images
UN
UN
ယခင်အစိုးရလက်ထက်က ကော်မရှင်ဆိုရင် နိုင်ငံရေးပါတီများကို ၃၇ ကြိမ်ခေါ်တွေ့တယ် တပ်မတော်အငြိမ်းစားတစ်ယောက်သမ္မတဖြစ်လာတဲ့လူတောင်မှ Democratic Mind-set နဲ့ ဒီမိုကရေစီအစဉ်အလာကိုကောင်းစေချင်တယ်
နေပြည်တော် သတင်းအဖွဲ့ Sunday, 09 June 2019

ဦးကျော်သူအောင်
အထွေထွေအတွင်းရေးမှူး
အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီ
လုံခြုံရေးနဲ့ကာကွယ်ရေးကို သမ္မတ ဆီတင်ပြတဲ့စာမှာ ကျွန်တော်တို့ ထည့် ထားပါတယ်။ အဲဒါဘာလဲဆိုတော့ ကမ္ဘာ ပေါ်မှာရှိတဲ့ နိုင်ငံတိုင်းမှာ ကာကွယ် စောင့်ရှောက်နေကြတာ တပ်မတော်ဖြစ် ပါတယ်။ နိုင်ငံတိုင်းမှာရှိတဲ့ တပ်မတော် တိုင်းဟာ တိုင်းပြည်ရဲ့အသက် အိုးအိမ် စည်းစိမ်ရယ်၊ တိုင်းပြည်အရေး၊ နိုင်ငံ သားများရဲ့ အေးချမ်းသာယာရေးကို စောင့်ရှောက်နေကြတာ ဓမ္မတာပါပဲ။ သို့သော် ကျွန်တော်တို့တိုင်းပြည်ရဲ့ နိုင်ငံ ရေးသမိုင်းကြောင်းအရ တပ်မတော်ဟာ ၁၉၆၂ မှာတစ်ကြိမ်၊ ၁၉၈၈ မှာတစ်ကြိမ် တိုင်းပြည်ရဲ့အာဏာကို ထိန်းသိမ်းစောင့် ရှောက်ခဲ့ရတဲ့ အနေအထားတွေရှိပါတယ်။ အဲဒီအပေါ်မှာ နိုင်ငံရေးသမားလို့ အမည် ခံထားတဲ့သူတွေက တပ်မတော်နဲ့ပြည်သူ ကြား၊ တပ်မတော်နဲ့ တိုင်းရင်းသားကြား၊ ဗမာလူမျိုးနဲ့တိုင်းရင်းသားကြား သွေးခွဲ ပြီးတော့၊ သပ်လျှိုပြီးတော့ အာဏာရဖို့ ကြိုးစားခဲ့တဲ့ သမိုင်းသာဓကတွေ အများ ကြီး ရှိပါတယ်။ အရင်တုန်းက စစ်အေး ကာလမှာ ရုရှားနဲ့အမေရိကန် အားပြိုင်မှု ရှိခဲ့ပါတယ်။ နောက်ပိုင်း စစ်အေးပြီးတဲ့ အခါ အမေရိကန်နဲ့ တစ်ခုတည်းသော CIA က ကြိုးကိုင်ပြီးတော့ အစိုးရ ဖြုတ်ချတဲ့လုပ်ငန်းတွေ လုပ်လာတဲ့အခါ မှာ အဲဒီလို ဒေါ်လာစား နိုင်ငံရေးသမား တွေကို တွင်တွင်ကျယ်ကျယ် လုပ်လာတဲ့ အပိုင်းတွေ ရှိလာပါတယ်။ တကယ် တော့ နိုင်ငံရေးဆိုတာ သွေးမထွက်တဲ့ စစ်ရေးပါ။ စစ်ရေးဆိုတာလည်း သွေးစွန်း တဲ့ နိုင်ငံရေးပါပဲ။ အဲဒီတော့ တိုင်းပြည်မှာ ဥပဒေအရ၊ နိုင်ငံရေးအရ တိုင်းပြည် ပြဿနာ အဖုံဖုံကို ဘယ်လိုမှ ဖြေရှင်းလို့ မရတဲ့အခါမှာ တပ်မတော်က ဝင်ရောက် စွက်ဖက်ရတာ အစဉ်အလာပါပဲ။ အခြား နိုင်ငံတွေကို ကြည့်ရင်လည်း ဒီလိုပဲ တွေ့နိုင်ပါတယ်။ မြန်မာပြည်မှာ ဘယ်လို ဖြစ်နေလဲဆိုတော့ စစ်တပ်နဲ့ စစ်အာဏာ ရှင်စနစ်၊ တပ်မတော်နဲ့ စစ်အာဏာရှင် စနစ်ကို ကွဲကွဲပြားပြား မြင်အောင်၊ သိအောင် နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမား တွေက လုပ်ပေးရပါမယ်။ တစ်နည်းအား ဖြင့်ပြောရရင် အရင်အတိုက်အခံတုန်းက တဖွဖွ ပြောနေတဲ့၊ တကယ်လက်တွေ့ မလုပ်ဆောင်တဲ့ စကားရပ်တစ်ခု ရှိပါ တယ်။ အမျိုးသား ပြန်လည်သင့်မြတ် ရေးပါ။ အဲဒီ အမျိုးသား ပြန်လည် သင့်မြတ်ရေးက ဘာလဲဆိုတော့ တပ် မတော်နဲ့ ပြည်သူကြား နားလည်မှု လွဲနေရင်၊ နားလည်ပြီး တည့်မတ်အောင် လုပ်ပေးရမှာက နိုင်ငံရေးသမားတွေရဲ့၊ လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ နိုင်ငံရေးသမားတွေမဖြစ်မနေလုပ်ဆောင် ရမယ့် တာဝန်တစ်ရပ်ဖြစ်တယ်။ ဗမာနဲ့ တိုင်းရင်းသားတွေကြားထဲမှာ ဖြစ်နေတဲ့ နားလည်မှု လွဲခဲ့တာတွေရှိတယ်။ နိုင်ငံ ရေးသမားတွေက နားလည်မှုရလာအောင် ကြိုးစားရမှာက နိုင်ငံရေးသမားတွေရဲ့ ယနေ့မျက်မှောက် အမျိုးသားနိုင်ငံရေး တာဝန်တစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ခက်တာက လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံ ရေးသမား အမည်ခံထားတဲ့၊ နိုင်ငံရေး လုပ်နေတဲ့အများစုက အနောက်အုပ်စုရဲ့ သြဇာခံပြီး၊ ဒေါ်လာစားပြီးတော့ စိတ် ဝမ်းကွဲပြားမှုအဖုံဖုံကို ဖန်တီးလုပ်ယူနေ ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က တပ်မတော်ကိုState Institution တစ် ရပ်ဖြစ်တယ်။ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာလည်း တပ်မတော် ရဲ့ အခန်းကဏ္ဍကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အာဏာအပ်နှင်းထားတဲ့ အပိုင်းတွေလည်းရှိတယ်။ ဒါဟာ ဘာလဲ ဆိုတော့ တိုင်းပြည်ရဲ့ သမိုင်းကြောင်း အခြေအနေနဲ့ မျက်မှောက် တိုင်းပြည်ကို ကာကွယ်ရမယ့် အခြေအနေအရ တပ် မတော်ကို အမျိုးသား နိုင်ငံရေးအခန်း ကဏ္ဍမှာ ဦးဆောင်မှု အခန်းကဏ္ဍဆိုတာ ကို ကျွန်တော်တို့က ပေးထားတာဖြစ်ပါ တယ်။ တကယ်တမ်းသာ နိုင်ငံရေး သမားတွေဟာ ကိုယ့်တာဝန် ကိုယ်ကျေ ပြီးတော့ အမျိုးသား ပြန်လည်သင့်မြတ် ရေးကို တကယ်တမ်းသာ ဆောင်ရွက် လာလို့ တိုင်းပြည်ဟာ အေးချမ်းတည်ငြိမ် တဲ့အခြေအနေကို ရောက်လာရင် တပ် မတော်ဟာ နေပါဆိုရင်တောင် မနေပါ ဘူး။ စစ်တန်းလျားကို ပြန်သွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ်ပြောထားတဲ့ စကား ရှိပါတယ်။Standard Army ဖြစ်ရေးပါ။ တပ်မတော်ဟာ အရင်အစိုးရနဲ့လည်း ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ လက်ရှိ အစိုးရနဲ့လည်းပူးပေါင်းဆောင်ရွက်တယ်။ လွှတ်တော်မှာလည်း ပူးပေါင်းဆောင်ရွက် တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီ ဖြစ်စဉ်မှာ တပ်မတော်ရဲ့အခန်းကဏ္ဍဟာ ကြီးမားတယ်။ သူ ပူးပေါင်းဆောင်ရွက် တယ်။ သို့သော် တပ်မတော်အပေါ် အရင်အစိုးရက ဘယ်လိုသဘောထား ရှိသလဲ။ လက်ရှိအစိုးရက ဘယ်လို သဘောထားရှိသလဲ။ တပ်မတော်ကိုICC ခုံရုံးတင်မယ်ဆိုတဲ့ ကိစ္စတွေ၊ ရခိုင် အရေးဖြစ်လာတဲ့ကိစ္စတွေမှာ သူတို့ရဲ့ တပ်မတော်အပေါ်ထားတဲ့ သဘောထား တွေကို လေ့လာသူတွေ သိရှိမှာဖြစ်ပါ တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က နိုင်ငံတော်သမ္မတကို အကြံပြုတဲ့အခါမှာ တိုင်းပြည်အင်အားဟာ တိုင်းပြည်အတွင်း မှာပဲရှိတယ်။ အစိုးရရယ်၊ တပ်မတော် ရယ်၊
ပြည်သူရယ်၊ နိုင်ငံရေး ပါတီတွေ ရယ်၊ တိုင်းပြည်ရဲ့ နား၊ မျက်စိ ဖြစ်တဲ့ မီဒီယာတွေရယ် မကွဲပြားဘဲ ဒီအင်အား စုကြီးတစ်ရပ်က စုစုစည်းစည်း ညီညီ ညွတ်ညွတ်နဲ့ တိုင်းပြည်ကို တွန်းတင်ရင် တောင်ကိုရီးယားလို၊တရုတ်(တိုင်ပေ)လို၊ စင်ကာပူလို၊ ဟောင်ကောင်လို အာရှကျား ဖြစ်လာမှာပါ။ အဲလိုမဟုတ်ဘဲနဲ့ ဒီ အတိုင်း လေနဲ့တော့ စင်ကာပူကိုကျော်လို့ မရဘူးလို့ ကျွန်တော် ပြောချင်ပါတယ်။
နောက်တစ်ချက် အမျိုးကိုချစ်သော ဝံသာနုစိတ်ဓာတ်ဆိုပြီး နိုင်ငံတော်သမ္မတ ကိုပေးတဲ့စာမှာ ကျွန်တော်တို့ထည့်ထား ပါတယ်။ ကိုယ့်လူမျိုး၊ ကိုယ့်အမျိုးကို ချစ်တယ်ဆိုတာ တခြားလူမျိုးကို မုန်းဖို့ ပြောနေတာမဟုတ်ပါဘူး။ကိုယ့်လူမျိုးကို ချစ်တယ်ဆိုတာ ဘာလဲဆိုတော့ ကိုယ့်လူ မျိုးကြီးပွားအောင်၊ တိုးတက်အောင်၊ စည် ပင်အောင်၊ တည်တံ့အောင်၊ ကိုယ့်တိုင်း ပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာနဲ့ ကမ္ဘာ့ အလယ်မှာ တင့်တင့်တယ်တယ်နဲ့ နေနိုင် အောင် ကြိုးပမ်းရမယ်ဆိုတဲ့စိတ်ဓာတ်၊ ဝံသာနုရက္ခိတစိတ်ဓာတ်ကိုခေါ်ပါတယ်။ သို့သော် လက်ရှိအာဏာရ အစိုးရလက် ထက် အာဏာရပ်ဝန်းထဲကလူတွေ ပြော တယ်။ ဇာတိမာန်သီချင်း မလိုတော့ဘူး။ သတင်းစာထဲမှာဆိုရင်လည်း ဗုဒ္ဓရဲ့ဓမ္မပဒ စာပိုဒ်တွေ ဖြုတ်ချတယ်။ မြန်မာပြည်ကို ဘာနဲ့ စုစည်းထားလဲဆိုတော့ ဗုဒ္ဓ သာသနာ ယဉ်ကျေးမှုနဲ့ စုစည်းထားတာ။ တရုတ်ပြည်မှာဆိုရင် ကွန်ဖြူးရှပ် ယဉ် ကျေးမှုနဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အုပ် ချုပ်ရေးကို ကိုင်ထားတယ်။ လူတွေကို စုစည်းတာက ကွန်ဖြူးရှပ် အတွေးအခေါ် နဲ့ စုစည်းထားတယ်။ ကွန်ဖြူရှပ် အတွေး အခေါ်နဲ့ စုစည်းထားတဲ့ လူထုတွေရဲ့ အင်အားစုကို ကွန်မြူနစ်ပါတီနဲ့ မောင်း နှင်တဲ့အခါမှာ တရုတ်ပြည်ဟာ စီးပွားရေး အင်အားကောင်းလာပြီး ကမ္ဘာမှာ Second Largest Economic In The World ဖြစ်လာတယ်။ ဟုတ်ပြီ ဒါဆို မြန်မာပြည်ကို စုစည်းထားတာ ဘာလဲ။ မြန်မာပြည်ကို စုစည်းထားတာ မြန်မာ ပြည်ကို ဗုဒ္ဓသာသနာ၊ ဗုဒ္ဓယဉ်ကျေးမှုနဲ့ လူ့အဖွဲ့အစည်းကို စုစည်းထားတာ။ ဓမ္မ ပဒကိုဖြုတ်တာတို့၊ ဇာတိမာန်သီချင်း မဆိုရဘူးတို့ ဆိုတာတွေ၊ ပြီးတော့ ပြည် ထောင်စုသား တိုင်းရင်းသားသီချင်းဆိုတဲ့ အခါမှာ ဘူခါ(မွတ်စလင် အမျိုးသမီး ခေါင်းဆောင်း) ခြုံထားတဲ့ ကလေးတစ် ယောက်ကိုထည့်ထားတာ ဓာတ်ပုံထဲမှာ တွေ့ရတယ်။ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်း ရင်းသား မဟုတ်တဲ့ လူမျိုးတစ်မျိုးကို ထည့်ပြီးတော့ ဒါ ဘာလုပ်တာလဲ။ ဒါကIntentionally လုပ်နေတာလား။ မြန်မာ ပြည်ကြီးရဲ့ စုစည်းထားတဲ့ အင်အားစု တွေကို အမြစ်ကနေ တူးဖြိုပြီးတော့ ဖျက်ဆီးနေသလို ကျွန်တော် မြင်တယ်။ ဒါဟာ သေချာကြည့်မယ်ဆိုရင် လက်ရှိ ခံစားနေရတဲ့ ဒုက္ခတွေအားလုံးရဲ့ အကျိုး ဆက်က အဲဒီအကြောင်းကြောင့်ဖြစ်တဲ့ အကျိုးဆက်ပဲ။ ဒါကို ကျွန်တော်တို့က နိုင်ငံတော် သမ္မတကို အိတ်ဖွင့်ပေးစာ ပေးတဲ့အခါမှာ ထည့်ပြတယ်။ ဝံသာနု ရက္ခိတ တရားလိုတယ်လို့ ထောက်ပြ တယ်။ ဒါဟာ ဘာလဲဆိုတော့ အမေ ရိကန်လိုလူမျိုးမရှိတဲ့ တိုင်းပြည်မှာတောင် မျိုးချစ်ဝါဒရှိတယ်။ ကပ္ပလီတွေ ဖမ်းလာ တယ်။ အင်္ဂလိပ်တွေကို တော်လှန်တယ်။ လူမျိုးမရှိဘူး။ အဲဒီလိုလူမျိုးမရှိတဲ့ တိုင်း ပြည်မှာတောင်မှ မျိုးချစ်ဝါဒ ရှိတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးက နှစ်ပေါင်း ၁ဝဝဝ လောက် ကိုယ့်မင်းကိုယ့်ချင်း ကိုယ့်လူမျိုးနဲ့ တည်တံ့လာတဲ့ လူမျိုးက ဘာဖြစ်လို့ ကိုယ့်လူမျိုးကိုယ်မချစ်ရ မှာလဲ။ဒါကြောင့် ဒါကို ထည့်ထားတယ်။
နောက်တစ်ချက်က အာဏာရ အုပ် ချုပ်သူ အဝန်းအဝိုင်းကြားထဲက White Man လူဖြူဆိုရင် အထင်ကြီးတယ်။ လူဖြူတွေနဲ့အိမ်ထောင်ပြုခြင်းဟာ ဂုဏ် တစ်ရပ်လို့သူတို့ထဲမှာကျင့်သုံးလာတယ်။ အဲလိုကျင့်သုံးလာတာဟာ မျိုးစေ့ချသလို ဖြစ်လာခဲ့ရင်...။ ကျွန်တော်တို့ တိုင်း ပြည်ဟာ တိုင်းပြည်ဧရိယာ အကျယ်ကြီး နဲ့ လူဦးရေသန်း ၅ဝ နည်းနည်းလေးပဲ ရှိတယ်။ တစ်ဖက်က အိန္ဒိယက သန်း ၁ဝဝဝ ကျော်တယ်၊ တရုတ်က သန်း ၁ဝဝဝ ကျော်တယ်။ ဒါကြောင့် ဒီစုစည်း ထားတဲ့ ယဉ်ကျေးမှုတွေ၊ သာသနာတွေ ပျောက်ကွယ်သွားခဲ့ရင် ကျွန်တော်တို့ လူမျိုး ပျောက်သွားနိုင်တယ်။ မပျောက် သွားဘူးလို့မပြောနဲ့။
သမိုင်းကို ပြန်ကြည့် ရင် လူမျိုးပျောက်သွားတယ်၊ နိုင်ငံပါ ပျောက်သွားတဲ့အဖြစ်အပျက်တွေ ဒုနဲ့ ဒေးပဲ။ သာဓကတွေ အများကြီးရှိတယ်။ သမိုင်းကို ပြန်လေ့လာကြည့်ရင် သိမယ်။ ပြန်လေ့လာကြည့်။ ဒါကြောင့်မို့လို့ ကျွန် တော်တို့က ထည့်ထားတာဖြစ်တယ်။
နောက်တစ်ခုက သမ္မတရုံးရဲ့ ပြော ရေးဆိုခွင့်ရ ဦးဇော်ဌေးပြောတဲ့ ကိစ္စ။ ပါတီတွေ ပူးပေါင်းဆောင်ရွက်စေချင်ပါ တယ်ဆိုတော့ ပါးစပ်က ဘုရားလို့ ပြော ပြီး လက်က ကားယားဖြစ်နေတယ်လို့ ကျွန်တော်တို့ ခံစားရတယ်။ ဘာဖြစ် လို့လဲဆိုတော့ ကျွန်တော်တို့က သမ္မတကို တွေ့ဖို့ပြောတယ်။ ကော်မရှင်ကို တွေ့ဖို့ လည်းပြောတယ်။ အဲဒီတော့ ပူးပေါင်း ဆောင်ရွက်စေချင်တဲ့လူတွေက တံတား တွေမထိုးထားဘဲနဲ့ တံတိုင်းတွေကာထား ပြီးမှ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်လို့ ပြောနေတာဟာ တော်တော် ရယ်ရဖွယ် ဖြစ်ပါတယ်။ ပြန်ကြည့်ရင် ယခင်အစိုးရ လက်ထက်က ကော်မရှင်ဆိုရင် နိုင်ငံရေး ပါတီများကို (၃၇)ကြိမ်ခေါ် တွေ့တယ်။အဲဒီမှာ သမ္မတကိုယ်တိုင်တွေ့တဲ့အကြိမ် တွေလည်းရှိတယ်။ တပ်မတော်အငြိမ်း စားတစ်ယောက် သမ္မတဖြစ်လာတဲ့ လူတောင်မှDemocratic Mind-set နဲ့ ဒီမိုကရေစီအစဉ်အလာကို ကောင်း စေ ချင်တယ်။ နိုင်ငံရေးပါတီများသည် ဒီမိုကရေစီမှာ Political Institution
ဖြစ်တယ်။ တန်ဖိုးထားရမယ်လို့ နား လည်တယ်။ ကိုယ်တိုင် နိုင်ငံရေးပါတီ ထူထောင်ပြီးတော့ အရပ်သားစစ်စစ် အစိုးရကျတော့မှ နိုင်ငံရေးပါတီတွေကို ဖယ်ထုတ်တယ်ဆိုတာက ဘာလဲ။ လက် မခံဘူး။ မတွေ့ဆုံနိုင်ဘူးဆိုတာ ဘာလဲ။ NCA မှာလည်း ဒီလိုပဲ လုပ်တယ်။ ဦးသိန်းစိန် အစိုးရလက်ထက်တုန်းက ပါတီတွေကို ဘယ်လို ဖိတ်မလဲဆိုပြီး အစည်းအဝေးထိုင်တဲ့ အခါမှာ ရှုံးတဲ့ ပါတီဖြစ်စေ၊ နိုင်တဲ့ပါတီဖြစ်စေ ရွေး ကောက်ပွဲနဲ့ မဆိုင်ဘူး။ ပထမအကြိမ် ငြိမ်းချမ်းရေး ညီလာခံမှာ တစ်ပါတီကို တစ်ယောက်အနေနဲ့ ဖိတ်ခဲ့ပါတယ်။ အား လုံးကို All-Inclusive ဆိုတာကို ဦးသိန်း စိန်က မပြောဘဲနဲ့ လက်တွေ့အကောင် အထည်ဖော်ခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ ဒေါ်အောင် ဆန်းစုကြည်နဲ့ ကျွန်တော် ပြည်ထောင်စု နေ့မှာတွေ့တယ်။ လာနှုတ်ဆက်တော့ ကျွန်တော်က နိုင်ငံရေးပါတီများ အခန်း ကဏ္ဍကို ပြောတဲ့အခါမှာ ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်ပြီးတော့ အားလုံး ပါဝင်ရမှာပါလို့ ပြောတယ်။ ဒါပေမဲ့ အဲဒီအချိန်ကစပြီး ဒီနေ့အထိ မဖိတ် ပါဘူး။ အနိုင်ရပါတီကို ဖိတ်ပြီးတော့ ကျန်တဲ့ပါတီကို မဖိတ်ပါဘူး။ တကယ် တော့ NCA စာချုပ်ရဲ့ အပိုဒ်(၂၂ က)မှာ တရားဝင်နိုင်ငံရေးပါတီများ အစုအဖွဲ့လို့ ရေးထားပါတယ်။ သူရဲ့ Test ကိုက တရားဝင် နိုင်ငံရေးပါတီများ အစုအဖွဲ့ ဖြစ်တယ်။ အနိုင်ရပါတီလို့ ရေးထားတာ မဟုတ်ပါဘူး။ အဲဒီတော့ အနိုင်ရပါတီ ကိုပဲ ရွေးပြီးဖိတ်တဲ့ ကိစ္စဟာ NCAကို ချိုးဖောက်နေတာဖြစ်တယ်လို့ ဒီနေရာ ကနေ ပြောချင်တယ်။ နိုင်ငံရေးပါတီ ရွေးကောက်ပွဲသည် ငါးနှစ်တစ်ကြိမ် သွားတာ။ ငြိမ်းချမ်းရေးဖြစ်စဉ် Peace Process က ရှည်တယ်။ အဲဒီတော့ သမိုင်းဖြစ်စဉ်အရ ရှည်ပြီးတော့ လူ့သက် တမ်းက တိုတယ်။ ဒါကြောင့်မို့လို့ အစိုးရ သက်တမ်း တိုတိုလေးနဲ့ ငြိမ်းချမ်းရေးက မရနိုင်ဘူး။ ဒါကြောင့်မို့ နိုင်ငံရေးပါတီ များရဲ့ အခန်းကဏ္ဍက ကြီးတယ်ဆိုတာ ဒီ ဒီမိုကရေစီစနစ်သာ တကယ်ရှိရင် နိုင်ငံ ရေးပါတီတွေကိုကြိုဆိုရမှာဖြစ်ပါတယ်။
နောက်တစ်ချက်က နိုင်ငံတကာ ဖိအားတွေလျော့သွားအောင် နိုင်ငံရေး ပါတီတွေက လုပ်ပေးပါဆိုတော့ နိုင်ငံ ခြားရေးဝန်ကြီး ဘာလုပ်နေလဲလို့ ကျွန် တော်က မေးချင်တာ။ နိုင်ငံခြားရေး ဝန်ကြီးရဲ့တာဝန်က နိုင်ငံတကာရဲ့ ဖိအား တွေ၊ နိုင်ငံတကာရဲ့ အထင်လွဲမှုတွေကို ဖြေရှင်းဖို့က သူ့ရဲ့တာဝန် ဖြစ်တယ်။ နိုင်ငံရေးပါတီတွေရဲ့ တာဝန်မဟုတ်ဘူး။ သို့သော် နိုင်ငံရေးပါတီတွေမှာ ပါတီကြီး ဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌလို နိုင်ငံ ခြားခရီးစဉ် သွားတဲ့အခါမှာ သူတို့ စွမ်းသလောက် ပြောတယ်။ အာဏာ မရသေးသော်လည်း သူတို့ အတိုက်အခံ လို မပြောဘူး။ ဖျက်လိုဖျက်ဆီး မပြော ဘူး။ အပြုသဘောဆောင်ပြီး သူတို့ ပြော တယ်။ ဒါ နမူနာတစ်ရပ် ဖြစ်တယ်။ အဲဒီတော့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တာဝန်ကို ဘာဖြစ်လို့ နိုင်ငံရေးပါတီများ ရဲ့ တာဝန်အဖြစ်လွှဲချရတာတုံး။ နောက် တစ်ချက်က နိုင်ငံတကာပုံရိပ် ကျဆင်း တယ်တဲ့။ နိုင်ငံတကာပုံရိပ် ကျဆင်းတာ ကလည်း တည်ဆဲအစိုးရရဲ့Performance စွမ်းဆောင်ရည် Capacity သူ့ Capacity ညံ့လို့ နိုင်ငံတကာမှာ ပုံရိပ် ကျတာ။