images
UN
UN
တူရကီနယ်စပ်ရှိ ဆီးရီးယားဒုက္ခသည်များ အခက်ကြုံ
Monday, 10 June 2019
တူရကီနှင့်ထိစပ်နေသောနယ်စပ်ဒေသ များတွင် နေထိုင်လျက်ရှိသော ဆီးရီးယား ဒုက္ခသည်များသည် တိုက်ပွဲများဖြစ်ပွား လာခြင်းကြောင့် အခက်အခဲများကြုံတွေ့ လျက်ရှိကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။
ရုရှားနှင့်တူရကီက ကျောထောက် နောက်ခံပေးထားသော အဖွဲ့များနှင့်အခြား ခွဲထွက်ရေးအဖွဲ့များကြားတွင် တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် ဆီးရီးယားဒုက္ခ သည်များသည် ယာယီခိုလှုံရေးစခန်းများ တွင် ဆက်လက်နေထိုင်ရန် မလွယ်ကူသော အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ် သည်။ ဆီးရီးယားဒုက္ခသည်များသည် ဆီးရီးယားနိုင်ငံအတွင်းပိုင်းသို့ ဝင်ရောက် နေထိုင်ရန် မလွယ်ကူသည့်အပြင် တူရကီ နိုင်ငံကလည်း နိုင်ငံအတွင်းသို့ ဖြတ်ကျော် ဝင်ရောက်ခွင့်ပေးခြင်းမရှိသောကြောင့် ဒုက္ခ သည်များသည် တိုက်ပွဲများအတွင်း၌ ကြားညပ်သကဲ့သို့ဖြစ်လျက်ရှိသည်။
NG(Ref; Reuters)