images
UN
UN
မြစိမ်းရောင်လွင်ပြင်(ကဗျာ)
Monday, 10 June 2019
* ဖြူဖြူစိမ်းစိမ်း
မြရည်လိမ်းကျံ
ခေါင်းလောင်းသံနှင့်
ပနံတင့်သည်
ကျောင်းဖွင့်သည့်လ ရောက်လေပြီ။
* ဇွန်လဆန်းဝယ်
ကျောင်းသားငယ်တို့
စံပယ်လိုပွင့်
အားမာန်ဝင့်ချီ
ကျောင်းတော်ဆီသို့
တူညီလျှောက်လှမ်းကြလေပြီ။
* သြော်...
အနာဂတ်မှာ
ပြည်မြန်မာ၏
မဟာလူသား
စွမ်းအားစင်စစ်
ရင်းမြစ်ဖြစ်ငြား
ကျောင်းတော်သားတို့
ကြိုးစားကာသာ
ပညာရှာကြ
ဆည်းပူးကြသည်
နေခြည်ဖူးသစ်ရောင်ခြည်ဖြာ
စိမ်းလန်းပါစေပြည်မြန်မာ။
ဧရာဝတီမောင်မောင်