images
UN
UN
ကိုကင်းမူးယစ်ဆေးမစွဲလမ်းစေသည့် ကာကွယ်ဆေး ဘရာဇီးတွင်စမ်းသပ်
KK(IR) Monday, 10 June 2019
ဘရာဇီးနိုင်ငံမှ သုတေသီများသည် ကိုကင်းစွဲလမ်းမှုမဖြစ်စေ သည့် ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေလျက်ရှိပြီး တိရစ္ဆာန်များ၌ စမ်းသပ်မှုကိုစတင်လုပ် ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ကိုကင်းစွဲလမ်းမှုကာကွယ်ဆေးကို လွန်ခဲ့သည့် နှစ်နှစ် ကျော်ကတည်းက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း ယင်းသုတေသနအဖွဲ့ခေါင်းဆောင်က ပြောကြားခဲ့သည်။ ကိုကင်းသက်ရောက်မှုကို တန်ပြန်နိုင်သည့် ခန္ဓာကိုယ်ခုခံအားစနစ် ၏ ပဋိဇီဝပစ္စည်းများကို ထုတ်လုပ်မှုတိုးမြင့်စေသော မော်လီကျူး တစ်မျိုးကို ဖန်တီးစမ်းသပ်နေခြင်းဖြစ်ကြောင်းFederal University of Minas Gerais \ Organic Chemistry ဌာနမှ ပါမောက္ခ အန်ဂျလိုဒီဖတ်တမာကပြောကြားခဲ့သည်။ အဆိုပါပဋိဇီဝပစ္စည်းများ က ကိုကင်းဓာတ်ကို ဦးနှောက်သို့မရောက်စေရန် ထိန်းချုပ်တားမြစ် ထားပြီး မူးယစ်ဆေးသုံးစွဲမှုအပေါ် နှစ်သက်ခုံမင်မှုကို လျှော့ချပေးနိုင် မည်ဖြစ်သည်ဟုလည်း အန်ဂျလိုဒီဖတ်တမာက ပြောကြားခဲ့သည်။
ကိုကင်းစွဲလမ်းမှုကာကွယ်ဆေးထုတ်လုပ်ရန် အလားတူသုတေ သနကို အမေရိကန်နိုင်ငံတွင် ပြုလုပ်ခဲ့ဖူးသော်လည်း ယခု ဘရာဇီး တွင်ပြုလုပ်နေသည့် သုတေသနနှင့် ကွဲပြားခြားနားကြောင်းလည်း သုတေသီများကဖော်ပြခဲ့သည်။ ဘရာဇီးသုတေသီများ ဖန်တီးထား သည့် မော်လီကျူးက အမေရိကန်သုတေသနမှ ဖန်တီးခဲ့သည့် မော်လီကျူးနှင့်မတူညီကြောင်းသိရှိရသည်။ ကုလသမဂ္ဂ၏ မူးယစ် ဆေးဝါးနှင့် မှုခင်းအဖွဲ့အစည်း၏အဆိုအရ ဘရာဇီးတွင် ကိုကင်း သုံးစွဲနေမှုသည် တစ်ကမ္ဘာလုံး၏ပျမ်းမျှသုံးစွဲမှုထက် လေးဆပိုများ ကြောင်း သိရသည်။
Ref: Xinhua