images
UN
UN
အနေအေးသူမို့ အွန်လိုင်းမှာ ပေါ်ပင်ဖြစ်ချင်တာမျိုးမလုပ်ဘူးဆိုတဲ့ မိုးဟေကို
ဒဂုံဝေလင်း Tuesday, 11 June 2019
မိုးရုပ်ရှင်ထုတ်လုပ်ရေးကိုလုပ် ကိုင်နေပြီး''ခိုးဆိုးလုနှိုက်'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြောင့် နာမည်ရ လာတဲ့ ထုတ်လုပ်ရေးလုပ်ကိုင်နေ သူမိုးဟေကိုအနေဖြင့် မိခင်ကြီးရဲ့ ကျန်းမာရေးကြောင့် ဝါသနာပါ တဲ့အနုပညာအလုပ်တွေကို မလုပ် ဖြစ်ဘဲ ပရိသတ်တွေနဲ့ ဝေးကွာနေရ ပေမယ့် မေတ္တာမပျက်ချစ်ပြီး အား ပေးနေတဲ့ပရိသတ်တွေကို ''မိုးက မေမေ့အနားမှာပဲနေပြီး ပြုစုနေပေ မယ့် ပရိသတ်တွေက မိုးကိုအချစ် မလျော့ကြဘူး။ မေမေ့ကိုလည်း ကျန်းမာပါစေလို့ ဆုတောင်းပေးကြ တော့အားလုံးကို ကျေးဇူးတင်ပါ တယ်။ မိုးအမေရဲ့ ကျန်းမာရေး ကြောင့် ကားရိုက်တွေနဲ့ဝေးကွာနေ ရတယ်။ မိုးလည်း အနုပညာဘက် ကို ပြန်ပြီးအချိန်ပေးချင်ပါပြီ။ ဒါ ကြောင့် အခုလက်ရှိမှာ ပရိသတ်နဲ့ အဆက်မပြတ်ရအောင်ဖိတ်ထားတဲ့ ပွဲတွေရှိရင်တော့ အမေ့ကျန်းမာရေး အခြေအနေကိုမူတည်ပြီး တက်ဖြစ် တယ်''ဟုပြောသည်။
ပရိသတ်တွေ တောင်းဆိုလို့Social NetWork မှာပုံတွေတင် ပေးဖြစ်ပေမယ့်ကိုယ်တိုင်ကOnli-ne သုံးရတာကိုဝါသနာမပါဘူးလို့ လည်း သရုပ်ဆောင်မိုးဟေကိုက ပြောပါတယ်။
''အမေရဲ့ကျန်းမာရေးကို ဂရု စိုက်နေရလို့ အနုပညာအလုပ်တွေ မလုပ်ဖြစ်ပေမယ့် ပရိသတ်တွေနဲ့ ကျတော့လည်း အဆက်အသွယ် မပြတ်ချင်ဘူး။ ပရိသတ်တွေက လည်း တောင်းဆိုတာနဲ့ပုံတွေတော့ မိုးရဲ့မန်နေဂျာတွေက တင်ပေးကြ ပါတယ်။ မိုးကိုယ်တိုင်ကျတော့ အမေကိုပြုစုနေရတဲ့အချိန်မှာ အွန် လိုင်းသုံးရတာကို မကြိုက်ပါဘူး။ အခုPage တောင်မှ ပရိသတ်တွေ ပြောလွန်းလို့ ပရိသတ်တွေအတွက် လည်း အဆက်အသွယ်မပြတ်ချင် တာနဲ့ ပြန်လုပ်ထားတာ ခြောက် လလောက်ပဲရှိဦးမယ်ထင်တယ်'' ဟုပြောသည်။
ဆွဲဆောင်မှုရှိတဲ့ မင်းသမီးတစ် ယောက်လို့ပရိသတ်တွေက သတ် မှတ်ပေးကြတာကို ကျေးဇူးတင် ပေမယ့် မိုးကတော့ တမင်ဖန်တီး ယူတာမျိုးတွေ မရှိဘူးလို့လည်း ပြောသည်။
''မိုးကိုအဲလိုသတ်မှတ်ပေးလို့ ကျေးဇူးတင်ပါတယ်။မိုးအနေနဲ့က တော့ တကူးတကကြီးဆွဲဆောင်မှု ရှိအောင် ဖန်တီးယူတာတော့မရှိပါ ဘူး။ အဲလိုလုပ်ပြီးမှကိုယ့်ကို လူသိ တာမျိုးလည်းမဖြစ်ချင်ဘူး။ တမင် လုပ်ရတာမျိုးကိုလည်းမကြိုက်ဘူး။ အစကတည်းက အနေအေးလို့ ပရိသတ်တွေအမြင်မှာတစ်မျိုးဖြစ် သွားတာနေမှာပါ''ဟု ပြောသည်။