတဲ့ အချိန်ဖြစ်လို့ လွှတ်တော်ပြီးမှ ကိုယ့်ကိုလာပေးသွားတာ။ အဲဒါကို ပြည်သူ့လွှတ်တော်မှာတင်ပါဆိုပြီး ပြောတဲ့အတွက်ကြောင့် ဇွန် ၅ ရက်က ပြည်သူ့လွှတ်တော်ကို တင်လိုက်ပြီ''ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက ပြောသည်။
ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးအပြီးတွင် ဒေါက်တာမောင် သင်းက ယင်းအကြောင်းအရာနှင့် စပ်လျဉ်း၍ ပြည်ထောင်စုနေ့စဉ် သတင်းစာကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိအစိုးရလက်ထက်တွင် ပြင်ဆင်ရန်ကြိုးစားနေခြင်းများ ရှိနေသကဲ့သို့ ၂ဝ၁၅ခုနှစ်ကပြင် ဆင်ရန် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာမောင်သင်း က လွှတ်တော်သို့မေးခွန်းမေးမြန်း ရန်တင်ပြခဲ့ရာ ယင်းအချိန်က မေးခွန်းအား ပယ်ချခံခဲ့ရပြီး ကြောင်း၊ ယခုလက်ရှိအချိန်မှသာ ထိုဥပဒေကိုပြင်ဆင်ရန်ဆောင်ရွက် နေကြခြင်းသာဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
''မတ် ၆ ရက်တုန်းက ပြည် ထောင်စုလွှတ်တော်ကို ပထမ အကြိမ် ပြည်သူ့လွှတ်တော်သက် တမ်းမှာတုန်းက ၂ဝ၁၅ခုနှစ် ဇူလိုင် ၂၂ရက်မှာ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၅)နဲ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေကိုပြင်ဆင်သည့် ဥပဒေဆိုတာပြဋ္ဌာန်းခဲ့တယ်။ အဲဒီ ပြဋ္ဌာန်းတဲ့ဥပဒေကို အခုသက်ဆိုင် ရာတိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်များနှင့်အစိုးရအဖွဲ့များ က လိုက်နာဆောင်ရွက်ခြင်းရှိ မရှိ သိလိုတဲ့မေးခွန်းကို ပယ်ချလိုက် တယ်''ဟု ဒေါက်တာမောင်သင်း က ဆက်လက်ပြောကြားခဲ့သည်။
ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဦးတည်သွားရောက်ရန်၊ နိုင်ငံရေး ခရီးတွင် ဗဟိုဦးစီးစနစ်လျော့ကျ ရန်၊ ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၏အခွင့်အာဏာ ပိုမိုရရှိရန် စသည့်အချက်များမှာ အဓိကကျသောအချက်ဖြစ်ပြီးယင်း အခြေအနေကို ရောက်ရှိစေရန် အတွက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ကျောင်းကုန်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၁ အားပြင်ဆင်ရန် လွှတ်တော်သို့တင်ပြခဲ့ပြီးဖြစ်သကဲ့ သို့ မြန်မာနိုင်ငံအနယ်နယ် အရပ်ရပ်တို့တွင်လည်း ပုဒ်မ ၂၆၁ ပြင်ဆင်ရေးအတွက် ထောက်ခံပွဲ များပြုလုပ်လျက်ရှိနေသည်ကိုတွေ့ ရှိရသည်။