images
UN
UN
နေရပ်စွန့်ခွာထွက်ပြေးလာသူများအရေးအတွက် အကူအညီတောင်းခံထားဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပြောကြား
NG Monday, 10 June 2019
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ် ဟာဆီနာက ရခိုင်ပြည်နယ်မြောက် ပိုင်းမှ ထွက်ပြေးလာသောနေရပ် စွန့်ခွာထွက်ပြေးလာသူများအရေး အတွက် အင်အားကြီးနိုင်ငံများဖြစ် သော တရုတ်၊ အိန္ဒိယနှင့်ဂျပန် နိုင်ငံများအား အကူအညီတောင်းခံ ထားကြောင်း ပြောသည်။
ရှိတ်ဟာဆီနာက ''မြန်မာ နိုင်ငံအနေနဲ့ လက်မှတ်ရေးထိုး ထားတဲ့ သဘောတူညီမှုတွေ အတိုင်း လုပ်ဆောင်ဖို့ တုံ့ဆိုင်းနေ တယ်လို့ ထင်ပါတယ်။ အဓိက ပြဿနာကလည်း နှစ်နိုင်ငံကြား မှာ ရယူထားတဲ့ သဘောတူညီမှု တွေအတိုင်း ဘင်္ဂလားဒေ့ရှ်ဘက် က လက်ခံထားတဲ့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့သူတွေကို လက်ခံဖို့ လုပ်ဆောင်တဲ့နေရာမှာ နှောင့်နှေး မှုတွေ ဖြစ်နေတဲ့ပြဿနာဖြစ်ပါ တယ်။ ဒါကြောင့် ပြန်လည်လွှဲ ပြောင်းလက်ခံရေးအစီအစဉ်ကို သဘောတူညီထားမှုတွေအတိုင်း လုပ်ဆောင်နိုင်ဖို့အတွက် တရုတ်၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတွေကို အကူ အညီတောင်းခံထားသလို လိုအပ် တဲ့အရာတွေကို ဘယ်လိုလုပ်မလဲ ဆိုတာ အဖြေရှာနိုင်ဖို့အတွက် ဆွေး နွေးမှုတွေလည်း လုပ်ဆောင်ခဲ့ပါ တယ်။ နေရပ်စွန့်ခွာထွက်ပြေး လာသူတွေကို ထားရှိတဲ့နေရာ တွေမှာ လုံခြုံရေးနဲ့ဆိုင်တဲ့ စိုးရိမ် ဖွယ်ဖြစ်စဉ်တွေ ဖြစ်ပေါ်လာ တယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူ တွေက တင်ပြလာတာကြောင့် ပြန်လည်လွှဲပြောင်းလက်ခံရေး အစီအစဉ်တွေကို ဖော်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်''ဟု ပြောသည်။