images
UN
UN
အီရန်နှင့်ဆက်ဆံရေးအဆင်မပြေဖြစ်လာခြင်းများကို နိုင်ငံတကာအဏုမြူအေဂျင်စီစိုးရိမ်
Monday, 10 June 2019
နိုင်ငံတကာအဏုမြူအေဂျင်စီဒါရိုက်တာယူကီယာအေမာနိုက အီရန် နှင့်အမေရိကန်ကြားတွင် ဖြစ်ပေါ်လျက်ရှိသော ဆက်ဆံရေးတင်းမာမှု များကြောင့် အီရန်၏ နျူကလီးယားအစီအစဉ်များ ပြန်လည်စတင်လာ မည်ကို စိုးရိမ်ကြောင်းပြောသည်။
အီရန်နှင့်အမေရိကန်ကြားတွင် ဆက်ဆံရေးတင်းမာမှုများ တိုးပွားနေ သည့်အပြင် နှစ်ဖက်စလုံးက စစ်အင်အားပြင်ဆင်မှုများပါ ပြုလုပ်လျက် ရှိသည်။ အမေရိကန်က အရေးယူပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်ခဲ့ပြီးနောက် တွင် အီရန်ခေါင်းဆောင်အယာတိုလာခါမေနီက နျူကလီးယားအစီအစဉ် များအား ပြန်လည်စတင်ရန်အတွက် ယူရေနီယံသန့်စင်သည့်စက်ရုံများ ကို လည်ပတ်ရန်အသင့်ဖြစ်အောင် ပြင်ဆင်ထားစေကြောင်း ပြောကြား ခဲ့ဖူးသည်။ ယူကီယာအေမာနိုက ''အီရန်ရဲ့ နျူကလီးယားအစီအစဉ်တွေ နဲ့ပတ်သက်ပြီး စိုးရိမ်စရာကောင်းတာတွေ များလာပြီလို့ ယုံကြည်မိပါ တယ်။ အီရန်ဘက်ကသာ နျူကလီးယားအစီအစဉ်တွေကို ပြန်လည် စတင်ခဲ့မယ်ဆိုရင် အရှေ့အလယ်ပိုင်းဒေသမှာ မတည်ငြိမ်မှုတွေ ပိုပြီး များလာပါလိမ့်မယ်။ ဆီးရီးယားနဲ့ ယီမင်မှာ တည်ငြိမ်မှုရှိအောင် ကြိုးစား နေရချိန်မှာ အီရန်အတွက် စိုးရိမ်စရာဖြစ်လာမယ်ဆိုရင် ဖြေရှင်းရတာ ပိုပြီးခက်ခဲပါလိမ့်မယ်''ဟု ပြောသည်။
NG(Ref; Reuters)