images
UN
UN
သဘာဝဘေးအန္တရာယ်အကြောင်းသိကောင်းစရာ စာအုပ်စာစောင်ပြပွဲကျင်းပ
ကေခိုင်စိုး Monday, 10 June 2019
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ပြည်ကြီးမဏ္ဍိုင် မြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ယနေ့နံနက် ၁ဝနာရီက သဘာဝ ဘေးအန္တရာယ်အကြောင်းသိကောင်းစရာ စာအုပ်စာစောင်ပြပွဲကို ကျင်းပခဲ့သည်။
အဆိုပါ ပြည်သူ့စာကြည့်တိုက်တွင် သဘာဝဘေးဆိုင်ရာ ရေဘေး၊ လေဘေး၊မီးဘေး၊ ငလျင်ဘေး၊မြေပြိုခြင်း၊မုန်တိုင်း၊မိုးကြိုး အန္တရာယ်များနှင့်ပတ်သက်သည့် အသိပညာပေးစာအုပ်များနှင့် သုတ၊ရသစာအုပ်စာစောင်များကိုခင်းကျင်းပြသခဲ့ပြီး စာပေဝါသနာ ရှင်ပြည်သူများလာရောက်လေ့လာကြည်ရှု့ခဲ့ကြောင်း သိရသည်။