images
UN
UN
ရေကြည်မြို့နယ်၌ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် မွေးမြူရေးပညာပေးဟောပြောပွဲကျင်းပ
အောင်သူဟန် Tuesday, 11 June 2019
ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင် ရေကြည်မြို့နယ်တွင်ကူးစက် ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် မွေးမြူရေး ပညာပေးဟောပြောပွဲ ကို ယနေ့နံနက် ၁ဝနာရီခွဲက ကြို့ကုန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရ သည်။
အဆိုပါ ဟောပြောပွဲတွင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်မိုးသူဇာက ကျေးရွာ အတွင်းရှိတိရစ္ဆာန်များ ရာသီဥတု အကူးအပြောင်းတွင် ကူးစက် ရောဂါဖြစ်ပွားမှုလျော့နည်းစေ ရန်ရည်ရွယ်၍ ကျင်းပခဲ့ကြောင်း နှင့် တိရစ္ဆာန်များတွင်ဖြစ်ပွားလေ့ ရှိသော ရောဂါများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တိရစ္ဆာန် များကို ရောဂါမဖြစ်ခင်ကြိုတင် ကာကွယ်ဆေးများထိုးရန်နှင့် စနစ်တကျထိန်းသိမ်းစောင့်ရှောက် ရန် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖတစ်ဦးက ''ယခုလို ကျွန်တော်တို့ကျေးရွာမှာလာ ရောက်ပြီး တိရစ္ဆာန်နဲ့ပတ်သက်ပြီး အသိပညာ ဗဟုသုတများကို လာ ရောက်ဟောပြောပေးတဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိပါတယ်'' ဟု ပြောခဲ့သည်။
အဆိုပါဟောပြောပွဲသို့ကျေးရွာ အတွင်းရှိကျေးရွာသူကျေးရွာသား ၄ဝ တက်ရောက်ခဲ့ကြောင်း သိရ သည်။