images
UN
UN
မြိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေထိန်းနံရံများပြိုကျပြီး ပိတ်ဆို့နေသည့်လမ်းအားဖယ်ရှားပေးရန်လိုအပ်
ဒေသခံ Monday, 10 June 2019
တနင်္သာရီတိုင်းဒေသကြီးမြိတ် မြို့တွင် ယခုလ ၉ ရက်က မိုး သည်းထန်စွာရွာသွန်းမှုကြောင့် မြိတ်မြို့ အလယ်ကျွန်းနှင့် ကန် ခေါင်းနယ်မြေအစပ် ပန်စရာရပ် အေးရိပ်သာလမ်းနံဘေးရှိ မြို့မ ဘုန်းတော်ကြီးကျောင်းဘက်မှမြေ ထိန်းနံရံများသည်အများ ပြည်သူ များသွားလာနေသည့်ကွန်ကရစ် လမ်းမပေါ်သို့ပြိုကျ၍ လမ်းပိတ် ဆို့နေလျက်ရှိကြောင်း သိရသည်။
ထိုသို့ မိုးသည်းထန်စွာရွာ သွန်း၍ မြေထိန်းနံရံများပြိုကျပြီး အများပြည်သူများသွားလာနေ သည့် ကွန်ကရစ်လမ်းပိတ်ဆို့နေမှု အပေါ် ပြည်သူများသွားလာမှု အဆင်ပြေချောမွေ့စေရန်အတွက် တာဝန်ရှိသူများက တာဝန်သိစွာ အမြန်ဆုံးဖယ်ရှားပေးရန်လိုအပ် ပါကြောင်း ယင်းပတ်ဝန်းကျင်ရှိ ပြည်သူများထံမှ သိရသည်။